ခုနစ်ရက်သားသမီးများအတွက် 20.8.2023မှ26.8.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 20.8.2023မှ26.8.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 20.8.2023မှ26.8.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 20.8.2023မှ26.8.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

တနင်္ဂနွေသားသမီး

အောင်မြင်ခြင်း၊ ထင်ပေါ်ကျော်ကြားခြင်းနှင့် အပြိုင်အဆိုင်အားလုံးကို အနိုင်ယူနိုင်ခြင်းရှိမည်။ ဘဝအခြေအနေမြင့်မားမည်။ ပြဿနာမှန်သမျှကို ဖြေရှင်းနိုင်မည်။ ငွေကြေးမြှုပ်နှံမှုအလုံးစုံမှ အကျိုးအမြတ်ကောင်းစွာရရှိမည်။ သူတစ်ပါးနှင့်တွဲဖက်လုပ်ကိုင်ခြင်းထက် တစ်ဦးတည်းလုပ်၍အကျိုးရှိမည်။

အရေးကြီးသောစာရွက်စာတမ်းများ၊ ငွေကြေးကိစ္စများကိုဆောင်ရွက်ရန် အခါသင့်သည်။ ပညာအတတ်ကိုအသုံးချ၍ အဆင့်မြင့်သောအောင်မြင်မှုကိုရရှိမည်။ စွန့်စား၍ လုပ်ကိုင်ရာမှ ထင်မှတ်ထားသည်ထက် ပို၍ အကျိုးအမြတ်ရလိမ့်မည်။ ခရီးသွား၍ အဆင်ပြေမည်။ ဦးတည်ချက်ပြောင်း၍ လုပ်ရန်အခါသင့်သည်။

ပြည်ပခရီးသွားရောက်ရန် အခြေအနေကောင်းကို ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်းကြုံမည်။

ယတြာ – အိုးဟောင်း၊ အုတ်ခဲကျိုးဟောင်းများကို ရှာဖွေစွန့်ပစ်ပါ။

တနင်္လာသားသမီး

ရည်မှန်းချက်အောင်မြင်မည်။ အခက်အခဲများကိုကျော်လွှားနိုင်မည်။ ကိုယ်ပိုင်အစွမ်းအစကိုအသုံးချ၍ ဘဝလမ်းကြောင်းသစ်များဖော်ထုတ်နိုင်မည်။ နေအိမ်နေရာ၊ အလုပ်နေရာဝန်းကျင်တွင် မီးအန္တရာယ်ရှိတတ်သည်။ အလုပ်စီးပွားနှင့်ပတ်သက်သည့် မနာလိုအပြိုင်အတိုက်အခံများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။

မိမိအရည်အသွေးကိုအသုံးပြုခုတုံးလုပ်ကာ တက်လမ်းရှာသူများနှင့်တွေ့မည်။ အလုပ်မရှိသူ အလုပ်ရမည်။ ရသောလုပ်ငန်းမမြဲသော်လည်း အကျိုးရှိမည်။ ဆွေမျိုးသားချင်းတို့၏ကိစ္စကို ဦးစားပေး၍ ဆောင်ရွက်ရာမှ ကိုယ်ပိုင်ရပိုင်ခွင့်အချို့ လက်လွတ်ဆုံးရှုံးမည်။ မလုပ်ဖူးသောလုပ်ငန်းများ၊ လုပ်လေ့လုပ်ထမရှိသောကိစ္စများကို လက်တည့်စမ်း၍မလုပ်ပါနှင့်။

ယတြာ – တောင်အရပ်ကိုမျက်နှာမူပြီးလိုရာဆန္ဒပြုပါ။

အင်္ဂါသားသမီး

စီစဥ်ထားသည်နှင့်လက်တွေ့ဖြစ်ပေါ်မှုတို့ အလွဲလွဲအချော်ချော်ရှိမည်။ ရန်အခက်အခဲများကိုရင်ဆိုင်ဖြေရှင်းရမည်။ လွယ်မယောင်နှင့် အခက်ကြုံမည်။ ငွေဝင်ကောင်းလင့်ကစား စုဆောင်းရန်ခက်မည်။ အကုန်အကျ အပျောက်အရှများမည်။ အဖျက်အနှောင့်အယှက်များနှင့် ထိပ်တိုက်တွေ့မည်။ ခရီးသွားရန်စီစဥ်ထားသောကိစ္စများတွင် ငွေရေးကြေးရေးအရ စိတ်ရှုပ်ထွေးရခြင်းကြုံမည်။

ခြံ၊ ကား၊ အခန်းတို့ကို ငွေမြှုပ်နှံခြင်း၊ ဝယ်ယူခြင်းမပြုရ။ ဆုံးရှုံးနစ်နာမည်။ လိမ်ညာခံရမည်။ အမေ၊ အဘွား၊ အဒေါ်၊ အစ်မ စသည့်အသက်အရွယ်ကြီးရင့်သော ဆွေမျိုးသားချင်းအရင်းအချာတို့၏ ငွေလိမ်ခံရမှုနှင့် ပိုင်ဆိုင်မှုအငြင်းပွားခြင်းတို့အပေါ်လိုက်လံကူညီရမည်။

ယတြာ – ဝါးတောင်ဝှေးတစ်ချောင်းကို ရွှေရောင်သုတ်ပြီး သံဃာတော်တစ်ပါးကိုလှူပါ။

ဗုဒ္ဓဟူးသားသမီး

အခက်အခဲများကို ကျော်လွှားနိုင်မည်။ လူမျိုးကွဲအကျိုးပေးမည်။ သူတစ်ပါးစကားနားမထောင်ပါနှင့်။ ဆုံးဖြတ်ထားပြီးအတိုင်းဆက်လုပ်ပါ။

ယခင်ဆောင်ရွက်ပြီး အဆုံးမသတ်ရသေးသောကိစ္စများကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်လိမ့်မည်။ လမ်းခွဲသူမှ ကိုယ့်အပေါ်ဒုက္ခပေးတတ်သည်။ စကားမတည်သောလူမျိုးကွဲများနှင့် ပဋိပက္ခဖြစ်မည်။ ရောဂါဝေဒနာဟောင်းများပြန်လည်ဆေးကုရမည်။ ခရီးဝေးနိုင်ငံရပ်ခြားနှင့်ပတ်သက်သောကိစ္စရေးရာမှန်သမျှဆောင်ရွက်အောင်မြင်လိမ့်မည်။ သစ္စာဖောက်ခံရပြီး ဆုံးရှုံးထားသောငွေကြေးနှင့် ရပိုင်ခွင့်များပြန်ရမည်။ အလောတကြီးပြောဆိုဆုံးဖြတ်ခြင်းမပြုရ။ အကြိမ်ကြိမ်စဥ်းစားပြီးမှဆုံးဖြတ်ပါ။

ယတြာ – ဘုရား၊ ကျောင်းကန်၊ တန်ဆောင်းဆောက်လုပ်ဆဲနေရာများတွင် သစ်၊ သံ၊ သွပ်၊ သဲ အလှူဒါနပြုပါ။

ကြာသပတေးသားသမီး

ငွေကုန်များမည်။ ပညာသင်တန်းနှင့်ပတ်သက်သောကံပွင်မည်။ ငွေကြေးဥစ္စာတိုးပွားမည်။ မိတ်ဆွေကောင်းအထောက်အကူရမည်။ တိုးချဲ့သောလုပ်ငန်းမှန်သမျှအောင်မြင်မည်။ ကာလရှည်ကြာကြိုးစားဆောင်ရွက်ထားသောကိစ္စတို့မှအဆင့်မြင့်အောင်မြင်မှုကိုရမည်။ လမ်းသစ်ထွင်၍ ဆောင်ရွက်ခြင်း၏ အကျိုးဆက်ကောင်းကိုရမည်။ မိသားစုစီးပွားကိစ္စအတွက် ကြိုးပမ်းဆောင်ရွက်သည်မှ အလုံးစုံအဆင်ပြေမည်။

အတတ်ပညာကိုအသုံးချ၍ တိုးတက်အောင်မြင်မှုတို့ကိုဖန်တီးနိုင်မည်။ လျှို့ဝှက်၍မရ။ လုပ်သမျှ ထင်ပေါ်ကျော်ကြားမည်။ ပေါ်ပေါက်သောစိတ်ကူးသစ်တို့ကို လက်တွေ့အသုံးချရမည်။

ယတြာ – ပိုက်ဆံအိတ်ထဲတွင် ၉ ဂဏန်း အနည်းဆုံး ၃ လုံးပါသော ပိုက်ဆံကို အဆောင်အဖြစ်ထည့်ထားပါ။

သောကြာသားသမီး

အခက်အခဲအားလုံးကိုကျော်လွှား၍ လိုလားချက်များ အကောင်အထည်ဖော်နိုင်မည်။ မိမိပေါ်ရန်ပြုလိုသူများကို ထိပ်တိုက်ရင်ဆိုင်ဖယ်ရှားနိုင်မည်။ လုပ်ငန်းသစ်များဆောင်ရွက်နိုင်မည်။ ဆုံးဖြတ်ချက်များမှန်ကန်မည်။ လမ်းသစ်ထွင်၍ လုပ်ကိုင်ခြင်းမှ အဆင်မြင့်အောင်မြင်ခြင်းကိုရမည်။ အိုးအိမ်ခြံမြေနေရာထိုင်ခင်းနှင့် ပတ်သက်သောအလုပ်ကိစ္စမှန်သမျှ ဆောင်ရွက်အဆင်ပြေသောအနေအထားရှိသည်။

ကာလအတန်ကြာပိတ်နေသောလမ်းများပြန်ပွင့်မည်။ မူလစိတ်ကူးတွင်လုပ်ကိုင်ရန်အလို့ငှာ စိတ်ကူးထားခြင်းမရှိသည့်အပြင်ဆောင်ရွက်မှုအတွေ့အကြုံမရှိသေးသောကိစ္စရေးရာများကို ရုတ်ခြည်းဆုံးဖြတ်လုပ်ကိုင်ရာမှ ထူးခြားသောအောင်မြင်မှုများ အထင်အရှားရရှိမည်။

ယတြာ – လမ်းခင်းခြင်း၊ ပြုပြင်ခြင်း၊ ချိုင့်ခွက်ဖို့ခြင်းများပြုလုပ်ပါ။

စနေသားသမီး

ရရိုးရစဥ်မဟုတ်သော ဝင်ငွေရရှိမည်။ လုပ်ရိုးလုပ်စဥ်မဟုတ်သောအလုပ်များလုပ်ကိုင်ဖြစ်မည်။ သွားလေ့သွားထမရှိသော နေရာများသို့ရောက်ရှိမည်။ ရသင့်လျက်ကြန့်ကြာနေသောရပိုင်ခွင့်များပြန်လည်ရရှိမည်။ စီစဥ်ထားသောခရီးသွားဖြစ်မည်။ ပညာအတတ်နှင့် တိုးတက်မှုများရရှိမည်။

ချက်ချင်းဆုံးဖြတ်ပြီး လုပ်ကိုင်သောအလုပ်ကိစ္စများမှ ကောင်းသောအကျိုးစီးပွားဖြစ်ပေါ်မည်။ အပြိုင်အဆိုင်များကို ကျော်လွှားနိုင်မည်။ ဆိုင်းငံ့ရပ်တန့်ထားသည်များ ပြန်လည်စတင်ဆောင်ရွက်နိုင်မည်။ ဆုံးဖြတ်ချက်မှန်မည်။ ဦးတည်ချက်ပြောင်း၍ လုပ်ကိုင်ခြင်းမှ အဆင့်မြင့်သောတိုးတက်မှုဖြစ်ပေါ်မည်။ ကိုယ်ပိုင်အစွမ်းအစများ အထင်အရှားပေါ်လွင်မည်။

ယတြာ – မိဘမဲ့ဂေဟာတွင် ခေါက်ဆွဲကြော်အလှူပြုပါ။

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။