ဘာတွေပဲဖြစ်ဖြစ်အဆုံးထိလျှောက်မယ်ဆိုတဲ့ အကြောင်း သီချင်းလေးဖန်တီးခဲ့တဲ့ ဖြူဖြူကျော်သိန်း

Celebrity Local News
ဘာတွေပဲဖြစ်ဖြစ်အဆုံးထိလျှောက်မယ်ဆိုတဲ့ အကြောင်း သီချင်းလေးဖန်တီးခဲ့တဲ့ ဖြူဖြူကျော်သိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘာတွေပဲဖြစ်ဖြစ်အဆုံးထိလျှောက်မယ်ဆိုတဲ့ အကြောင်း သီချင်းလေးဖန်တီးခဲ့တဲ့ ဖြူဖြူကျော်သိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘာတွေပဲဖြစ်ဖြစ်အဆုံးထိလျှောက်မယ်ဆိုတဲ့ အကြောင်း သီချင်းလေးဖန်တီးခဲ့တဲ့ ဖြူဖြူကျော်သိန်း

ပရိသတ်ကြီးရေ… အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ဂီတအနုပညာလောကမှာ ကဝေတစ်ပါးလိုပဲ ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဖြူဖြူကျော်သိန်းဟာ နိုင်ငံရေးပဋိပက္ခတွေ ကြောင့်အနုပညာလှုပ်ရှားမှုတွေကို ရပ်နားခဲ့ရတာပဲဖြစ် ပါတယ်။ ဒီကနေ့မှာတော့ ဖြူဖြူကျော်သိန်းက လာမယ့် ဩဂုတ်လ (၂၅) ရက်နေ့မှာ သီချင်းသစ်လေးကို မျှဝေ ပေးမယ်လို့ ပြောလာပါတယ်။

ဖြူဖြူကျော်သိန်းက “၁ နှစ်နဲ့ ၈ လခွဲကျော်ကြာမှ ချိန်း ဖြစ်တဲ့ profileIt will never be the same again ကနေ Come what may အဆင့်ကိုမြင့်တက်သွားခဲ့ပြီ 2021 ဖေဖော်ဝါရီလတည်းက “တကယ့်စိတ်စေတနာ ရပ်တည်ချက် မှန်ရင် ငါချိန်းရမှာ profile မဟုတ်ဘူး၊ ငါ့ ဘဝ” လို့ပဲ တဖြောင့်တည်း တွေးချပစ်တာ။ကိုယ်က ဒီ အရပ်ဒေသမှာ အမြဲ ဇော်ကန့်လန့်လေ “ ။ အဲ့လိုနဲ့ လူ တွေမြင်ချင်တဲ့ profile တွေမချိန်းဖြစ်ပဲ လူမသိသူမသိ ဘဝကိုချိန်းဖို့ ရွေးချယ်ခဲ့တာ ၂ နှစ်ခွဲတောင်ရှိပြီပေါ့။ ဖြစ်လို့လဲဆိုတော့ ၈၈ နောက်ပိုင်း ဆယ်လီတွေကြောင့်ရခဲ့ကြတဲ့traumaမျိုးတွေ ကိုယ့်ပရိသတ်ကို ပြန်မပေးချင်တော့လို့။ ဒါက ကိုယ့်ရဲ့ တကိုယ်စာ ရပ်တည် ယုံကြည်ချက်ပါ။ လူတိုင်းမှာ ကြိုက်ရာရွေးချယ် ရပ်တည်ပိုင်ခွင့်ရှိပါတယ်။ သို့သော် public figure တွေ အနေနဲ့ ရှေ့နောက်မညီတာသည် public အပေါ်၊ society အပေါ်၊ ရပ်တည်ချက်အပေါ် ကြီးမားတဲ့ရိုက်ခတ်မှု နဲ့ ဆိုးကျိုးဆက်တွေရှိတယ် လို့ပဲ ထင်မှတ်ပါတယ်။

အထူးသဖြင့် ကိုယ့်နိုင်ငံလို အရာရာ အားနည်းရှာတဲ့ ယုံ လွယ်ရှာတဲ့ public တွေရှိတဲ့အရပ်မှာပေါ့။ ကိုယ့်ဘဝ အကြောင်းအရ အများကြီးမစွမ်းဆောင်နိုင်မှန်းသိလို့ အများကြီးမပြောဖြစ်ခဲ့တာပါ။ ပြောခဲ့ဖူးတဲ့နည်းနည်း လေးကိုတော့ တည်တံ့ဖို့ ရွေးချယ်လျှောက်လှမ်းခဲ့ပါ တယ်။ ကိုယ့်မိဘက ငယ်စဉ်ကတည်းက အမြဲဆုံးမ တတ်တယ် “ဆိုခဲစေ မြဲစေ” တဲ့။

ဘာတွေပဲဖြစ်ဖြစ် အဆုံးထိတိုင် ဆက်လျောက်မယ် ဆို တဲ့အကြောင်းလေး…ကိုယ်တိုင်ရေးပြီးဆိုထားတာ။
be the light you want me to be till the end. I will
walk this way… Come What May! August 25မှာသီချင်းအစအဆုံး နားထောင်လို့ရပါမယ်။” ဆိုပြီး ပြော လာပါတယ်။

ဖြူဖြူကျော်သိန်းကတော့ ဘာတွေပဲဖြစ်ဖြစ် အဆုံးထိ ဆက်လျှောက်မယ်ဆိုတဲ့အကြောင်းကို အင်္ဂလိပ်စာသား တွေနဲ့ သီချင်းအဖြစ်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဖြူဖြူကျော်သိန်းရဲ့ Come What May သီချင်းလေးကို လာမယ့် ဩဂုတ် လ (၂၅) ရက်နေ့မှာ ခံစားနားဆင်ပေးကြပါဦးနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။