ခုနစ်ရက်သားသမီးများအတွက် 27.8.2023မှ2.9.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 27.8.2023မှ2.9.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 27.8.2023မှ2.9.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်းဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 27.8.2023မှ2.9.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

တနင်္ဂနွေသားသမီး

အကြံသစ်များကိုအကောင်အထည်ဖော်ရာမှ ငွေကုန်၊ စိတ်ပန်း၊ လူပန်းဖြစ်ကာ မျှော်မှန်းထားသကဲ့သို့အဆင်မပြေဘဲ အလုံးစုံလွဲချော်ကာ အခြေအနေယိုင်နဲ့ခြင်းဖြစ်မည်။ နေရာသစ်သို့ပြောင်းလဲခြင်းပြုနိုင်သည်။ ပေါ်ပေါက်လာသောပြဿနာသစ်များကိုချက်ချင်းဖြေရှင်းပါ။ ချက်ချင်းလက်ငင်းဆောင်ရွက်နိုင်သောလုပ်ငန်းအား အချိန်ဆွဲ၍မလုပ်ပါနှင့်။

အကျိုးမဲ့နစ်နာလိမ့်မည်။ အခက်အခဲနှင့်ဆုံးရှုံးမှုအလုံးစုံတို့သည် စနစ်တကျအစီအစဥ်နှင့်မလုပ်သောကြောင့်ဖြစ်၏။ ငွေကြေးအပေးအယူကိစ္စတွင် အနှောင့်အယှက်များ၊ အတိုက်အခံများရှိမည်။ ခရီးဝေးသွား၍ အကျိုးရှိမည်။

ယတြာ – မိမိအိမ်ဘုရားမှာ လိမ္မော်သီးကပ်လှူပါ။

တနင်္လာသားသမီး

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာနှင့် အလိုဆန္ဒပြည့်စုံခြင်းကိုကြုံမည်။ ထူးခြားသောအပြောင်းအလဲနှင့်တိုးတက်ခြင်းများကိုကြုံတွေ့ရမည်။ မိတ်ကောင်း၊ ဆွေကောင်း အထောက်အကူရမည်။ အတိုက်အခံ၊ အခက်အခဲများကိုကျော်လွှားနိုင်မည်။

စုပေါင်းလုပ်ငန်းလုပ်၍ အကျိုးရှိမည်။ ဘဝအတွက်အရေးပါသောအချစ်ရေး၊ အိမ်ထောင်ရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကိုချမှတ်နိုင်မည်။ ဝေးကွာနေသောသူများနှင့် ပြန်လည်ပေါင်းစည်းမိမည်။ မိသားစုအတွက်ရည်စူးဆောင်ရွက်လိုက်သည့်ကိစ္စမှအောင်မြင်မည်။ အလုပ်အကြံအစည်တို့ကို ထွန်းပေါက်ရန်အလို့ငှာစနစ်တကျဆောင်ရွက်နိုင်မည်။

ယတြာ – ​ထမင်းဆီဆမ်း ဘုရားတွင်ကပ်လှူပြီး လိုရာဆုတောင်းပါ။

အင်္ဂါသားသမီး

ဆန့်ကျင်ပဋိပက္ခဖြစ်သောသူများနှင့် ပြန်လည်အဆင်ပြေမည်။ အရပ်ဝေးနှင့်ဆက်စပ်၍ လုပ်ကိုင်သောကိစ္စမှ အကျိုးထူးခံစားရမည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့်ဆက်စပ်သောလုပ်ငန်းများရှိမည်။ မရောက်ဖူးသောအရပ်ဒေသသို့သွားရောက်ရမည်။ ရပိုင်ခွင့်ဟောင်းများပြန်လည်ရရှိမည်။

လုပ်ငန်းခွင်မှသူများ နေရာအပြောင်းအရွှေ့ကိစ္စဆောင်ရွက်ရန် အခါသင့်သည်။ အတွင်းလူဒုက္ခပေးတတ်သည်။ ကာလရှည်ကြာလက်တွဲလာသောသူများနှင့်လမ်းခွဲရလိမ့်မည်။ ရပ်တန့်ထားသောလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ရင်း ပေါ်ပေါက်လာသောအကြံသစ်များကို ထပ်မံအကောင်အထည်ဖော်၍ အဆင့်မြင့်အောင်မြင်မှုကိုရမည်။

ယတြာ – မိမိအိမ်ဘုရားမှာ ရွှေရင်အေးကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

အခွင့်အလမ်း(၂)မျိုးပေါ်မည်။ ပထမရပ်တည်ဆုံးဖြတ်ထားသည့်အတိုင်း ရှေ့တိုးပါ။ စာချုပ်စာတမ်းများအသစ်ပြင်ဆင်ရမည်။ ရင်းနှီးသူများနှင့်စကားများရမည်။ လူမျိုးကွဲအကျိုးပေးမည်။ ခရီးကိစ္စအဆင်ပြေမည်။ မတော်တဆထိခိုက်မှုဂရုစိုက်ရမည်။ ညအချိန်အပျော်သွားလာခြင်းမပြုရ။ အန္တရာယ်ရှိတတ်သည်။ ကိုယ့်ကိစ္စမဟုတ်ဘဲ ရုံးရောက်ဂါတ်ရောက်ဖြစ်မည်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စစကားပြောရမည်။

မတင်မကျဖြစ်နေသောကိစ္စများကို ယတိပြတ် ဆုံးဖြတ်အဖြေရှာနိုင်မည်။ ချစ်သူနှင့်စကားများ၍ လမ်းခွဲရမည်။ ယခင်အတိတ်ချစ်သူဟောင်းနှင့်ပြန်တွဲဖြစ်မည်။ လူမျိုးကွဲမိတ်ဆွေများအကျိုးပေးမည်။ အလွဲလွဲအချော်ချော်ဖြစ်မည်။ လုပ်နိုင်စွမ်းရှိသလောက်မလုပ်ဖြစ်။ အခက်အခဲများကိုဖြေရှင်းရမည်။ ရန်အတိုက်အခံများရှိနေဆဲဖြစ်သည်။ စေတနာအပေါ် တန်ဖိုးမထားသူများနှင့်တွေ့မည်။

ယတြာ – အကြွေစေ့တစ်စေ့ကို ရွှေရောင်စက္ကူနှင့်ပတ်ပြီး ဆောင်ထားခြင်းပြုပါ။

ကြာသပတေးသားသမီး

လုပ်နေသောလုပ်ငန်းအချို့ရပ်တန့်၍ လမ်းကြောင်းသစ်ကိုဦးတည်ဆောင်ရွက်ပါ။ ခက်ခဲသောလုပ်ငန်းများဦးစားပေးဖြေရှင်းရန် အခါကောင်းကျရောက်သည်။ ယှဥ်ပြိုင်ဆောင်ရွက်သောကိစ္စမှန်သမျှ အောင်မြင်ခြင်းရှိမည်။ အတတ်ပညာကိုအသုံးချ၍ အဆင့်မြင့်သောတက်လမ်းရမည်။ အနက်ရောင်ပေါ်တွင် ပန်းပွင့်ပုံပါသောပစ္စည်းမှန်သမျှကိုသုံးစွဲစဥ် သတိရှိပါ။ မတော်တဆအန္တရာယ်များဖြစ်တတ်သည်။

အကြီးအကဲများ ကျန်းမာရေးအညံ့ရှိက မပေါ့ဆရ။ ယာဥ်ကားထိခိုက်မှု အန္တရာယ် အထူးသတိရှိရမည်။ ငွေကြေးစုဆောင်းရန် ခက်ခဲမည်။ ကာလအတန်ကြာစုဆောင်းသိမ်းဆည်းထားသည်များကို သူတစ်ပါးအတွက် သုံးစွဲရလိမ့်မည်။ သူတစ်ပါးစကားကတိများကို ယုံစားခြင်းငှာမသင့်။ လူလိမ်လူကောက်သတိရှိပါ။ လက်ပြောင်းလက်လွှဲပြုသောအခါများတွင် စနစ်တကျစစ်ဆေးပြီးမှ လက်ခံပါ။ ငွေကြေးစာရင်းဇယား အရှုပ်အထွေးများဖြစ်တတ်သည်။

ယတြာ – အဖြူရောင် ခေါင်းအုံးစွပ်များကို အသုံးပြုပြီး အိပ်စက်အနားယူပါ။

သောကြာသားသမီး

အလှူမင်္ဂလာကိစ္စများကြုံမည်။ မေတ္တာရေးကံကောင်းမည်။ မိတ်ဆွေကောင်းတိုးပွားမည်။ အမျိုးသမီးမိတ်ဆွေအကြီးအကဲထံမှ အထောက်အကူရရှိမည်။ အချစ်သစ်နှင့်အဆင်ပြေနေရာမှ ချစ်သူဟောင်း၏ အနှောင့်အယှက်များကြုံတွေ့မည်။ အိမ်ထောင်သည်များအဖို့ အပြန်အလှန်ပဋိပက္ခဖြစ်စရာ အခြေခံဖြစ်ရပ်များကြုံတွေ့မည်။ ဘေးစကား၊ သွေးသားရှုပ်ထွေးမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်။ စုပေါင်းလုပ်ငန်းအကျိုးပေးမည်။ လူမျိုးကွဲနှင့်ဆက်စပ်သောလုပ်ငန်းများမှ ထင်ရှားသောအကျိုးရမည်။

လုပ်ရိုးလုပ်စဥ်မဟုတ်သောကိစ္စများမှ ဖြစ်ပေါ်သောပြဿနာများကို ချက်ချင်းဖြေရှင်းပါ။ အာမခံခြင်း၊ တာဝန်ယူခြင်းမပြုရ။ အဆုံးသတ်ခါနီးမှ အနှောင့်အယှက်များကြုံမည်။ အနီးကပ်ရန်ကြောင့် အပြီးသတ်ရန်ခဲယဥ်းမည်။ စီမံထားသည်ကတစ်မျိုး၊ လက်တွေ့ဆောင်ရွက်ရသည်ကတစ်မျိုးဖြစ်မည်။ အရေးကြီးသောစာရွက်စာတမ်းများပျောက်ရှတတ်သည်။ မိသားစုအကြီးအကဲတို့၏ ကျန်းမာရေးကိုအထူးဂရုစိုက်ပါ

ယတြာ – မိမိအိမ်ဘုရားမှာ စပယ်ပန်းကပ်လှူပါ။

စနေသားသမီး

ဆောင်ရွက်မှုမှန်သမျှ အောင်မြင်မည်။ အခက်အခဲများစွာကို ကျော်လွှားနိုင်မည်။ ရန်ပဋိပက္ခများပယ်ရှားနိုင်မည်။ ငွေပေးငွေယူကိစ္စမှန်သမျှ သတိရှိပါ။ နာမည်ပျက်အောင် ဆောင်ရွက်သူများရှိနေသည်။ အမည်အလွဲသုံးစားလုပ်သူများနှင့် ကြုံတတ်သည်။ အလုပ်အကြံအစည်အောင်မည်။ ထူးထူးခြားခြားငွေဝင်မည်။

ပညာတတ်ဉာဏ်မဲ့သူများ၏ အနှောင့်အယှက်ပေးမှုများကြုံတတ်သည်။ အတ္တကြီးမားသောသူများကြောင့်လုပ်ငန်းများနှောင့်နှေးမည်။ သူတစ်ပါးနှင့်ပူပေါင်းလုပ်ခြင်းထက် တစ်ဦးတည်းလုပ်ခြင်းက ပိုမိုအဆင်ပြေမည်။ ခိုက်ရန်ဖြစ်ပေါ်မှုများကြုံမည်။ ရှောင်ပါ။ တစ်ဖက်သူ၏ သိက္ခာမဲ့စွာပြောဆိုဆောင်ရွက်မှုများအပေါ် တုံ့ပြန်ရန်ပြုက အမှားကြုံမည်။ ယာဥ်၊ စက်ပစ္စည်းများအပျက်အစီးများမည်။

ယတြာ – မိမိအိမ်ဘုရားမှာ ဆီမီး(၃)တိုင်ကပ်လှူပါ။

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။