မော်အီကျွန်းပေါ်က မီးဘေးသင့်သူတွေအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမယ့် ဂျက်ဖ်ဘီဇို့စ်

Celebrity International News
မော်အီကျွန်းပေါ်က မီးဘေးသင့်သူတွေအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမယ့် ဂျက်ဖ်ဘီဇို့စ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မော်အီကျွန်းပေါ်က မီးဘေးသင့်သူတွေအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမယ့် ဂျက်ဖ်ဘီဇို့စ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မော်အီကျွန်းပေါ်က မီးဘေးသင့်သူတွေအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမယ့် ဂျက်ဖ်ဘီဇို့စ်

ဟာဝိုင်အီကျွန်းစုမှာရှိတဲ့ မော်အီကျွန်းပေါ်က မီးဘေးသင့်ပြည်သူတွေအတွက် Amazon ကုမ္ပဏီ စီအီးအို ဂျက်ဖ်ဘီဇို့စ်တို့ စုံတွဲက အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းဖို့ ကတိပြုခဲ့ပါတယ်။

ယခုသီတင်းပတ်အတွင်း မော်အီကျွန်းမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် thayဆုံးသူ ၉၃ ဦးအထိ ရှိခဲ့ပြီး နှစ် ၁၀၀ အတွင်း အမေရိကန်နိုင်ငံမှာ လူthayဆုံးမှုအများဆုံး မီးလောင်ကျွမ်းမှု ဖြစ်ပါတယ်။

မီးဘေးသင့်သူတွေနဲ့ ထောက်ပံ့ကူညီရေး ဝန်ထမ်းတွေအတွက် အခန်းပေါင်း ၁၀၀၀ အထိ တည်ဆောက်ပေးဖို့ လိုအပ်နေပါတယ်။ ဂျက်ဖ်ဘီဇို့စ်နဲ့ ဇနီးလောင်း လောရန့်ဆန်းချက်ဇ်တို့က မော်အီကျွန်း မီးဘေးရန်ပုံငွေ ထူထောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ မတည်မယ်လို့ အင်စတာဂရမ်ကနေ ဖော်ပြခဲ့တာပါ။

အမေရိကန်ဒေါ်လာ ၁၆၀ ဘီလျံ ချမ်းသာကြွယ်ဝတဲ့ ဂျက်ဖ်ဘီဇို့စ်ဟာ အရင်ကလည်း ပရဟိတအကျိုး သယ်ပိုးခဲ့ဖူးပေမဲ့ သူ့ရဲ့လှူဒါန်းမှုတွေက နည်းပါးလွန်းတယ်ဆိုပြီး ဝေဖန်မှု ရင်ဆိုင်ခဲ့ရဖူးပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။