ဒေါ်လာသန်းချီ ကြွယ်ဝတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဖုန်းစား

International News
ဒေါ်လာသန်းချီ ကြွယ်ဝတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဖုန်းစား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါ်လာသန်းချီ ကြွယ်ဝတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဖုန်းစား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒေါ်လာသန်းချီ ကြွယ်ဝတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဖုန်းစား

ဘာရာတီဂျိန်းကို ကမ္ဘာ့အချမ်းဆုံး သူဖုန်းစားအဖြစ် အိန္ဒိယမီဒီယာတွေက ဖော်ပြကြပါတယ်။ အိန္ဒိယစီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ရဲ့ လူစည်ကားရာ ဘူတာရုံမှာ နှစ်ပေါင်းများစွာ တောင်းရမ်းခဲ့သူ ဂျိန်းဟာ အိန္ဒိယရူပီးငွေ ၇.၅ ကုဋေ (အမေရိကန်ဒေါ်လာ ၁ သန်း)နီးပါး ကြွယ်ဝတယ်လို့ ခန့်မှန်းထားကြပါတယ်။ သူဟာ မွမ်ဘိုင်းမြို့မှာ ရူပီးငွေ ၁.၂ ကုဋေ တန်ကြေးရှိတဲ့ အိပ်ခန်း ၂ ခန်းပါ ကိုယ်ပိုင်အိမ်တစ်လုံး၊ တစ်လငှားရမ်းခ ရူပီး ၃၀၀၀၀ ရတဲ့ ဆိုင်ခန်း ၂ ခန်းကိုလည်း ပိုင်ဆိုင်ပါသေးတယ်။

တောင်းရမ်းစားသောက်သူ ဂျိန်းရဲ့ လစဉ်ဝင်ငွေက ရူပီး ၆၀၀၀၀ ကနေ ၇၅၀၀၀ ကြားရှိပြီး အိန္ဒိယနိုင်ငံက ဝန်ထမ်းအများစုရဲ့လစာထက် အများကြီးပိုများနေပါသေးတယ်။ အိန္ဒိယသတင်းဌာနတွေမှာ ၂၀၁၅ ခုနှစ်ကစပြီး ဂျိန်းရဲ့အကြောင်း သတင်းပါလာခဲ့တာပါ။

Economic Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျိန်းဟာ စာမတတ်ပေမဲ့ သူ့သားသမီးတွေကိုတော့ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပေးခဲ့သူပါ။ အခုအခါမှာ သားသမီးတွေ အလုပ်ကိုယ်စီ ရှိနေပြီး မပူမပန် စားသောက်နေနိုင်ပြီဖြစ်လို့ မိသားစုက သူ့ကို တောင်းရမ်းခြင်းမလုပ်ဖို့ တားမြစ်ကြပေမဲ့ ဂျိန်းကတော့ တောင်းရမ်းစားသောက်မှုကို မစွန့်လွှတ်သေးပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။