ဖုန်းရွှေနည်းအရ စီးပွားတက်စေမယ့် အိမ်အရပ်မျက်နှာများ အကြောင်း

Astrology
ဖုန်းရွှေနည်းအရ စီးပွားတက်စေမယ့် အိမ်အရပ်မျက်နှာများ အကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖုန်းရွှေနည်းအရ စီးပွားတက်စေမယ့် အိမ်အရပ်မျက်နှာများ အကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖုန်းရွှေနည်းအရ စီးပွားတက်စေမယ့် အိမ်အရပ်မျက်နှာများ အကြောင်း

ဖုန်းရွှေဆိုတာဟာ ကိုယ့်ရဲ့အိမ်၊ခြံ၊မြေကို ကောင်းမွန်တဲ့ စွမ်းအင်တွေယူဆောင်လာပေးပြီး မကောင်းတဲ့အရာတွေပျောက်ပျက်သွားအောင်၊ ကံပိုကောင်းလာအောင်၊ လမ်းပွင့်လာအောင် သဘာဝတရားကြိီးရဲ့အကူအညီကိုယူပြီး လုပ်ဆောင်ပေးတဲ့ တရုတ်ရိုးရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဖုန်းရွှေကို အိမ်၊ခြံ၊မြေတွေအတွက် အသုံးပြုလို့ရသလိုတစ်ကိုယ်ရည်တစ်ကာယအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းစေဖို့၊ ကံမြင့်လာစေဖို့လည်း အသုံးပြုလို့ရတဲ့နည်းလမ်းတွေရှိပါတယ်။

တောင်အရပ်ကို မျက်နှာမူတဲ့အိမ်

တရုတ်ရိုးရာ ယုံကြည်မှုတွေအရရော ဖုန်းရွှေနည်းလမ်းတွေအရပါ တောင်အရပ်ဟာ စီးပွားတိုးတက်စေပြီး လာဘ်လာဘကောင်းတဲ့ အရပ်မျက်နှာအဖြစ် လက်ခံထားကြပါတယ်။ တောင်အရပ်ကိုမျက်နှာမူတဲ့အိမ်တွေဟာ ကံကောင်းတတ်ကြပြီး လုပ်သမျှအဆင်ပြေ၊ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်တဲ့ အိမ်တွေဖြစ်တယ်လို့သိရပါတယ်။ တောင်အရပ်မျက်နှာမူတဲ့အိမ်တွေမှာဆိုရင်အိမ်ရှေ့မှာ အစိမ်းရောင်၊အပြာရောင် ပစ္စည်းတွေထားပေး​ပြီးအိမ်အဝမှာ ပန်းအိုးလေးတွေ၊ ပန်းချီကားလေးတွေနဲ့အလှဆင်ထားပေးခြင်းအားဖြင့် ကောင်းမွန်တဲ့စွမ်းအင်တွေ အိမ်ထဲကိုဝင်လာစေပါတယ်။

အရှေ့အရပ်ကို မျက်နှာမူတဲ့အိမ်

အရှေ့အရပ်ဟာ ဖုန်းရွှေရဲ့ Energy Map Bagua မှာ Zhen လို့ခေါ်တဲ့ အသစ်အသစ်တွေကို အားပေးတဲ့ နေရာနဲ့ဆက်စပ်နေပါတယ်။ Zhen ဟာ အသစ်စတင်ခြင်းတွေ၊ အသစ်ရယူခြင်းတွေကို အားပေးပါတယ်။ ဒါကြောင့်အရှေ့အရပ်ကိုမျက်နှာမူတဲ့အိမ်မှာနေထိုင်တဲ့အခါ အလုပ်အသစ်ရခြင်း၊ ကိုယ်ပိုင်အလုပ်အသစ်စတင်နိုင်ခြင်း စတဲ့ ကံကောင်းမှုတွေ ရရှိနိုင်မှာဖြစ်ပြီး မိသားစုရေးတွေလည်း ပိုမိုအဆင်ပြေချောမွေ့လာမှာဖြစ်ပါတယ်။

မြောက်အရပ်ကိုမျက်နှာမူတဲ့အိမ်

မြောက်အရပ်ဟာ Bagua Map မှာ Kan ဆိုတဲ့ တရုတ်စာလုံးရှိနေရာနေရာဖြစ်ပါတယ်။ Kan စာလုံးဟာ လူရဲ့အသက်မွေးဝမ်းကြောင်း လမ်းကြောင်းနဲ့ ဘဝမှာ ရောက်ရှိနေတဲ့နေရာ၊ ဆက်တက်သွားမယ့် နေရာတွေနဲ့ ပတ်သက်နေတာဖြစ်လို့ မြောက်အရပ်လှည့်တဲ့အိမ်တွေမှာ နေထိုင်သူတွေအဖို့ ငွေကြေးရတဲ့ လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေပြီး ဘဝမှာ ပိုကောင်းတဲ့နေရာကို ဆက်တက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။ မြောက်အရပ်လှည့်တဲ့အိမ်တွေအတွက် အိမ်ရဲ့ ရှေ့မှာ သံသတ္တုနဲ့ဆိုင်တဲ့အရာတစ်ခုခုကိုထားပေးမယ်ဆိုရင် အိမ်ထဲကို ကောင်းမွန်တဲ့စွမ်းအင်တွေ စီးဆင်းလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။

အခုပြောပြပေးသွားတာကတော့ ဖုန်းရွှေနည်းလမ်းအရ စီးပွားတက်စေမယ့် အိမ်အရပ်မျက်နှာတွေအကြောင်းပဲဖြစ်ပါတယ်။ ဖုန်းရွှေနည်းအရ အနောက်အရပ်ကိုမျက်နှာမူတဲ့အိမ်တွေဆိုရင်တော့ မိသားစုထူထောင်နိုင်တာ၊ သားသမီးရလာတာတွေဖြစ်တတ်ပြီး သားသမီးကံကောင်းတတ်တယ်လို့ သိရပါတယ်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။