အီတလီနိုင်ငံ က သမီးလေး မြမိုးဂင်္ဂါကို Video Call ခေါ်ပြီး Online ကနေ မွေးနေ့ ပွဲကျင်းပခဲ့တဲ့ အကြောင်းပြောပြလာတဲ့ ဘုဏ်းသိုက်(ရုပ်/သံ)

Celebrity Local News
အီတလီနိုင်ငံ က သမီးလေး မြမိုးဂင်္ဂါကို Video Call ခေါ်ပြီး Online ကနေ မွေးနေ့ ပွဲကျင်းပခဲ့တဲ့ အကြောင်းပြောပြလာတဲ့ ဘုဏ်းသိုက်(ရုပ်/သံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အီတလီနိုင်ငံ က သမီးလေး မြမိုးဂင်္ဂါကို Video Call ခေါ်ပြီး Online ကနေ မွေးနေ့ ပွဲကျင်းပခဲ့တဲ့ အကြောင်းပြောပြလာတဲ့ ဘုဏ်းသိုက်(ရုပ်/သံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အီတလီနိုင်ငံ က သမီးလေး မြမိုးဂင်္ဂါကို Video Call ခေါ်ပြီး Online ကနေ မွေးနေ့ ပွဲကျင်းပခဲ့တဲ့ အကြောင်းပြောပြလာတဲ့ ဘုဏ်းသိုက်(ရုပ်/သံ)

ပရိသတ်တွေချစ်တဲ့ အဆိုတော် ချမ်းချမ်း နဲ့ဘုဏ်း သိုက်တို့ အိမ်ထောင်ရေးကတော့ အဆင်မပြေမှု တွေကြောင့် နှစ်ဦးသဘောတူ ကွာရှင်းပြတ်ဆဲခဲ့ကြ ပြီး သမီးလေး မြမိုးဂင်္ဂါကတော့ ချမ်းချမ်းနဲ့အတူ နေထိုင်လျက်ရှိပါတယ် ။ တစ်ယောက်ကို တစ် ယောက် အရမ်းချစ်ခဲ့ကြတယ်ဆိုတာ ပရိသတ်တွေ အားလုံးလည်း သိခဲ့ပေမယ့် အခုလို လမ်းခွဲမှု အတွက်တော့ အားလုံးစိတ်မကောင်းဖြစ်ခဲ့ကြရတာ ပါ။

သရုပ်ဆောင်ဘုဏ်းသိုက်က သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးကို နိုင်ငံရပ်ခြားမှာ မိခင်ဖြစ်သူ အဆိုတော် ချမ်းချမ်း နဲ့နေထိုင်ဖို့ ခွင့်ပြုပေးခဲ့ရတာ နဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ဖွင့်ဟလာခဲ့ပါ တယ်။

“ကျွန်တော်ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းဆုံးဖြတ်ခဲ့ရ တဲ့ဆုံးဖြတ်ချက်ပေါ့။ ဆုံးဖြတ်လိုက်ပြီဆိုကတည်း ကလည်း သူ့အတွက်ပဲဆုံးဖြတ်တာလေ။ သမီး အတွက်ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး သမီးနဲ့ ကျွန်တော်နဲ့က အမြဲတမ်းစကားပြောဖြစ်တယ်။
သမီးဂကျွန်တော့်ကိုဖြစ်စေချင်တာတွေ၊ ကျွန်တော် သမီးကိုဖြစ်စေချင်တာတွေ၊ အဲ့ဒါတွေတောက်လျှောက် မအိပ်ခင်ညတိုင်းစကားပြောတယ်။

ကျွန်တော်ငယ်ငယ်ကတည်းက ဆယ်တန်းအောင်ပြီးခါစ အိမ်ကလူကြီးတွေ တားနေတဲ့ကြားထဲက နိုင်ငံခြားသွားမယ်၊ ပိုက်ဆံရှာမယ်ဆိုတဲ့ကာလကို ပြန်သတိရတယ်ပေါ့၊ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်သူစိမ်းတွေဆီသွားတာ။ အခုက သူကသူ့မေမေဆီသွားတာဖြစ်တဲ့အတွက် သမီးကိုစိတ်ပူ စရာမလိုဘူးပေါ့။ ဘာပဲ ပြောပြောကျွန်တော့် အတွက်ကောင်းတဲ့ဟာပေါ့။ “လို့ သရုပ်ဆောင်ဘုဏ်းသိုက်က ပြောပြပါတယ်

သမီးလေးကို အမြဲသတိရနေတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ ဘုဏ်းသိုက် ကတော့ သူ့ရဲ့မွေးနေ့လေး ဖြစ်တဲ့ ဩဂုတ်လ (၅) ရက်နေ့မှာ သူ့ရဲ့ မွေးနေ့ မှာ မိသားစု နဲ့ အတူ ညစာစားရင်း၊ အီတလီနိုင်ငံ က သမီးလေး မြမိုးဂင်္ဂါကို Video Call ခေါ်ပြီး Online ကနေ မွေးနေ့ ဆင်နွှဲခဲ့ပါတယ်။

ဗီဒီယိုကြည့်ရန်- https://fb.watch/mhpt3HlCTv/

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။