(၄)လလောက် ဝှီးချဲပေါ်နေရတဲ့အခြေအနေကနေ တစ်လှမ်းချင်းလျှောက်နိုင်ဖို့သုညကပြန်စနေပြီဆိုတဲ့ ဖြူဖြူကျော်သိန်း(ရုပ်/သံ)

Celebrity Local News
(၄)လလောက် ဝှီးချဲပေါ်နေရတဲ့အခြေအနေကနေ တစ်လှမ်းချင်းလျှောက်နိုင်ဖို့သုညကပြန်စနေပြီဆိုတဲ့ ဖြူဖြူကျော်သိန်း(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ (၄)လလောက် ဝှီးချဲပေါ်နေရတဲ့အခြေအနေကနေ တစ်လှမ်းချင်းလျှောက်နိုင်ဖို့သုညကပြန်စနေပြီဆိုတဲ့ ဖြူဖြူကျော်သိန်း(ရုပ်/သံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

(၄)လလောက် ဝှီးချဲပေါ်နေရတဲ့အခြေအနေကနေ တစ်လှမ်းချင်းလျှောက်နိုင်ဖို့သုညကပြန်စနေပြီဆိုတဲ့ ဖြူဖြူကျော်သိန်း(ရုပ်/သံ)

အဆိုတော်ဖြူဖြူကျော်သိန်းကတော့ နိုင်ငံကျော်အဆိုတော်တယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေသိမ်းပိုက်ထားတဲ့အဆိုကျော်တယောက်ဖြစ်ပါတယ်။ မကြာသေးခင် လပိုင်းတုန်းက ဝှီးချဲနဲ့ပဲသွားလာနေရကြောင်းပရိသတ်တွေကိုအသိပေးခဲ့တာဖြစ်ပါတယ်။ အခုတခါမှာတော့ နလန်ထဖို့ လေ့ကျင့်ခန်းတွေပြန်လုပ်နေပြီဖြစ်ကြောင်း ပရိသတ်တွေကို ချပြပေးခဲ့တာဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းက”အနေအထားကတော့ ပုံပါအတိုင်းပါပဲရှင် ။ wheelchair ပေါ်ရောက်နေတာ ဧပြီလတည်းကဆိုတော့ သုံးလလောက်ရှိပြီပေါ့။


ဘာတွေလုပ်နေလဲ ဆိုတော့ သီချင်းဟောင်းလေးတွေကို တတ်သလောက် မှတ်သလောက် ထိုင်နိုင်သလောက် ဂစ် တာလေးတီး ကိုယ့်ဟာကိုယ် ဖျော်ဖြေပေါ့။ တခါတခါ လည်း ပို့စ်လေးဘာလေးတင်ပြီး အရပ်ကို ဒုက္ခပေးရတာပေါ့ ။
ဘယ်တွေသွားလဲ ဆိုတော့ တွန်းပို့ပေးတဲ့သူ တွန်းနိုင် သလောက်ပေါ့ ည ။
စိတ်ခိုင်ရဲ့လား ဆိုတော့ နည်းနည်းမှ လျော့ဖို့အစီအစဉ်မ ရှိဘူး ဆိုတဲ့အကြောင်း လာပြောတာ (မယုံရင် ဦးထုပ်ကြီး သာ တချက်ရှိုးလိုက် ။

နင်လားဟဲ့ ဖြူဖြူကျော်သိန်း..ဘဝကို သုညက စရင်စရ ပါစေဆိုပြီး ရေပေါ်ဆီဘဝကနေ ခုန်ချခဲ့တာ။


ငါလားဟဲ့ လောကဓံ တဲ့ဆို…ခါးအဆစ်ပြုတ်ပြီး လမ်းပါမ လျှောက်နိုင်တော့အောင် ပညာပြလိုက်တာ လေးလနီးပါး wheelchair ပေါ်ရောက်ပါလေရော။
အေး ဟုတ်တယ်၊ ငါဟဲ့ ဖြူဖြူကျော်သိန်း…တစ်လှမ်း ချင်းလျောက်ဖို့ သုညကနေ ပြန်လေ့ကျင့်နေပြီ။ တနေ့တ လံ ရန်ကုန် ဘယ်ရွေ့မလဲလေ
အရောက်ပြန်ခဲ့မယ့် သီချင်းစစ်သည်တော်လေး ဖြူဖြူ ကျော်သိန်း ပါနော်။
ဆင်ခြေဆင်လက်တွေဆိုတာ တကယ်မလုပ်ချင်လို့ပေး နေကြတာပါ။
If there is a will, there is always a way!” ဆိုပြီး ပရိသတ်တွေကို သူ့ရဲ့အခြေအနေကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုကြည့်ရန်-https://fb.watch/m0wewuPf_k/

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။