အိမ်စာမလုပ်လို့ မိခင်ဆူပူခဲ့ပြီးနောက်မှာ သူ့ကို မိဘမဲ့ဂေဟာ ပို့ပေးဖို့ ၁၀ နှစ်သား ကလေးက ရဲစခန်းမှာ အကူအညီသွားတောင်း

International News
အိမ်စာမလုပ်လို့ မိခင်ဆူပူခဲ့ပြီးနောက်မှာ သူ့ကို မိဘမဲ့ဂေဟာ ပို့ပေးဖို့ ၁၀ နှစ်သား ကလေးက ရဲစခန်းမှာ အကူအညီသွားတောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်စာမလုပ်လို့ မိခင်ဆူပူခဲ့ပြီးနောက်မှာ သူ့ကို မိဘမဲ့ဂေဟာ ပို့ပေးဖို့ ၁၀ နှစ်သား ကလေးက ရဲစခန်းမှာ အကူအညီသွားတောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်စာမလုပ်လို့ မိခင်ဆူပူခဲ့ပြီးနောက်မှာ သူ့ကို မိဘမဲ့ဂေဟာ ပို့ပေးဖို့ ၁၀ နှစ်သား ကလေးက ရဲစခန်းမှာ အကူအညီသွားတောင်း

အိမ်စာ မလုပ်လို့ မိခင်ဖြစ်သူရဲ့ ဆူပူကြိမ်းမောင်းခံရပြီးနောက်မှာ ၁၀ နှစ်အရွယ် တရုတ်ကလေးငယ်က အိမ်က ထွက်ပြေးသွားပြီး သူ့ကို မိဘမဲ့ဂေဟာ ပို့ပေးဖို့ ရဲစခန်းမှာ အကူအညီသွားတောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က တရုတ်လူမှုကွန်ရက်မှာ ဒီသတင်း ပျံ့နှံ့သွားခဲ့ပြီး ရဲစခန်းမှာ ကလေးငယ်ကို ရဲအရာရှိနှစ်ယောက်က ဖျောင်းဖျနေတဲ့ ရုပ်သံမှတ်တမ်းလည်း ပျံ့နှံ့သွားခဲ့ပါတယ်။

” အမေက ကျွန်တော့်ကို အိမ်စာမလုပ်လို့ဆိုပြီး နေ့တိုင်းဆူတယ်။ အဲဒါကြောင့် အိမ်က ထွက်ပြေးလာတာ။ နေ့တိုင်း စာပဲ လုပ်ခိုင်းနေတယ်။ အိမ်မှာ နေမယ့်အစား မိဘမဲ့ဂေဟာမှာပဲ သွားနေတော့မယ်” လို့ ၁၀ နှစ်သားကလေးက ရဲအရာရှိတွေကို ပြောခဲ့တာပါ။

တရုတ်နိုင်ငံ ချုံကင်းမြို့မှာ နေထိုင်တဲ့ ကလေးငယ်က ဟွေရှင်းရဲစခန်းကို အကူအညီ သွားတောင်းခဲ့တာပါ။ ရဲအရာရှိတွေက ကလေးငယ်ကို ချော့မော့ဖျောင်းဖျပြီး သူ့မိဘတွေရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် တောင်းခဲ့ပါတယ်။ မိခင်ဖြစ်သူထံ ဖုန်းဆက်ချိန်မှာ အိမ်စာ မလုပ်လို့ ဆူမိတဲ့အကြောင်း ဝန်ခံခဲ့ပေမဲ့ သားဖြစ်သူ အိမ်က ထွက်ပြေးသွားမယ်လို့ မထင်ခဲ့ကြောင်း မိခင်က ဆိုပါတယ်။

အဲဒီနောက်မှာတော့ ရဲအရာရှိတွေက ကလေးငယ်ကို လာခေါ်ဖို့ ဖခင်ထံ ဖုန်းဆက်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးငယ်က အိမ်မပြန်ချင်ဘူး လုပ်နေလို့ ရဲအရာရှိတွေက ထပ်မံဖျောင်းဖျပေးခဲ့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။