အီတလီနိုင်ငံမှ မြို့ပြသစ်ပင်အိမ်

International News
အီတလီနိုင်ငံမှ မြို့ပြသစ်ပင်အိမ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အီတလီနိုင်ငံမှ မြို့ပြသစ်ပင်အိမ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အီတလီနိုင်ငံမှ မြို့ပြသစ်ပင်အိမ်

ဒီအဆောက်အအုံကို မြို့ပြသစ်ပင်အိမ်လို့ လူသိများတယ်။ အီတလီနိုင်ငံ တူရင်မြို့မှာ တည်ရှိပြီး အီတလီဗိသုကာပညာရှင် လူစီယာနိုပီယာက ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာပါ။ လူသားနဲ့ သဘာဝတရား ယှဉ်တွဲနေထိုင်မှုကို ပုံဖော်ဖန်တီးဖို့ ရည်ရွယ်ပါတယ်။


25 Verde လို့ အမည်ပေးထားတဲ့ ၅ ထပ်တိုက်မှာ သံမဏိတိုင်တွေကို သစ်ပင်ပင်စည်တစ်ခုလို ပုံဖော်ထားပြီး သစ်ပင်ငယ်ပေါင်း ၁၅၀ ထည့်သွင်းတည်ဆောက်ခဲ့တာပါ။ သစ်ပင်တွေကြောင့် အဲဒီအဆောက်အအုံမှာ နေထိုင်သူတွေ လေကောင်းလေသန့် ရရှိစေပြီး တောအုပ်ထဲမှာ နေရသလို ခံစားမှုမျိုးလည်း ရရှိစေပါတယ်။ ၂၀၁၂ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။