တရုတ်နိုင်ငံမှာ ခေတ်စားနေတဲ့ ရေခဲတုံးကင်

International News
တရုတ်နိုင်ငံမှာ ခေတ်စားနေတဲ့ ရေခဲတုံးကင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်နိုင်ငံမှာ ခေတ်စားနေတဲ့ ရေခဲတုံးကင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ခေတ်စားနေတဲ့ ရေခဲတုံးကင်

တရုတ်နိုင်ငံမှာတော့ ရေခဲတုံးကင်ဆိုတဲ့ စားစရာတစ်မျိုး ရေပန်းစားနေပါတယ်။ ကျန်းဇီပြည်နယ်၊ နန်ချန်းမြို့ လမ်းဘေးဆိုင်လေးမှာ ရေခဲတုံးကင် လုပ်နေတဲ့ ဗီဒီယိုဖိုင်က တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့တာပါ။ ရေခဲတုံးကို အချဉ်ရည်နဲ့ အရသာမှုန့် ဖြူးပြီး မီးဖိုပေါ် ခဏကြာ လှိမ့်လိုက်တာ ဖြစ်ပါတယ်။

အဲဒီဆိုင်က ရေခဲတုံးကင်ကို ရောင်းချတာမဟုတ်ဘဲ အခမဲ့ကျွေးတာပါ။ ပူအိုက်တဲ့ နွေရာသီမှာ လူတွေ အပူဒဏ်သက်သာစေပြီး စိတ်ရွှင်လန်းအောင် အပျော်သဘောနဲ့ ရေခဲတုံးကင်ကို ထွင်ခဲ့တာလို့ ဆိုင်ရှင်က ဆိုပါတယ်။ သူက အပျော်သဘောပဲ လုပ်ခဲ့ပေမဲ့ လူတွေက ရေခဲတုံးကင်ကို အလွန်သဘောကျသွားလို့ အခုလို ဆက်လုပ်နေတာပါ။


အွန်လိုင်းအသုံးပြုသူတွေကတော့ ရေခဲတုံးကင်ကို ပူနေတုန်း စားရမှာလား၊ အေးသွားမှ စားရမှာလား။ ဘယ်လို စားစရာမျိုးလဲဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။