ဝက်ခြံပေါက်လို့ စိတ်ညစ်နေပြီလား

Health Knowledge
ဝက်ခြံပေါက်လို့ စိတ်ညစ်နေပြီလား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝက်ခြံပေါက်လို့ စိတ်ညစ်နေပြီလား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝက်ခြံပေါက်လို့ စိတ်ညစ်နေပြီလား

ဝက်ခြံပေါက်နေလို့ဆိုတဲ့စကားက လူတိုင်းလိုလိုနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အရေးကြီးပွဲတစ်ခုသွားဖို့ အင်္ကျီ၊ အဝတ်အစား၊ ဆံပင်၊ ဖိနပ်တွေကို စီစဉ်ထားပြီးကာမှ မျက်နှာမှာ ဝက်ခြံပေါက်နေတဲ့အတွက် စိတ်ညစ်သွားရတယ်မလား။ ရုပ်အရမ်းဆိုးတဲ့ အနီရောင်သမ်းနေ တဲ့ဝက်ခြံတွေကအခါကြီးရက်ကြီး ဆိုပေါက်တက်ကြပါတယ်။

ဝက်ခြံပေါက်တာက ကြုံတွေ့နေရတဲ့ အသားရေပြဿနာတွေထဲက တစ်ခုဖြစ်ပြီး သင့်အသားရေမှာ အဲဒီလိုဖြစ်တာက စိတ်ဖိစီးမှုနဲ့ အိပ်စက်မှုနည်းပါးခြင်း တို့ကြောင့်ဆိုတာကို နားလည်ထားဖို့ အရေးကြီးပါတယ်။ အနီရောင်သမ်းတဲ့ဝက်ခြံတွေက အသက်(၂၅)နှစ်ကျော်အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များကြပါတယ်။

အစားအစာနဲ့ ဝက်ခြံတို့ကြားက ဆက်စပ်မှု

လူတော်တော်များများက ဈေးကြီးတန်အသားရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေနဲ့ ကုသမှုတွေမှာ ရင်းနှီးမြှပ်နှံတာက သိသိသာသာကို ဝက်ခြံကင်းတဲ့ အသားရေဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဝက်ခြံလို တစ်ရှုးက တစ်နေ့တာစားသုံးတဲ့ အစားအစာတွေကြောင့် မကြာခဏ ပေါက်လာနိုင်တယ်ဆိုတာကို နားလည်ထားဖို့ အရေးကြီးပါတယ်။

သင် စားလိုက်တဲ့အရာက သင့်အသားရေအပါအဝင် ခန္ဓာကိုယ်လုပ်ဆောင်ချက် အကုန်လုံးပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှုရှိပါတယ်။ အစားအသောက်အလေ့အထနဲ့ ဝက်ခြံတွေမှာ ဆက်စပ်မှုရှိတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်တာကနေ ရှောင်ရှားချင်ရင် အောက်မှာ ဖော်ပြပေးထားတဲ့ အစားအစာ (၃) မျိုးကို မစားဖြစ်အောင် သတိထားသင့်ပါတယ်။

ကာဗွန်ဟိုက်ဒရိုတ်နဲ့ သကြားများတဲ့အစားအစာ

သင်က သကြားနဲ့ ကာဗွန်ဟိုက်ဒရိုတ်များတဲ့ အစားအစာတွေကို စားသုံးမိလားဆိုတာကို သိရဖို့အတွက် စားသုံးခြင်းအလေ့အထကို ဆန်းစစ်ကြည့်ပါ။ အဖြူရောင်ပေါင်မုန့်၊ အာလူး၊ အဖြူရောင်ဂျုံမုန့်နဲ့ ပြုလုပ်ထားတဲ့ ပါစတာ၊ ဆိုဒါတွေလို အစားအစာတွေကိုစားသုံးတာက သင့်သွေးအတွင်းက သကြားဓာတ်တွေမှာ ထိခိုက်မှုရှိနိုင်ပါတယ်။ ဒါက သင့်အသားရေကို ပိုပြီး အဆီပြန်တာနဲ့ နီမြန်းရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပြီး ဝက်ခြံပေါက်လာစေပါတယ်။

နွားနို့နဲ့ နွားနို့ကို အခြေခံထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေ

သင်က မကြာခဏ ဝက်ခြံပေါက်တတ်ရင် နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးတာကနေ ခဏရပ်ထားဖို့ အကြံပေးချင်ပါတယ်။ နွားနို့၊ ရေခဲမုန့်နဲ့ အခြားနို့ထွက်ပစ္စည်းတွေ စားသုံးတာက ဝက်ခြံပေါက်စေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ နွားနို့ကလည်း IGF-1 လို့ ခေါ်တဲ့ အင်ဆူလင်လို ဟော်မုန်းဓာတ်ကို လှုပ်ဆော်ပေးပြီး ဝက်ခြံပေါက်ခြင်းကိုပိုပြီးပြင်းထန်လာစေပါတယ်။

ဆီကြော်အစားအစာ

သင်က ဝက်ခြံပေါက်ခြင်းကို တွန်းလှန်နေရတယ်ဆိုရင် အကြော်အလှော်၊ ဆီကြော်အစားအစာတွေကို သေချာပေါက် ရှောင်ရှားရမှာဖြစ်ပါတယ်။ ပြည့်ဝအဆီနဲ့ မပြည့်ဆီကြွယ်ဝတဲ့ အစားအစာတွေက အဆီပြန်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းဓာတ်ထုတ်လုပ်မှုကို လှုပ်ဆော်ပါတယ်။ဒါကြောင့် သင့်မျက်နှာမှာ ဝက်ခြံပေါက်ပြီး မနက်ခင်းအိပ်ရာနိုးထလာရင် သင့် မနေ့က ဘာစားခဲ့လည်းဆိုတာကို ပြန်တွေးကြည့်ဖို့ အကြံပေးချင်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။