ပင်ပန်းနွမ်းလျတဲ့အခါ ဘယ်လိုစားသောက်နေထိုင်မလဲ

Health Knowledge
ပင်ပန်းနွမ်းလျတဲ့အခါ ဘယ်လိုစားသောက်နေထိုင်မလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပင်ပန်းနွမ်းလျတဲ့အခါ ဘယ်လိုစားသောက်နေထိုင်မလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပင်ပန်းနွမ်းလျတဲ့အခါ ဘယ်လိုစားသောက်နေထိုင်မလဲ

ပင်ပန်းနွမ်းလျသလို ခံစားနေရပါသလား။ အဲဒီလိုဖြစ်ရင် လန်းဆန်းတက်ကြွနေဖို့အတွက် ကော်ဖီများများသောက် မိတတ်ကြတယ်မလား။ ညဘက်ကို (၆) နာရီကနေ (၇) နာရီပြည့်အောင် အိပ်စက်ထားတာတောင် မလန်းဆန်းသလို ခံစားနေတယ်မလား။ တစ်ချိန်လုံး ပင်ပန်းနွမ်းလျသလိုခံစားရတာက လူတော်တော်များများ ကြုံတွေ့နေရတဲ့ အရာဖြစ်ပါတယ်။

သင့်ခန္ဓာကိုယ်တစ်ခုလုံး နာကျင်လာတယ်။ အိပ်ချင်သလိုခံစားရတယ်။ အာရုံစူးစိုက်မှု လျော့နည်းလာတယ်။ အလုပ်လုပ်ချင်စိတ်လည်း မရှိဖြစ်တတ်ပါတယ်။ လူတွေက ဒီအခြေအနေကို သူတို့နည်းလမ်းနဲ့သူတို့ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။

တချို့က လေကောင်းလေသန့်ရဖို့ အပြင်ခဏထွက်ကြသလို တချို့ကတော့ ကော်ဖီသောက်ကြပါတယ်။ တကယ်တော့ ပင်ပန်းနွမ်းလျမှုနဲ့ အစားအသောက်က ဆက်နွယ်မှုရှိပါတယ်။

အိပ်ရေးပျက်လို့ ပင်ပန်းနွမ်းလျတာက သင့်စိတ်ခံစားချက်ကို မကောင်းတဲ့သက်ရောက်မှုရှိပြီး ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေ တောင့်တမှုလည်း တိုးလာနိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းလျသလိုခံစားရရင် ဘာတွေစားသောက်ရမလဲဆိုတာကို ဒီဆောင်းပါးကနေ ပြောပြပေးချင်ပါတယ်။

အကောင်းဆုံးအစားအစာပေါင်းစပ်မှု

သင် ပင်ပန်းနွမ်းလျလာတဲ့အခါ အလိုအလျောက် ဗိုက်ဆာသလို ခံစားရနိုင်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေကို တောင့်တမိလာပါတယ်။ အဲဒီအတွက် ကာဗွန်ဟိုက်ဒရိုတ်၊ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီအနှစ်တွေပြည့်နေတဲ့ အစားအစာအနည်းငယ်ကို စားဖို့ကြိုးစားကြည့်ပါ။ ဒါက သင့်ကို စွမ်းအင်တွေညီမျှမှုရှိအောင် ထိန်းချုပ်ဖို့အတွက် ကူညီပေးသလို အားပြည့်နေသလို ခံစားရစေပါတယ်။ သင် ပင်ပန်းနွမ်းလျတဲ့အခါ သင့်ခန္ဓာကိုယ်က ဂလူးကို့ဓာတ်ကို လိုအပ်ပါတယ်။ ဂလူးကို့ပမာဏ လုံလုံလောက်လောက်မရှိဘူးဆိုရင် လုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်ပါလိမ့်မယ်။ အောက်မှာဖော်ပြပေးထားတဲ့ အစားအစာပေါင်းစပ်မှုတချို့ကို စားသုံးပေးသင့်ပါတယ်။

– ဘယ်ရီသီးနဲ့အစေ့အဆံအနည်းငယ်ပါဝင်တဲ့ အုတ်ဂျုံ (ယာဂု)

– ကြက်ဥနဲ့ ဂျုံကြမ်းပေါင်မုန့်မီးကင်

– ဟင်းသီးဟင်းရွက်အစုံသုတ်

– အယ်မွန်စေ့နဲ့ သစ်သီ

အချိုစားသုံးခြင်းမှ ရှောင်ပါ

ပင်ပန်းနွမ်းလျတဲ့အခါ အချိုများတဲ့အစားအစာတွေကို စားချင်မိကြပါတယ်။ အချိုများတဲ့အစားအစာကို စားသုံးတာက အန္တရာယ်ဖြစ်စေပါတယ်။ သကြားဓာတ်က အားအင်ပြည့်ဖြိုးသလို ခံစားရစေနိုင်ပေမယ့် ခဏတာပါပဲ။ ဒါကြောင့် သကြားစားသုံးခြင်းကနေ ရှောင်ရှားသင့်ပါတယ်။ သင့်ရဲ့ဆာလောင်မှုကို ထိန်းချုပ်လို့မရနိုင်ဘူးဆိုရင် အသီးနဲ့ အစေ့အဆံတွေကို စားသုံးလို့ရပါတယ်။

ကိုယ့်ကိုယ်ကို ရေဓာတ်ပြည့်ဝအောင်နေပါ

ကိုယ့်ကိုယ်ကို ရေဓာတ်ပြည့်ဝစေဖို့က အရေးကြီးတယ်ဆိုတာ သိကြမှာပါ။ အထူးသဖြင့် ပင်ပန်းနွမ်းလျတဲ့ အခါမျိုးမှာပါ။ ပင်ပန်းစေတဲ့ဆဲလ်တွေက လန်းဆန်းတက်ကြွနေစေဖို့ ရေဓာတ်ကို လိုအပ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပေးပါ။ သံပုရာရည်ကို သောက်သုံးလို့ရသလို ရေဓာတ်ပြည့်ဝတဲ့ ဖရဲသီး၊ သခွားသီးတွေကို ရေထဲစိမ်သောက်လို့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။