ဂျူးမြစ်ကိုနေ့စဥ်ပုံမှန်စားသုံးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ

Health Knowledge
ဂျူးမြစ်ကိုနေ့စဥ်ပုံမှန်စားသုံးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ

ဂျူးမြစ် ကို နေ့စဉ်ပုံမှန်စားသုံးခြင်းဖြင့် သွေးဖိအား ပုံမှန်ဖြစ်စေခြင်း၊ နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါများ၊ အယ်ဇိုင်းမားဖြစ်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုကြောင့်ဖြစ်သောရောဂါများ၊ အရိုးပါးရောဂါ၊အဆုတ်နှင့် အူလမ်းကြောင်းကင်ဆာများကို ကာကွယ်နိုင်ခြင်းစသည့် ကောင်းကျိုးများ ရရှိစေမှာဖြစ်ပါတယ်။

ဂျူးမြစ်ကို ဟင်းသီးဟင်းရွက်အဖြစ်စားသုံးပေးခဲ့ရင် သွေးတိုး၊ အစာအိမ်အနာပေါက်ခြင်းနဲ့ ခန္ဓာကိုယ်အပူချိန် အလွန်မြင့်တက်ခြင်းတို့ကို လျော့နည်းစေပါတယ်။ဒါ့အပြင် ဖိုင်တိုစတာရောလ်၊ ဖီနောလ်၊ အက်စ်ကောဘစ် အက်ဆစ်နှင့် အမျှင်ပမာဏမြင့်မား စွာပါဝင်ပြီးအဆီဓာတ်နည်းတဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာအဖြစ် သတ်မှတ်ထားပါတယ်။

ဒါ့ကြောင့်မို့ ဂျူးမြစ်ကို ဖြည့်စွက်အစာအဖြစ်စားသုံးခဲ့ရင် တစ်ချိန်တည်းမှာ ရောဂါများမှ အကာအကွယ်ပေးတဲ့ အာနိသင်ကိုလည်း ရရှိစေမှာပဲဖြစ်ပါတယ်။

ပါဝင်တဲ့ အာဟာရဓာတ်တွေအနေနဲ့ ဂျူးမြစ် ၁၀၀ ဂရမ်မှာ ကာဗွန်ဟိုက်ဒရိတ် ၄.၃၅ ဂရမ်၊ ပရိုတိန်း ၃.၂၇ ဂရမ်၊ အဆီ၀.၇၃ ဂရမ်၊ ကိုလက်စထရော ၀.၀ မီလီဂရမ်၊ အမျှင်ဓာတ် ၂.၅ ဂရမ်၊စွမ်းအင် ၃၀ KcaL ပါရှိပါတယ်။

ဗီတာမင်တွေကတော့ ဖောလစ်အက်ဆစ် ၁၀၅ g၊ နိုင်ယာစင် ၂၁၂.၇ g၊ ဗီတာမင် အေ ၄၃၅၃ lU၊ဗီတာမင် ကေ ၂၁၂.၇ g၊ သိုင်ယာမင်း ၀.၀၇၈ mg၊ ဗီတာမင် စီ၅၈.၁ mg၊ ဗီတာမင် အီး ၀.၂၁ mgတို့ ပါရှိပါသည်။ သတ္တုဓာတ်တွေကတော့ ကယ်ဆီယမ် ၉၂ mg ၊ ကော့ပါး ၀.၁၅၇ mg၊ သံဓာတ် ၁.၆၀mg၊ မဂ္ဂနီဆီယမ် ၄၂ mg၊ မဂ္ဂနီးစ် ၀.၃၇၃ mg၊ ဆီလီနီယမ် ၀.၉၀gနဲ့ ဇင့် ၀.၅၆ mg တို့ပါရှိပါတယ်။

ကင်ဆာရောဂါကို ကာကွယ်တဲ့ ဒြပ်ပေါင်း သိုင်အိုဆိုင်ဖိုနိတ်စ် ၃.၆ mg၊ ကယ်ရိုတင်း ၂၆၁၂ g၊ ကရိုင်တို ဇန်သင် ၀.၀ g၊ လူတိန်း ဇီဇန်သင် ၃၂၃ g တို့လည်းပါရှိပါတယ်။

ဂျူးမြစ်အရွက်မှ ထွက်ရှိတဲ့ အရည်ကို ဒေသခံဆေးဆရာများက အစာအိမ် အနာပေါက်ခြင်း (ulcer) နှင့် အခြားအစာအိမ်ဖြင့် ပတ်သက်သောရောဂါများကို ကုသရာ၌ ဆားနှင့်ရောစပ် အသုံးပြုကြပါတယ်။ အပင်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ ပင်စည်၊ အမြစ်၊အခေါက်နဲ့အစာသိုလှောင်မြစ်တို့ကို ဆူပွက်အောင် ရေနွေးနဲ့ ပြုတ်ခြင်းဒါမှမဟုတ် ဓာတုပစ္စည်းများတွင် ပျော်ဝင်စေသော နည်းလမ်းဖြင့် ရရှိသောဂျူးမြစ်အနှစ်ကို နဖူးပေါ် လိမ်းသုတ်ပေးခြင်းဖြင့်မြင့်မားသော ကိုယ်အပူချိန်နှင့်သွေးတိုးခြင်းတို့ကို ကျဆင်းစေပါတယ်။

အဲဒီလို ဆေးဖက်ဝင်တဲ့အပြင် တန်ဖိုးမြင့် ထုတ်ကုန်တွေဖြစ်တဲ့ အအေးခံဂျူးရွက်၊ ဂျူးမြစ် ရှာလကာရည်၊ သီးရွက်စုံဆလတ်၊ငါး + ဂျူးမြစ် ခဲပတ်ကင်နဲ့ အသင့်သုံး ကျန်းမာရေး ဟင်းခတ်အမွှေးအကြိုင်တို့ကိုလည်း ထုတ်လုပ်နိုင်ပါသေးတယ်။

credit oroginal writter

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။