မြန်မာနှစ်သစ်မှာ အားလုံးအတွက် တားရော့ယေဘုယျ ဟောကိန်း

Astrology
မြန်မာနှစ်သစ်မှာ အားလုံးအတွက် တားရော့ယေဘုယျ ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာနှစ်သစ်မှာ အားလုံးအတွက် တားရော့ယေဘုယျ ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာနှစ်သစ်မှာ အားလုံးအတွက် တားရော့ယေဘုယျ ဟောကိန်း

ဒီနေ့ တင်ပေးမယ့် Pick a Plie လေးက မြန်မာနှစ်သစ်မှာ အားလုံးအတွက် General reading လေး ဖြစ်ပါတယ်။အရင်ဆုံး စိတ်လေးကို ငြိမ်အောင်ပြီး ကိုယ့်ကို ဆွဲခေါ်နေတဲ့ပုံလေးကို ရွေးပေးရမှာ ဖြစ်ပါတယ်။ဒီreadingလေးက General reading လေး ဖြစ်လို့ လူတိုင်းနဲ့တော့ Energy ကိုက်ချင်မှကိုက်မယ် လို့ ကြိုပြောချင်ပါတယ်။

Pile 1

Pile 2

Pile 3

 

 

Pile 1

ဆုံးဖြတ်ရခက်တဲ့ ကိစ္စမျိုးတွေ ကြုံရနိုင်တယ်။ အဲဒါကြောင့်လည်း စိတ်ထဲမှာ emotions တွေများနေတတ်တယ်။ အချစ်ရေး မှာတော့ ကြည်နူးစရာလေးတွေ ကြုံရမယ်။ စိတ်ကူးတွေ ယဥ်နေမိတယ်။ အလုပ်အကိုင် နဲ့ ငွေရေးကြေးရေး မှာတော့ စိတ်ကူးယဥ်တွေးတောနေတာ များနေပြီး လက်တွေ့မှာ အကောင်အထည်မဖော်နိုင် ဖြစ်နေလိမ့်မယ်။ ပျင်းရိနေမယ်။
ကျန်းမာရေး မှာ ကိုယ်စိတ်ထင်ရာလုပ်နေတတ်တယ်။ မတည့်တာတွေ မစားပါနဲ့ ။ မိသားစုရေးကတော့ ပျော်ရွှင်စရာတွေ ကြုံမယ်။ စိတ်ချမ်းသာရမယ်။ အိမ်ထောင်ရှင်တွေ သားသမီးကံ ကောင်းနေမယ်။

Universe’s Message ကတော့ ကိုယ့်ဆီက မကောင်းတဲ့အရာတွေကို လွှတ်ချလိုက်ပါ တဲ့။

Pile 2

ငွေရေးကြေးရေး ကံကောင်းနေမယ်။ လုပ်ငန်း အသစ်တွေ စတင်ဖို့ ရှိမယ်။ လက်ဆောင် ရတတ်တယ်။ အချစ်ရေး မှာ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ ချနိုင်မယ်။ မင်္ဂလာသတင်းတွေ ကြားရမယ်။ စီးပွားရေးနဲ့ ငွေကြေးပိုင်းမှာလည်း အောင်မြင်မှုတွေ ရနိုင်တယ်။ အပေါင်းအသင်းတွေ နဲ့ business gathering တွေ တွေ့ဖြစ်မယ်။ အသင်းအဖွဲ့နဲ့ လုပ်တဲ့လုပ်ငန်းတွေ ပိုအောင်မြင်မယ်။ ကျန်းမာရေးလည်း အရမ်းကောင်းတယ်။ သတင်းကောင်းတွေ ကြားရမယ်။ မိသားစုရေးရာကတော့ သီးသန့်နေချင်စိတ်တွေ ဖြစ်နေမယ်။ ဘာသာရေးပိုင်းကို သီးသီးသန့်သန့် လုပ်ချင်နေမယ်။

Universe’s Message ကတော့ ကိုယ်က ကိုယ်ကိုယ်တိုင် ရဲ့ သူရဲကောင်းပါ တဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်ပါ။

Pile 3

အပြောင်းအလဲတွေ ကြုံရဖို့ ရှိတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဖို့ လမ်းစပေါ်နေပြီ။ ကိုယ့်ကိုကိုယ် ဟန်ချက်ညီအောင် ကြိုးစားလုပ်ကိုင်ပါ။ အချစ်ရေးမှာတော့ စိတ်အပြောင်းအလဲ မြန်နေမယ်။ အခုရန်ဖြစ်လိုက် အခုပြန်ချစ်လိုက် နဲ့ ဖြစ်နေမယ်။ စိတ်မြန်နေမယ်။ အလုပ်အကိုင်နဲ့ငွေရေးကြေးရေးပိုင်းမှာတော့ မျှော်လင့်ချက်တွေ ပြည့်ဝလာနိုင်မယ်။ ကံကောင်းနေမယ်။ အကောင်းဘက် ကို တဖြည်းဖြည်းရောက်လာ​နေပြီ။ ကျန်းမာရေးနဲ့ပတ်သတ်ပြီး လက်ဆောင်ကောင်းတွေရမယ်။ ကောင်းမွန်တဲ့ စောင့်ရှောက်မှု ရမယ်။ မိသားစုရေးရာမှာတော့ အများနဲ့ ဆန့်ကျင်ဘက် ဖြစ်နေမယ်။ မိသားစုကို လိမ်ညာမိတာမျိုး လုပ်မိနေမယ်။

Universe’s Message ကတော့ အေးဆေးပေါ့။ ကိုယ့်ကိုကိုယ် အရင် ဂုဏ်ပြုလိုက်ပါဦး။ ကိုယ်က အောင်နိုင်သူပဲလေ။

ရေးသားသူ – Tarot by Mercury

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။