မဟာဘုတ်(၁)ကြွင်းဇာတာရှင်တို့အကြောင်း

Astrology
မဟာဘုတ်(၁)ကြွင်းဇာတာရှင်တို့အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘုတ်(၁)ကြွင်းဇာတာရှင်တို့အကြောင်းဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဟာဘုတ်(၁)ကြွင်းဇာတာရှင်တို့အကြောင်း
“(၁)ကြွင်းမွေးဖွားသော ခုနှစ်များ”

၁၃၀၃ ၁၃၁၀ ၁၃၁၇ ၁၃၂၄ ၁၃၃၁ ၁၃၃၈ ၁၃၄၅ ၁၃၅၂ ၁၃၅၉ ၁၃၆၆ ၁၃၇၃ ၁၃၈၀ ၁၃၈၇ ၁၃၉၄ ၁၄၀၁

၁။ (၁)ကြွင်းသမားတို့သည် အများအားဖြင့် ရုပ်ရည်ချောမောခြင်း ၊ သဘောကောင်းခြင်း ၊ အားနာတတ်ခြင်း ၊ သံယောဇဥ်ကြီးတတ်ခြင်း ၊ စိတ်ဆိုးစိတ်ကောက်လွယ်ခြင်း ၊ သ၀န်တိုတတ်ခြင်းတို့ရှိကြသည် ။ (၁)ဂဏန်း၏အဓိပ္ပာယ်မှာ အိုး၊ အိမ် ၊ အိမ်ထောင်၊ အုပ်စု ၊ အလုပ် ၊ ကျောင်းအစရှိသည်တို့ဖြစ်ပြီး၊ ဘင်္ဂ၏အဓိပ္ပာယ်မှာ မတည်ငြိမ်ခြင်း ၊ ပျက်စီးခြင်း ၊ ပြောင်းရွှေ့ခြင်း အစရှိသည်တို့ဖြစ်သည်။

ဘင်္ဂ၏အဓိပ္ပာယ်မှာ ပါဠိစကားဖြစ်ပြီး တိုက်ရုက်အဓိပ္ပာယ်မှာ (အပျက်) ဖြစ်သည်။ထို့ကြောင့်(၁)ကြင်း မဟာဘုတ်ခွင်တွင် ကြည့်ပါက ဘင်္ဂနေရာတွင် တနင်္ဂနွေဂြိုဟ်ရှိသည်။ ၎င်းဘင်္ဂဂြိုဟ်သည် သက်ဆိုင်ရာ မဟာဘုတ်ရှင်တို့၏ အမိ၀မ်းမှကျွတ်သည့်အချိန်မှစ၍သတ်မှတ်ရမည်။ ဘ၀တစ်ခု၏ အစကာလဖြစ်သည်။ ထို့ကြောင့်ဘင်္ဂခွင်သည် လွန်စွာအရေး ကြီးသည်။

၂။ ဘ၀၏အစသည် အပျက်နှင့်စသည် ရုပ်တရားတို့သည်(အဖြစ်) နှင့်စ၍ (အပျက်)နှင့်ဆုံးသည် ။ နာမ်တရားတို့သည် (အပျက်) နှင့်စ၍ (အဖြစ်)နှင့်ဆုံးသည်။ (၁)ကြွင်း ကျား၊မအားလုံးတို့သည် မွေးဖွားသည့် အချိန်မှစ၍ အမိ၀မ်းမှကျွတ်သည်နှင့် အိုးအိမ် ၊ အိမ်ထောင်၊ အုပ်စုပျက် စီးနေသည် ။

ထို့ကြောင့် (၁)ကြင်းနှစ်မွေးသောသူတို့သည် ငယ်ရွယ်စဉ် ကာလတွင် အမိ ၊ အဖများ ၊ အိမ်ခြေရာခြေမမြဲခြင်း(သို့) အလုပ်အကိုင် မမြဲခြင်း ၊ မိဘများ စိတ်အခန့်မသင့်၍ ကွဲကွာနေခြင်း ၊ ဆွေမျိုးအုပ်စုများနှင့် ကွဲကွာနေသောအချိန်ဖြစ်နေခြင်း။ ၎င်းကာလမျိုးတွင် မွေးဖွားလာကြသည် ။ တနင်္ဂနွေသည် အန္တောဓာတ်တွင် မီးခဲဓာတ်အပျက်နေရာတွင်ရှိသည် ။ မီးသည် အပူဓာတ်ဖြစ်ပြီး အပူကို လူတွေကြောက်ကြသည် ။

ထို့ကြောင့်(၁) ကြင်းတို့သည် မိဘညီအစ်ကိုမောင်နှင့်များ၏ချစ်ခင်မှုကို မရကြချေ ။ ကလေးဘ၀တွင် အပြင်လူများက ပို၍ချစ်ကြသည် ။ကျောင်းနေစဉ်ခဏတွင် အသိဉာဉ်မဖွံ့ဖြိုးသေးသဖြင့် အပေါင်းအသင်း ၊ မိတ်ဆွေတို့သည် လူကောင်းများဖြစ်ခဲ့သည် ။ ခံစားချက်ခြင်းတူညီသော လူဆိုး ၊ လူပေများနှင့် ပေါင်းသင်းကြသည် ။

၃။ (၁)ကြွင်းများ ခေတ်ပညာတတ်ဖြစ်သည်က နည်းသည် ။ သို့သော်လည်း မရဏဉာဉ်အားများကို ပယ်သတ်နိုင်သောသည် ခေတ်ပညာ တတ်ပါက သူမတူအောင်ထူးချွန်သည် ။ (၁)ကြွင်းမွေးဖွားသော ဇာတာရှင်များအိမ်ထောင်ပြုကြလျှင် မိမိထက်ငယ်သူ(သို့) ရွယ်တူများနှင့်ပြုကြပါက အိမ်ထောင်ရေးမတည်ငြိမ်ဘဲ အိမ်ထောင်ဆက်များကြမည် ။

မိမိထက်အသက်ကြီးသောသူနှင့် ပူးတွဲနေထိုင်သော (၁)ကြွင်းများလွန်စွာဘေးအန္တရာယ်ကြီးမားသည်(၁)ကြွင်း (ဘင်္ဂ) ဉာဉ်အားကြီးမားသောသူများသည် ငယ်စဉ်အခါတွင် လွန်စွာရည်းစားများတတ်ကြသည် ။ အုပ်စုအပျက်သဘောကြောင့်လည်း ဆွေမျိုးအုပ်စုနှင့် မတည့်ခြင်း ၊ ပူးတွဲ၍နေထိုင်လို့မရကြပေ ။

၄။ (၁)ကြွင်းအများစုသည် နေအိမ်အဆောက်အအုံများကို ပူးတွဲ၍ နေထိုင်ကြသည် ။ နေအိမ်တွင်းမှာလည်း တစ်ဦးနှင့်တစ်ဦး အတိုက်အခိုက် ၊ အပြိုင်အဆိုင်များဖြစ်နေကြသည် ။ မိမိ၏ အိမ်ထောင်ဘက်နှင့်လည်း သူမှန် ၊ ကိုယ်မှန်နှင့် တစ်ဦးနှင့်တစ်ဦးပြိုင်ဆိုင်၍ အမြဲမတည့်ကြချေ ။ အိမ်ထောင်ဖက်နှင့် မကြာခဏ ကွဲလိုက် ပေါင်းလိုက်ဖြစ်နေကြ၏ ။

ထို့ကြောင့်(၁) ကြွင်းအားလုံးတို့သည် အိမ်ထောင်ရေးတည်ငြိမ်အောင် ထိန်းသိမ်းရန်လိုသည် ။ မိမိဘ၀တွင် (ဘင်္ဂ) ကို ပျက်ပြီးသည်ဖြစ်စေ ၊ မပျက်သေးသည်ဖြစ်စေ တည်ငြိမ်အောင်ထိန်းသိမ်းနိုင်ပါက ဘ၀တွင်လွန်စွာတိုးတက်မည် ။ ဘင်္ဂကိုနိုင်လျှင် အဓိပတိကို ရရှိပါမည် ။ ငယ်စဉ်အခါတွင် ကျောင်း ခဏခဏ မပြောင်းဘဲတည်ငြိမ်မှုရှိလျှင် အဓိပတိတွင်ရှိသော ပညာတတ်မည် ။

၅။ ငယ်စဉ်အခါတွင် ရည်းစား ခဏခဏ မပြောင်းဘဲ ၊ ကျောင်းစာကိုသာ ကြိုးစားပါက အဓိပတိတွင်ရှိသော ပညာတတ်မည် ။

၆။ ဒုတိယအရွယ်တွင် ဘင်္ဂတွင်ရှိသော အိမ်ထောင်တည်ငြိမ်မှုရှိပါက အဓိပတိတွင်ရှိသော မြေပိုင် ၊ ယာပိုင်ရရှိမည် ။

၇။ အုပ်စုများနှင့် ပူးတွဲမနေပါက တိုးတက်မည် ။

၈။ (၁) ကြွင်း (ဘင်္ဂ) နေရာအပျက်ကို ဆန့်ကျင်၍ အလုပ်အကိုင်များကို မကြာခဏ မပြောင်းဘဲ တည်ငြိမ်စွာနှင့် တစ်ခု ကောင်းပြုလုပ်ပါက ကြီးပွားချမ်းသာမည် ။

၉။ သွေးသားအုပ်စုများနှင့် ပြသာနာမတက်ဘဲ ၊ ၎င်းအုပ်စုများကို တတ်နိုင်သ၍ ထောက်ပံ့ပါက ၍မိမိတွင်အုပ်စုမပျက်တော့ပါ ။ (မရဏ)ဆိုသည့်စကားမှာ ပါဠိစကားဖြစ်၍ သေဆုံးခြင်းဟု အဓိပ္ပာယ်ရပါသည် ။

မရဏဆိုသည်မှာ မွေးသည့်နေ့မှ သေဆုံးခြင်း တိုင်အောင် ရုပ်တရား ၊ နာမ်တရားအားလုံးတို့အား နှစ်မျိုးစလုံးကို မကောင်းသောလွန်စွာအကုသိုလ်ကြီးမားသော (ကိုယ် ၊ စိတ် ၊ နှုတ်) (၃)ပါးစလုံးတို့ကို ဖြစ်စေတတ်သော စေ့ဆော်မှုကြောင့်ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ နာမ်စရိုက်ဟူ၍ခေါ်သည် ။ မာရဏဆိုသည်မှာ လူသား အားလုံးတို့အား အထူးဒုက္ခပေးသောနေရာဖြစ်သည် ။

၁၀။ ပညာသင်ကြားနေစဉ် (လူ မရဏ)နှင့် လူအဆိုး အကျိုးပေးသောကြောင့် လူဆိုး ၊ သူခိုးများကို ခင်တွယ်ပေါင်းသင်းနေမိခြင်း ၊ အရက် ၊ ဖဲ၊ လောင်းကစားသမားများကို ပေါင်းသင်းမိခြင်း၊ ကျား၊ မ ပညာရေးဆုံးခန်း မတိုင်ခင် အိမ်ထောင်ကျခြင်း ၊ လူအဆိုးကြောင့် တစ်ခုလပ် ၊ မုဆိုးဖိုများနှင့် အိမ်ထောင်ကျခြင်း ၊(၁)ကြွင်းများသည် အများအားဖြင့် အိမ်ထောင်ကျပြီး အစောပိုင်းကာလအထိ ကိုယ်နေချင်သလို နေထိုင်တတ်ကြ၏။

၁၁။ (၁)ကြင်း နှစ်မျိုးရှိသည် ။ တစ်မျိုးသည်ဘာသာရေးလိုက်စားပြီး ယဉ်ကျေးသိမ်မွေ့၏ ။ နောက်တစ်မျိုးသည် ဘာသာရေးမလိုက်စားဘဲ စရိုက်ကြမ်း၏။ကျား ၊ မ အားလုံးတို့သည် မရဏဉာဉ်အားကောင်းကြပါက ငွေရလျှင်ပြီးရော စိတ်နှင့် ကောင်းမှု ၊ မကောင်းမှု ၊ မရွေးတော့ဘဲ လုပ်ကိုင်စားသောက်ကြသဖြင့် လူဆိုးလ၊ လူမိုက်များ ဖြစ်ကုန်ကြ၏ ။ မရဏဉာဉ် အားကောင်းကြပါက လုံချည်အပေါက် ၊ အဖာနှင့်၀တ်ဆင်ကြရ၏။

၁၂။ (၁)ကြွင်းများအားလုံးတို့သည် လူတစ်ယောက်နှင့်ကြာမြင့်စွာ မပေါင်းကြဘဲ ကောက်ရိုးမီးပမာခဏသာပေါင်းသင်းကြ၏ ။ မရဏခွင်တွင် (၄)ဂဏန်း ၊ ဗုဒ္ဓဟူးဂြိုဟ်ရှိသဖြင့် လူစုလူဝေးအဖွဲ့အစည်းနှင့် ပက်သက်သောလုပ်ငန်းများ လုံး၀ အကျိုးမပေးပါ ။ ရေနှင့်ပက်သက်သော သင်္ဘောသားလုပ်ငန်းများ အကျိုးမပေးပါ ။ ရေနှင့်ပက်သက်လျှင် သေသည်အထိဖြစ်ကြ၏ ။ ရေဓာတ်နှင့် လေဓာတ်မှာ မရဏကျသဖြင့် လေဖြတ်သောရောဂါဖြစ်ကြရ၏ ။ လူအဆိုးသဘောဖြစ်သောကြောင့် ရုပ်ရှင်လုပ်ငန်း ၊ အတီး ၊ အမှုတ် ၊ အကအခုန်လုပ်ငန်းများ အကျိုးပေးပါသည် ။

၁၃။အစိုးရလုပ်ငန်းများ အကျိုးမပေးပါ ။ ကျား၊မ အားလုံးတို့သည် လူအဆိုးသဘောကြောင့် ရုပ်ရည်ချောမောလှပကြ၏ ။ ရည်းစားများခြင်း ၊ အိမ်ထောင်ဆက်များခြင်း ၊ လူကိုအရင်းတည်ရသော ပြည့်တန်ဆာလုပ်ငန်းများနှင့် သိုက်တူးသောအကျင့်ရှိသူသည် မာရဏဉာဉ် အားကြီးသူများ ဖြစ်ကြ၏ ။ ၀က်သားနှင့်မတည့်ပါ ။ ရေချိုးမှား၍ ရောဂါရတတ်၏ ။

၁၄။ (၁)ကြွင်းသော မဟာဘုတ်၏ မရဏမှာ (လူ)ဖြစ်သာကြောင့် လူအများနှင့် မိမိတစ်ယောက် (အများနှင့် တစ်ယောက်) ဇာတာဖြစ်ပါသည်။(အထွန်း)ဉာဉ်ဆိုသည် မဟာဘုတ်ပိုင်ရှင်အားလုံးတို့သည် မွေးသည့်နေ့တိုင်အောင် တိုးတက်ထွန်းကားအောင် ပြုလုပ်နေကြခြင်းဖြစ်သည်။ သို့သော် လူသားအားလုံးတို့သည် အသိမဲ့၍လုပ်နည်းမမှန်သောကြောင့် မထွန်းသည့်အပြင်စိုက်သွားသည်။ အထွန်းဉာဉ်၏မူလအဓိပ္ပာယ်မှာ ထင်ပေါ်လောဘ၊ စပ်စုမှုဖြစ်သည်။ (၁)ကြွင်း၏အထွန်းခွင်တွင် (၀)ရှိသည့်အတွက်စနေ၏ပရိယာယ်မှာ ထင်ပေါ်စပ်စုပင်ဖြစ်သည်။ထို့ကြောင့် ထင်ပေါ်နှစ်ထပ် ၊ စပ်စုနှစ်ထပ် ထပ်ဖြစ်ပါသည်။

၁၅။ ဆိုလိုသည်မှာ လူသားတိုင်း မိမိ၏အထွန်းခွင်အား လောဘကြီးမားထင်ပေါ်လိုစိတ်နှင့် နေရာတကာစပ်စပ်စုစုပြုလုပ် နေကြခြင်းဖြစ်သည်။ ထွန်းအောင်လုပ်လေ ကျဆင်းလေဖြစ်သည်။ အထွန်းခွင်ကို ဥပက္ခာပြုရမည်။ မိမိ၏အထွန်းခွင်ကို ဥပက္ခာပြုနိုင်လျှင် ပို၍အောင်မြင်မည်ဟု သေချာပေါက်မှတ်ယူပါ။ အထွန်းသည် မွေးရာပါ ပင်ကိုယ် အကျိုးပေးဖြစ်သည်။ ပင်ကိုယ်အကျိုးပေးကို လုပ်ယူ၍မရပါ။

(၁)ကြွင်းအားလုံးထင်ပေါ်လိုမှုအထုပ်အထည် (စနေ) ဂဏန်း အထွန်းတွင် ရှိသည့်အတွက် လူ့လောက လူပုံအလယ်တွင် အနီးမဝေးပတ်၀န်းကျင်တွင် သူ့တစ်ကိုယ်လုံးထင်ပေါ်လိုစိတ်အမြဲရှိသည် ။

ထင်ပေါ်လိုမှု အနုသယဓာတ် ကြောင့် (၁)ကြွင်း ကျား ၊ မ အားလုံးထင်ပေါ်လိုသော စိတ်ဓာတ်ရှိသ်ည် ။ (၁)ကြင်းစနေမှာ ထင်ပေါ်လိုစိတ်တွင် အဆိုးဆုံးဖြစ်ပါသည် ။ သိုက်ဆိုသည်မှာ လွဲမှားသော ကိစ္စရပ်များကို စေ့စေ့စပ်စပ်သေသေ ချာချာ ၊ အကွက်စေ့စေ့အမှားများ ပြုလုပ်နေကြသည် (၁)ကြင်းများသည် (စိတ်)စေ့စပ်သေချာသည် ။

၁၆။ (၁) ကြွင်း၏ပုတိခွင် (ငွေ) အကြားရောက်ရှိနေသောကြောင့် ဖုံးကွယ်၍ရရှိသော ငွေကိုလွန်စွာမက်မောသည် ။ အိမ်ထောင်ရေးကိစ္စများတွင် စီးပွားတွက် ၊ တွက်၍အိမ်ထောင်ပြုသည် ။ ဆန့်ကျင်ဘက်လိင်အပေါ်တွင် ချူစား ၊ မြှောက်စားသည် ။ ဘ၀တွင် ငွေကြေးပြတ်လတ်၍ ဆင်းရဲကြခြင်းမှာ မယူသင့်သော ငွေများကို ယူမိသောကြောင့်ဖြစ်ပါသည် ။

မမှန်ကန်သော စီးပွားရေး ဖြတ်လမ်း များကိုလုပ်ဆောင်မိကြပါက လွန်စွာအန္တရာယ်ကြီးမားသည် ။ (၁)ကြွင်းမဟာဘုတ်၏ အဓိပတိနေရာတွင်(၅) ဂဏန်းပညာအတွေးအခေါ်ရောက်ရှိနေသောကြောင့် မူလအဓိပတိနေရာအကွက်ရှိ ဘ၀င်မြင့်ခြင်း ၊ မာနကြီးခြင်းတို့နှင့် ပေါင်းစပ်လိုက်ပါက…

၁၇။ (၁)ကြွင်းများသည် လူပုံအလယ်တွင် မိမိ၏အတတ်ပညာများ၊ အတွေးခေါ်များကို အသုံးချလေ့ရှိသည်။ လူအများရှေ့တွင် အရာရာကို တတ်သိလေမာန်နှင့် ခပ်တည်တည်နေလေ့ရှိသည်။ (၁) ကြွင်း မဟာဘုတ်ပိုင်ရှင်များသည် ပညာစစ် ၊ ပညာမှန်ကို တကယ်တတ်အောင် ကြိုးစားပါက ဘ၀တွင်လွန်စွာအောင်မြင်ကြ၏။

၁၈။ အဓိပတိခွင်သည် ဆန္ဒာအဓိပတိ ၊ စိတ္တာအဓိပတိ ၊ ဝီရိယာအဓိပတိ ၊ ဝီမံသာအဓိပတိဟု ဆိုအပ်သော အဓိပတိ(၄) ပါးတို့ဖြင့် မိမိ၏မယာ ဘုတ်အကြင်းစရိုက်နှင့်သက်ဆိုင်သောအဓိပတိကို ပစ္စည်းလေးပါး ကပ်၍ကြိုးစားကြပါက ဘ၀တွင်အောင်မြင်မှုများရရှိကြရမည်ဖြစ်၏။

၁၉။ နိဂုံးအနေဖြင့်ဆိုခဲ့ပြီးသော မဟာဘုတ်အကွက်များ၏အဓိပ္ပာယ်များကို သေချာစွာလေ့လာပြီး မကောင်းသော ဉာဉ်စရိုက်များကိုသိရှိကြပြီးလျှင် မိမိတို့၏အားနည်းချက် ၊ အားသာချက်များကို ပြုပြင်နေထိုင်ကြပါက ရရှိပြီးသော လူ့ဘ၀တစ်ခုတွင် အကုသိုလ်ကင်းစွာနှင့် ဘ၀ကိုနိဂုံးချုပ်နိုင်မည်ဖြစ်ကြောင်း အကြောင်းတရားများကို ကောင်းမွန်အောင် ပြုလုပ်နိုင်ကြပါက အကျိုးတရားများသည်လည်း သူ့အလိုလိုကောင်းမွန်လာ မည်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။