food bank တွေကို လျှို့ဝှက်လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

Celebrity International News
food bank တွေကို လျှို့ဝှက်လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ food bank တွေကို လျှို့ဝှက်လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

food bank တွေကို လျှို့ဝှက်လှူဒါန်းခဲ့တဲ့ တေလာဆွစ်ဖ်

ပရဟိတအလုပ်တွေကို စိတ်အားထက်သန်ပြီး အလှူအတန်းရက်ရောတဲ့ တေလာဆွစ်ဖ်ဟာ အမေရိကန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ food bank တွေကို လျှို့ဝှက်လှူဒါန်းမှုတွေ လုပ်ခဲ့ပါတယ်။

Eras Tour အမည်နဲ့ ကမ္ဘာတစ်ဝန်း ဖျော်ဖြေပွဲတွေလုပ်ဖို့ စီစဉ်ထားတဲ့ တေလာဆွစ်ဖ်ဟာ အမေရိကန် ဖျော်ဖြေပွဲတွေအတွင်း အခုလို လှူဒါန်းခဲ့တာပါ။ အရီဇိုးနားပြည်နယ် ဖျော်ဖြေပွဲမတိုင်ခင် Arizona Food Bank Network ကို လှူဒါန်းခဲ့သလို လက်စ်ဗီးဂတ် ဖျော်ဖြေပွဲမတိုင်ခင်မှာလည်း နီဗားဒါးပြည်နယ် တောင်ပိုင်းက Three Square food bank ကို ငွေကြေးအများအပြား လှူဒါန်းခဲ့ပါတယ်။

ဒန်ဗာမြို့မှာ ဘောလုံးကွင်းအပြည့် လက်မှတ်ကုန်အောင် အားပေးခဲ့ကြတဲ့ ဖျော်ဖြေပွဲ ၂ ပွဲ မတိုင်ခင်လည်း တေလာဆွစ်ဖ်က Food Bank of the Rockies ကို လှူဒါန်းခဲ့ပါသေးတယ်။ သူ့ရဲ့လှူဒါန်းမှုတွေအကြောင်း တေလာဆွစ်ဖ်က ထုတ်မပြောခဲ့ပေမဲ့ food bank တွေက ဒီအကြောင်း ထုတ်ဖော်ရေးသားခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။