ကမ္ဘာ့အသက်အကြီးဆုံးနိုင်ငံဖြတ်ကျော်နှင်းလျှောစီးအမျိုးသမီးဖြစ်တဲ့ အသက် ၈၈ နှစ်အရွယ်ဂျပန်အမျိုးသမီး

International News Sports
ကမ္ဘာ့အသက်အကြီးဆုံးနိုင်ငံဖြတ်ကျော်နှင်းလျှောစီးအမျိုးသမီးဖြစ်တဲ့ အသက် ၈၈ နှစ်အရွယ်ဂျပန်အမျိုးသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အသက်အကြီးဆုံးနိုင်ငံဖြတ်ကျော်နှင်းလျှောစီးအမျိုးသမီးဖြစ်တဲ့ အသက် ၈၈ နှစ်အရွယ်ဂျပန်အမျိုးသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံးနိုင်ငံဖြတ်ကျော်နှင်းလျှောစီးအမျိုးသမီးဖြစ်တဲ့ အသက် ၈၈ နှစ်အရွယ်ဂျပန်အမျိုးသမီး

ဂျပန်အားကစားသမားတစ်ဦးဖြစ်တဲ့ ခါဆုမီ ဆာအီခီဟာ ဩစတြီးယားမှာ ပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်ရဲ့ နိုင်ငံဖြတ်ကျော်နှင်းလျှောစီးပြိုင်ပွဲ Masters World Cup မှာ ပါဝင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို အသက် ၈၈ နှစ်မှာ ချိုးခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်ဖွား ခါဆုမီက ကမ္ဘာ့စင်မြင့်ထက်မှာ သူ့ရဲ့အရည်အချင်းကို ပြပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း Japan Masters Championships မှာ ပါဝင်ခဲ့ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးနိုင်ငံဖြတ်ကျော်နှင်းလျှောစီးသမား (အမျိုးသမီး) ဖြစ်လာခဲ့ပါတယ်။

သူက အသက် ၈၅ နှစ်အထက်အုပ်စုမှာ တစ်ဦးတည်းပါဝင်သူဖြစ်ပေမဲ့ အသက်ငယ်တဲ့အုပ်စုမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူတချို့နဲ့ယှဉ်ရင် ပြိုင်ပွဲ (၂) ပွဲမှာ အချိန်ပိုမြန်အောင် နှင်းလျှောစီးနိုင်ခဲ့ပါတယ်။ ၅ ကီလိုမီတာ classic-style ပြိုင်ပွဲမှာ ၂၆ မိနစ်နဲ့ ၁၈ စက္ကန့်အတွင်း နှင်းလျှောစီးပြီးခဲ့ပြီး ၅ ကီလိုမီတာ freestyle ပြိုင်ပွဲမှာ ၂၉ မိနစ်နဲ့ ၄ စက္ကန့်အတွင်း ပြီးမြောက်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကျ ဖင်လန်နိုင်ငံမှာ ကျင်းပမယ့် Masters World Cup ပြိုင်ပွဲမှာ ခါဆုမီက ပါဝင်သွားမှာဖြစ်ပြီး သူ့စံချိန်ကို ထပ်ချိုးဦးမှာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။