ပဲရစ်မြို့ နွေရာသီ အိုလံပစ်ပြိုင်ပွဲအတွက် စွန့်ပစ်အမှိုက်ကနေ ထိုင်ခုံ ၁၁၀၀၀ ထုတ်လုပ်

International News
ပဲရစ်မြို့ နွေရာသီ အိုလံပစ်ပြိုင်ပွဲအတွက် စွန့်ပစ်အမှိုက်ကနေ ထိုင်ခုံ ၁၁၀၀၀ ထုတ်လုပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပဲရစ်မြို့ နွေရာသီ အိုလံပစ်ပြိုင်ပွဲအတွက် စွန့်ပစ်အမှိုက်ကနေ ထိုင်ခုံ ၁၁၀၀၀ ထုတ်လုပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပဲရစ်မြို့ နွေရာသီ အိုလံပစ်ပြိုင်ပွဲအတွက် စွန့်ပစ်အမှိုက်ကနေ ထိုင်ခုံ ၁၁၀၀၀ ထုတ်လုပ်

၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပမယ့် ပဲရစ်မြို့မှာ ထိုင်ခုံ ၁၁၀၀၀ ကို စွန့်ပစ်ပလစ်စတစ်အမှိုက်တွေကနေ ပြန်လည်ထုတ်လုပ်ခဲ့ပါတယ်။ ပလတ်စတစ်ထိုင်ခုံတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ပလတ်စတစ် ကုဗတန်ချိန် ၁၀၀ အနက် ၈၀ ရာခိုင်နှုန်းကို ပဲရစ်မြို့ရဲ့ ရပ်ကွက်တစ်ခုတည်းကနေ ရရှိခဲ့တာဖြစ်ပြီး Le Pavé ဆိုတဲ့ ကုမ္ပဏီက စွန့်ပစ်ပလတ်စတစ်အမှိုက်တွေကို ထိုင်ခုံထုတ်လုပ်ပေးခဲ့တာပါ။

စွန့်ပစ်အမှိုက်ကနေ ပြန်လည်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်ထိုင်ခုံတွေကို ခရမ်းလွန်ရောင်ခြည်ကာကွယ်နိုင်မှု၊ မီးလောင်ဒဏ် ခံနိုင်မှု၊ အဆိပ်သင့်မှု ရှိ၊ မရှိ စတဲ့ စမ်းသပ်မှုအများအပြား လုပ်ခဲ့ပြီး အရက်မူးနေတဲ့ ပရိသတ်တွေကနေ ထိုင်ခုံတွေ ဆွဲဖြုတ်နိုင်တာကြောင့် ကုတ်အား ကောင်း၊ မကောင်း စမ်းသပ်မှုတွေလည်း ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

ပဲရစ်မြို့နဲ့ ပြင်သစ်အာဏာပိုင်တွေက ၂၀၂၄ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းရေး ပစ်မှတ်ထား လုပ်ဆောင်နေကြပြီး ၂၀၁၂၊ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတွေထက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တစ်ဝက်လျှော့ချနိုင်ဖို့ မျှော်မှန်းထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။