​ကောင်းကင်ယံမှာ ကြယ်​တွေ​ကြွေမည်

Local News
​ကောင်းကင်ယံမှာ ကြယ်​တွေ​ကြွေမည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့​ ကောင်းကင်ယံမှာ ကြယ်​တွေ​ကြွေမည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

​ကောင်းကင်ယံမှာ ကြယ်​တွေ​ကြွေမည်

ပါးဆီးယပ်စ် (Perseus) လို့​ခေါ်တဲ့ ကျီးတာရာမှ ကြယ်​ကြွေခြင်း (ကြယ်မိုးရွာခြင်း) ဖြစ်စဉ်ကို လာမည့် သြဂုတ်လ ၁၃ ရက်​​နေ့ မနက်ခင်းပိုင်း (၁၂ ရက်ည) မှာ အ​ကောင်းဆုံး မြင်​တွေ့ရဖို့ရှိပါတယ်။ ကြယ်​ကြွေတယ်ဆိုတာ ​ကောင်းကင်ယံက မှိတ်တုပ် မှိတ်တုပ် လင်းလက်​နေတဲ့ ကြယ်​တွေ ​ကြွေဆင်းခြင်းမဟုတ်ပါ။

အာကာသထဲမှာ လွင့်​မျော​နေကြတဲ့ ဥက္ကာခဲ အပိုင်းစ​တွေ (​ကျောက်တုံး​ကျောက်ခဲများ) ရှိတဲ့​နေရာသို့ ကမ္ဘာက ​ရောက်ရှိလာကာ အဆိုပါ ​ကျောက်ခဲများနဲ့ ကမ္ဘာ့​လေထုတို့ ပွတ်တိုက်ရာမှ ထွက်​ပေါ်လာတဲ့ အလင်းတန်းများ ဖြစ်ကြပါတယ်။ ယခုတစ်​ခေါက် ဝင်တိုက်မည့် ဥက္ကာခဲများက​တော့.. 109P% Swift-Tuttle လို့​ခေါ်တဲ့ ကြယ်တံခွန်ရဲ့ လမ်း​ကြောင်းက အမှုန်များပဲ ဖြစ်ပါတယ်။

ကျ​နော်တို့ကမ္ဘာဟာ ဒီလမ်း​ကြောင်းရှိတဲ့​​နေရာကို နှစ်စဉ် ဇူလိုင် ၁၇ မှ သြဂုတ်လ ၂၄ ရက် အကြား ဖြတ်သန်း​လေ့ရှိပြီး သြဂုတ် ၁၂ – ၁၃ က​တော့ ​ကျောက်ခဲမှုန်များနဲ့ အများဆုံး ထိ​တွေ့ချိန်ဖြစ်ပါတယ်။

ည​ကောင်းကင်မှာ အရပ်မျက်နှာကို ကြယ်တာရာများဖြင့် ​ဖော်ပြ​လေ့ရှိပါတယ်။ ယခု ကြယ်မိုးရွာသွန်းခြင်းကို မြင်​တွေ့ရမည့် ​နေရာက​တော့ ပါးဆီးယပ်စ်လို့​ခေါ်တဲ့ ကျီးတာရာမှာဖြစ်ပြီး ၁၂ ရက်​နေ့ည ၁၀ နာရီ​ကျော်​လောက်မှာ အ​ရှေ့ဘက် မိုးကုတ်စက်ဝိုင်းက​နေ စတင်​ပေါ်ထွက်လာမှာဖြစ်ပါတယ်။

ကျီးတာရာဟာ ​ဖျောက်ဆိပ်ကြယ်စု၊ ဟင်္သာတာရာတို့ အထက်နားမှာရှိလို့ ရှာ​ဖွေရလွယ်ကူပါတယ်။ မနက်အာရုံတက်ခါနီး​လေ.. ကျီးတာရာ အမြင့်သို့ ​ရောက်​လေ ဖြစ်တဲ့အတွက် မိုးလင်းခါနီး (​နေမထွက်မီ) အချိန်ဟာ အ​ကောင်းဆုံး (အများဆုံး) ​တွေ့မြင်ရမှာဖြစ်ပြီး တစ်နာရီကို ကြယ်အလုံး​ပေါင်း တစ်ရာ​ကျော် ကျဆင်းနိုင်ပါတယ်။

ဂရိဒဏ္ဍာရီ​တွေထဲမှာ​တော့ ပါးဆီးယပ်စ်ဟာ ဇုစ်ရဲ့ သား​တော်တစ်ပါးဖြစ်ပြီး အန်ဒရိုမီဒါဆိုတဲ့ မင်းသမီးတစ်ပါးကို ​ရေနဂါးကြီးလက်မှ ကယ်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ထိုသို့ ကယ်တင်နိုင်ရန်အတွက် မီဒူဆာ ဆိုတဲ့ လူတပိုင်း ​မြွေတပိုင်းကို ​ခေါင်းဖြတ်ယူပြီး ၄င်း၏မျက်လုံးဖြင့် ​ရေနဂါကြီးကို ​ကျောက်ရုပ်ဖြစ်​စေခဲ့ပါတယ်။

ဤအ​ကြောင်းကို ဂရိနတ်ဘုရားများအ​ကြောင်း ရိုက်ကူးတဲ့ ရုပ်ရှင်အ​တော်များများမှာ ​တွေ့ရနိုင်ပါတယ်။

မြန်မာနိုင်ငံမှ အဆိုပါကြယ်​ကြွေခြင်းဖြစ်စဉ်ကို အ​ရှေ့/ အ​ရှေ့​မြောက်အရပ်မှာ သြဂုတ် ၁၃ရက် အာရုံမတက်မီ အ​ကောင်းဆုံး ​တွေ့မြင်ရနိုင်ပါတယ်။ မိုးတိမ်ကင်းစင်ပြီး အ​မှောင်အား​ကောင်းဖို့လည်း လိုပါတယ်။ ဒီကြယ်​ကြွေခြင်းဟာ ထူးခြားတဲ့ ဖြစ်စဉ်များနှင့်လည်း တိုက်ဆိုင်လို့​နေတတ်ပါတယ်။

ရေးသားသူ –အာကာသနှင့် စကြဝဠာ သင်ထောက်ကူ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။