အိမ်ထောင်သက် ၁၈ နှစ်ပြည့်မှာ မင်္ဂလာဆောင်ဓာတ်ပုံအတိုင်း ပြန်လည်ဖန်တီးခဲ့တဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာတို့ ဇနီးမောင်နှံ

Celebrity International News
အိမ်ထောင်သက် ၁၈ နှစ်ပြည့်မှာ မင်္ဂလာဆောင်ဓာတ်ပုံအတိုင်း ပြန်လည်ဖန်တီးခဲ့တဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာတို့ ဇနီးမောင်နှံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ထောင်သက် ၁၈ နှစ်ပြည့်မှာ မင်္ဂလာဆောင်ဓာတ်ပုံအတိုင်း ပြန်လည်ဖန်တီးခဲ့တဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာတို့ ဇနီးမောင်နှံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ထောင်သက် ၁၈ နှစ်ပြည့်မှာ မင်္ဂလာဆောင်ဓာတ်ပုံအတိုင်း ပြန်လည်ဖန်တီးခဲ့တဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာတို့ ဇနီးမောင်နှံ

Iron Man ဇာတ်ကောင်နဲ့ လူသိများတဲ့ မင်းသားကြီး ရောဘတ် ဒေါင်းနီဂျူနီယာနဲ့ သူ့ဇနီးဖြစ်သူ ဆူဆန်တို့ဟာ အိမ်ထောင်သက် ၁၈ နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ သူတို့ဇနီးမောင်နှံက ၁၈ နှစ်ပြည့် မင်္ဂလာသက်တမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ မင်္ဂလာဆောင်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ဓာတ်ပုံအတိုင်း ပြန်လည်ဖန်တီးခဲ့ကြပါတယ်။

ဒေါင်းနီက မင်္ဂလာဆောင်ဓာတ်ပုံအတိုင်း လက်ရှိပြန်လည်ရိုက်ကူးထားတဲ့ဓာတ်ပုံကို “၁၈ နှစ်…အချစ်တွေ ပေါက်ဖွားနေတုန်းပါပဲ”ဆိုတဲ့စာသားနဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာပါ။ ဒီဓာတ်ပုံက ပရိသတ်တော်တော်များများရဲ့နှလုံးသားကို အရည်ပျော်သွားစေခဲ့ပြီး သူတို့နှစ်ဦးအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

ရောဘတ် ဒေါင်းနီဂျူနီယာနဲ့ သူ့ဇနီး ဆူဆန်တို့က ၂၀၀၃ ခုနှစ်ရဲ့ Gothika ဇာတ်ကားရိုက်ကွင်းမှာ တွေ့ဆုံခဲ့ကြတာပါ။ အဲ့တုန်းက ဆူဆန်ဟာ Silver Pictures ထုတ်လုပ်ရေးကုမ္ပဏီရဲ့ထုတ်လုပ်သူပါ။ အစကတော့ ဆူဆန်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ချိန်းတွေ့ရတာကို နှစ်သက်တဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ နောက်တော့ ဒေါင်းနီအပေါ် အချစ်တွေကြီးထွားလာခဲ့တာပါ။ သူတို့ တွဲခဲ့ပြီး လအနည်းငယ်အတွင်း စေ့စပ်ခဲ့ကြပြီး ၂၀၀၅ ခုနှစ် ဩဂုတ်လမှာ လက်ထပ်ခဲ့ကြပါတယ်။

သူတို့ဇနီးမောင်နှံမှာ ကလေး နှစ်ယောက်ရှိပြီး Team Downey အမည်နဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကိုတောင် တည်ထောင်ထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။