ကြယ်အမှတ်အသား

Astrology
ကြယ်အမှတ်အသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြယ်အမှတ်အသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြယ်အမှတ်အသား

လက္ခဏာတွင်အမှတ်အသားများစွာ ရှိသည့်အနက်ကြယ်အမှတ်အသားမှာ စနေဂြိုလ်ခုံမှလွဲ၍ကျန်သောဂြိုလ်ခုံများတွင်မူကောင်းကျိုးများလေသည်။

1။ ကြာသပတေးဂြိုလ်ခုံ ကြယ်အမှတ်အသားကြာသပတေးဂြိုလ်ခုံပေါ်မှာ ကြယ်အမှတ်ပါရှိရင်အောက်ဆုံးကနေ ထိပ်တန်းကိုရောက်ရှိနိုင်သည်။မည်သည့်ရည်မှန်းချက်မျိုးမဆို အောင်မြင်ခြင်းရရှိနိုင်သည်။ အကြီးအကဲ ကျော်ကြားသူတို့နှင့်ပေါင်းသင်းဆက်ဆံရမည်။ အဆင့်အတန်းမြင့်မားသူနှင့်သာ လက်ထပ်ရမည်။

2။ စနေဂြိုလ်ခုံ ကြယ်အမှတ်အသားစနေဂြိုလ်ခုံပေါ် ကြယ်အမှတ်ပါခဲ့ရင်ထူးချွန်ကြီးပွားပြီး ထိပ်ဆုံးရောက်နိုင်သည်။အောင်မြင် ကျော်ကြားမည်။သို့ပေမဲ့ ထိုသို့အောင်မြင် ကျော်ကြား ကြီးပွားပြီးမှအသေဆိုး ကြမ္မာဆိုးနှင့်ကြုံပြီး thayဆုံးနိုင်သည်။
thayဆုံးပြီးမှလည်း ပို၍ နာမည်ဂုဏ်သတင်းကြီးတတ်သည်။

3။ တနဂ်နွေဂြိုလ်ခုံ ကြယ်အမှတ်အသားတနဂ်နွေဂြိုလ်ခုံပေါ် ကြယ်အမှတ်ပါရှိရင်အနုပညာနှင့်နိုင်ငံကျော်မည်။လူထုနှင့်ပတ်သတ်ရသောလုပ်ငန်းတွေမှာထင်ရှား ကျော်ကြား အောင်မြင်မှုကို ရရှိနိုင်သည်။ဥစ္စာပစ္စည်း ပြည့်စုံချမ်းမည်။
မရောင့်ရဲနိုင်ခြင်း အလိုကြီးခြင်းကြောင့်မပျော်ရွှင်ရပဲ ဖြစ်တတ်လေသည်။

4။ ဗုဒ္ဓဟူးဂြိုလ်ခုံ ကြယ်အမှတ်အသားဗုဒ္ဓဟူးဂြိုလ်ခုံပေါ် ကြယ်အမှတ်ပါရှိရင်
ပေါင်းသင်းဆက်ဆံရေး လျင်မြန်မှု ဉာဏ်ကောင်းခြင်းတို့ကြောင့် အောင်မြင်နိုင်သည်။သိပ္ပံပညာ စူးစမ်းရှာဖွေမှု ကုန်ရောင်းဝယ်စီးပွားရှာခြင်းတွေမှာ အားသာမှုကြောင့်ကျော်ကြားမည်။ ကြီးပွားမည်။မကောင်းသောအမှတ်အသားနဲ့ တွဲမရှိရပေ။

5။ သောကြာဂြိုလ်ခုံ ကြယ်အမှတ်အသားသောကြာဂြိုလ်ခုံပေါ် ကြယ်အမှတ်ပါရှိရင်
မျက်နှာမြင်ချစ်ခင် အသံကြားသနားစေသောသူမျိုးဖြစ်မည်။ စန်းပွင့်သလို အိမ်ထောင်ရေး သာယာမည်။ အနုပညာနှင့် အကျိုးပေးသည်။မကောင်းသောအမှတ်အသားနှင့် တွဲမရှိရ

ရေးသားသူ –ဝေဒ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။