ခုနစ်ရက်သားသမီးများအတွက် 13.8.2023 မှ 19.8.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 13.8.2023 မှ 19.8.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 13.8.2023 မှ 19.8.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 13.8.2023 မှ 19.8.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

တနင်္ဂနွေသားသမီး

ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးဆက်ဆံသောသူများနှင့်တွေ့မည်။ အမှားကိုစောင့်ကြည်၍ ဝေဖန်တိုက်ခိုက်သောရန်သူများဝန်းရံနေမည်။ မိမိအနီးအပါး၌ မိမိထံမှရသင့်သည်များအားလုံးကိုယူငင်၍ အလစ်ချောင်းနေသူများရှိမည်။ မိမိအတွက် မိသားစုတွင် စိတ်သောကရောက်ရကိန်းရှိသည်။ အနီးကပ်ရန်သူနှစ်ဦးမှအထက်ရှိမည်။ ပြဿနာဟောင်းတစ်ခုအား ပြန်လည်ဖြေရှင်းရမည်။

နေအိမ်ဝန်းကျင်တွင်ခွေများမကြာခဏအူကလည်းကောင်း၊ ရေတွင်သွားသောကဏန်းအိမ်ပေါ်သို့ရောက်လာပြီး လှုပ်ရှားကလည်းကောင်း အညံ့အဆိုးများဖြစ်ပေါ်လာမည့်နိမိတ်ဖြစ်သည်။ အမှုအခင်းသတိရှိပါ။ လုပ်ငန်းခွင်မှသူများ အရေးကြီးသောစာရွက်စာတမ်းများပျောက်ရှတတ်သည်။ ငွေကြေးလက်လွှဲ လက်ပြောင်းသတိရှိပါ။

ယတြာ

အင်္ဂါနေ့တွင် ဆီးယိုဆွမ်းတော်တင်ပါ။ ကြက်၊ ငှက်များအား ဆန်ကြဲပတ်၍ အစာကျွေးပါ။

တနင်္လာသားသမီး

အတိုက်အခံ၊ အခက်အခဲများကြားမှ လိုရာပြည့်စုံမည်။ ငွေကြေးကိစ္စများပြောဆိုအောင်မြင်မည်။ တစ်ပါးသူကြောင့်ဖြစ်သောပြဿနာများဖြေရှင်းနိုင်မည်။ အနီးကပ်လူဒုက္ခပေးမည်။ တစ်ပါးသူအနှောင့်အယှက်ပေးနေသည့်ကြားမှ ထိုးဖောက်ဆောင်ရွက်အဆင်ပြေမည်။

တစ်ပါးသူထက်သာသောဘဝအား အတတ်ပညာကိုအခြေတည်၍ရရှိမည်။ ကာလအတန်ကြာ ရင်တထိတ်ထိတ်နှင့်စောင့်စားနေသောအကြောင်းအရာ တို့ကိုရင်ဆိုင်၍ အောင်မြင်မှုရယူနိုင်သည်။ မိသားစုတွင် ခရီးနှင့်ပတ်သက်သောကံကောင်းမည်။ နေရာအပြောင်းအလဲကိစ္စများဆောင်ရွက်အောင်မြင်မည်။ ရပ်ဝေးရောက်နေသောသူများထံမှကောင်းသတင်း၊ မင်္ဂလာသတင်းများကြားသိရမည်။ ဝေးကွာနေသောမိတ်ဆွေများနှင့် ပြန်ဆုံမည်။

ယတြာ – ဖန်ခွက်အကွဲအအက်များစွန့်ပစ်ပါ။

အင်္ဂါသားသမီး

ရပ်တန့်ထားသောလုပ်ငန်းများအား ပြန်လည်စတင်ရန်အခွင့်ကောင်းများကြုံမည်။ အဆက်အသွယ်ဟောင်းများနှင့်ပြန်လည်ဆက်သွယ်မိမည်။ ရင်းနှီးသောသူများနှင့် စကားအတိုက်အခံပြောရမည်။ အတိတ်ကာလမှ မျှတမှုမရှိသောဆုံးဖြတ်ချက်ဟောင်းမျာကို ပြန်လည်၍ ညှိနှိုင်းဆောင်ရွက်ကာ မျှတမှုရှိအောင်ဖန်တီးနိုင်မည်။ ခရီးကိစ္စအတွက် စီစဥ်ဆောင်ရွက်ထားသည်များအောင်မြင်မည်။

ဘဝတိုးတက်မှုများ အခိုင်အမာဖြစ်ထွန်းမည်။ စီးပွားဥစ္စာတိုးတက်မည်။ လုပ်ငန်းသစ်၊ ရည်ရွယ်ချက်သစ်များအကောင်အထည်ဖော်နိုင်မည်။ တစ်ပါးသူကတိစကားအား ယုံစားရန်မသင့်။ စာချုပ်စာတမ်းလက်မှတ်ထိုးခြင်းများတွင် အထူးသတိရှိရမည်။ ငွေကြေးမြှောက်မြားစွာရင်းနှီးမြှုပ်နှံခြင်းများပြုရန်မသင့်။

ယတြာ – ဗုဒ္ဓဟူးနေ့တွင် ထီးနီ (၇) လက် ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

အခက်အခဲအလုံးစုံအား ကျော်လွှားနိုင်မည်။ ရန်အနှောင့်အယှက်များကိုကျော်လွှား၍ အဆင့်ဆင့်တိုးတက်မှုများဖန်တီးနိုင်မည်။ ယှဥ်ပြိုင်မှုများတွင် မိမိဘက်မှ အနိုင်ရမည်။ ချက်ချင်းဆုံးဖြတ်ပြီး လက်ငင်းဆောင်ရွက်လိုက်သောလုပ်ငန်းကိစ္စများမှ ထူးခြားသောတိုးတက်မှုများရရှိမည်။ သူတစ်ပါးနှင့်တွဲဖက်လုပ်သောကိစ္စများမှ ထူးခြားသောအကျိုးဆက်များရလာမည်။

ကာလအတန်ကြာ မထိမကိုင်ဘဲထားသော အလုပ်ကိစ္စ၊ ငွေကြေးစာရင်းဇယားကိစ္စများကို ကိုင်တွယ်ဖြေရှင်းရမည်။ တစ်ပါးသူမနိုင်မနင်းဖြစ်နေသော ကိစ္စများဝင်ရောက်ဖြေရှင်းပေးရမည်။ နေအိမ်နေရာ၊ အလုပ်နေရာဝန်းကျင်တွင် ထူးခြားသောအပြောင်းအလဲများဖြစ်ပေါ်မည်။ မိတ်ဆွေအကြီးအကဲများထံမှ အထောက်အကူကောင်းများရရှိမည်။ ဥစ္စာဓနတိုးပွားမည်။

ယတြာ – အသက်ကြီးသူများအား စတုမဓူလှူပါ။

ကြာသပတေးသားသမီး

ရှေ့တိုးရအခက် နောက်ဆုတ်ရအခက် အလွန်စိတ်ရှုပ်ရမည်။ တစ်ပါးသူရှုပ်ထွေးထားသောအရာများ ဖော်ထုတ်ဖြေရှင်းရမည်။ နေ့မအား၊ ညမအားအလုပ်ကိစ္စများဆောင်ရွက်ရမည်။ ပြဿနာများတစ်မျိုးပြီးတစ်မျိုးဖြေရှင်းရမည်။ မိမိအိမ်အနီးအပါးတွင် မီးရေးထင်းရေးအန္တရာယ် အထူးဂရုစိုက်ပါ။

အိမ်ရှိအသက်အရွယ်ကြီးသူများ၏ ကျန်မားရေးအညံ့ရှိမည်။ အလှူအတန်းများပါဝင်ဆောင်ရွက်ရမည်။ ကြိုတင်စီစဥ်ထားသောလုပ်ငန်းများတွင် တစ်မျိုးပြီးတစ်မျိုး အနှောင့်အယှက်ကြုံမည်။ လူလိမ်လူကောက်သတိရှိရမည်။ ပစ္စည်းအပျောက်အရှများတတ်သည်။ အမြတ်တနိုးသိမ်းဆည်းထားသော ပစ္စည်းတစ်ခုပျောက်ရှ၊ ပျက်စီးမည်။ လက်လွန်ထားသောငွေကြေးများ ပြန်လည်တောင်းခံနိုင်မည်။

ယတြာ – မုန့်လက်ကောက်ဒါနပြုပါ။

သောကြာသားသမီး

လျှို့ဝှက်၍မရ၊ လုပ်သမျှ လူသိရှင်ကြားဖြစ်မည်။ ကိုယ့်အပေါ် စိတ်ဝင်စားသူများစောင့်ကြည့်သူများရှိမည်။ ကျောင်း၊ သင်တန်း၊ ပညာသင်ကြားမှုနှင့်ပတ်သက်သောကိစ္စများတွင် အဆင့်မြင့်တိုးတက်မှုများရရှိမည်။ ငွေကြေးအကုန်အကျများမည်။ အသုံးစရိတ်ကြီးမြင့်မည်။ မတူသောအလုပ်သစ်တစ်ခုကိုလုပ်ခြင်းထက် လုပ်ကိုင်နေဆဲအလုပ်တွင် ချဲ့ထွင်ခြင်းများပြုလုပ်၍ ပိုမိုအကျိုးရှိမည်။

အပြိုင်အဆိုင်အားလုံးကိုကျော်လွှား၍ ရရှိလာသောအကျိုးအမြတ်ကိုတွဲဖက်လုပ်သူမှအညွှန့်ခူးခံရလိမ့်မည်။ မိသားစုအလုပ်စီးပွားတို့တွင် ကောင်းသောတိုးတက်မှုများဖြစ်ပေါ်မည်။ နေရာတိုးချဲ့ခြင်းနှင့် အိုးအိမ်ကိစ္စပြောဆိုခြင်းများအဆင်ပြေမည်။

ယတြာ – သြဇာသီးတစ်လုံးကို ဆီးယို ၃ ပုံရံ၍ ကြွေပန်းကန်ပြားအတွင်းထည့်ပြီး ဘုရားကပ်လှူပါ။

စနေသားသမီး

အလုပ်ပို၊ ကိစ္စပိုများကို တာဝန်ယူဆောင်ရွက်ရင်း စိတ်အနှောင့်အယှက်များ ပြဿနာများကြုံလိမ့်မည်။ ရင်းနှီးသူများနှင့် စကားများရမည်။ ဆန့်ကျင်ဘက်ပြုသူများနှင့်တွေ့မည်။ ပုံမှန်မဟုတ်သောငွေကြေးသုံးစွဲရခြင်းနှင့် ဆုံးရှုံးခြင်းများဖြစ်မည်။ လက်ဝယ်ပိုင်ဆိုင်ထားသော ပစ္စည်းစျေးနှုန်းကျဆင်းမည်။

တိုးချဲ့လုပ်ကိုင်၍ မနိုင်မနင်းဖြစ်ကာကြွေးတင်ပါက ပြန်ဆပ်ရန်ခက်လိမ့်မည်။ နာမည်ဂုဏ်သတင်းကျဆင်းတတ်သည်။ အမည်ကိုအလွဲသုံးစားလုပ်မည့် ကိုယ်ကျိုးရှာသူများနှင့်တွေ့မည်။ အိမ်ရှိအသက်အရွယ်ကြီးရင့်သူတို့၏ကျန်းမာရေးအညံ့ရှိမည်။ ကာလရှည်ကြာစုဆောင်းထားသောငွေကြေးတို့ကို အချိန်တိုအတွင်း အလုံးရင်းလိုက်သုံးစွဲရလိမ့်မည်။

ယတြာ – စံပယ်ပန်း ၃၆ ပွင့်ဘုရားလှူခြင်းပြုပါ။

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။