၂၀၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( September 4 to 10 )
========================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံစားနေရတတ်ပါတယ်။ အထူးသဖြင့် မိမိကိုယ်မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။ စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်မှုရှိအောင် နေထိုင်ပေးရပါမယ်။

ယခုအပတ် အစောပိုင်းတွင် ငွေ‌ရေးကြေးရေးသည် အနည်းငယ် ခက်ခဲနေတတ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မိမိတို့၏ လုပ်ငန်းကို အသေချာ စီမံပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း Aries ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်မှုများ ရှိနေပါမယ်။ သတင်းကောင်းများကြောင့် ပျော်ရွှင်စရာ အခိုက်အတန့်များကို ပိုင်ဆိုင်နိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus ( September 4 to 10 )
========================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် အထိအခိုက် ဒဏ်ရာ ရရှိနိုင်ခြေ ရှိနေသောကြောင့် ဂရုစိုက်ပေးရပါမယ်။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေ ချောမွေ့နေပါမယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။

ဒါ့အပြင် မိသားစုဝင်များ အတွက် လိုအပ်သော ငွေကြေး ထောက်ပံ့မှုကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် မိမိ၏ အလုပ်ကိစ္စများနှင့်သာ အချိန်မကုန်ဆုံးပါနှင့်။ တတ်နိုင်သမျှ အိမ်မှုရေးရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးပါ။

မေထုန်ရာသီခွင် – Gemin ( September 4 to 10 )
========================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် အရာအားလုံး အဆင်ပြေ ချော‌မွေ့နေပေမယ့်လို့ စိတ်ပိုင်းဆိုင်ရာအရ အားနည်းနေတတ်ပါတယ်။

မသေချာ မရေရာမှုတို့ကြောင့် ကောင်းမွန်စွာ ဆုံးဖြတ်ချက် ချမှတ်နိုင်မည် မဟုတ်ပေ။ ငွေရေးကြေးရေး ကံကောင်းခြင်း၊ ဥစ္စာဒါန ဖွံဖြိုးခြင်းများ ရှိနေပါမယ်။ ဒ့ါအပြင့် အတိတ်ကာလ ရင်းနှီးမြုပ်နှံမှုများမှ အကျိုးအမြတ် ရရှိနိုင်မည့် အလားအလာကောင်းများလည်း ရှိနေပါတယ်။ သို့သော် ငွေကြေး သုံးစွဲရာတွင် အထိန်းအကွပ် ထားရှိပေးရပါလိမ့်မယ်။

ယခုအပတ်တွင် မိသားစုဝင်တို့၏ လိုအပ်ချက်များကို ဦးစားပေး ဆောင်ရွက်ပါ။ မိမိ၏ ဂရုစိုက်မှု၊ ချစ်ခြင်မေတ္တာတို့ကို ထုတ်ဖော် ပြသပေးရန် လိုအပ်ပါလိမ့်မယ်။

ကရကဋ်ရာသီခွင် – Cancer ( September 4 to 10 )
========================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန်ထက် အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ အထူးသဖြင့် အစပ်လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်ပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးနှင့် ပက်သက်၍ ကံတရားသည် ကောင်းမွန်နေပါမယ်။ ဝင်ငွေ ကောင်းမွန်နေပီး ငွေကြေး စုဆောင်းမှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

လူမှုရေး လုပ်ငန်အချို့ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ သို့သော် Cancer ရာသီခွင်တို့၏ မိသားစု ကျန်းမာရေးသည် အားနည်းနေတတ်ပါတယ်။ ကျန်းမာရေးအရ ငွေကြေးအချို့သုံးစွဲရဖွယ် ရှိနေပါတယ်။ ဤကာလအတွင်း မိသားစု တာဝန်ဝတ္တရားသည် ပုံမှန်ထက် များပြားနေတတ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( September 4 to 10 )
========================================

ယခုအပတ်တွင် Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်ကောင်းမွန်နေပါမယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါလိမ့်မယ်။ အလုပ်များကို တက်ကြွစွာ လုပ်ဆောင်နိုင်ပါမယ်။ ကာလရှည်ကြာစွာ ရောဂါခံစားနေရပါက သက်သာ ပျောက်ကင်းနိုင်မည့် အလားအလာကောင်းများလည်း ရှိနေပါတယ်။

ဤကာလအတွင်း ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အခွင့်အလမ်းများနှင့် အတူ အပိုဝင်ငွေ ရရှိနိုင်ပါမယ်။ သို့သော် မှန်မှန်ကန်ကန် န ည်းဗျူဟာတို့ဖြင့် လုပ်ဆောင်ပေးရန် လိုအပ်ပါလိမ့်မယ်။

မိသားစုအတွင်း သဘောထား ကွဲလွဲမှုတို့ကြောင့် စကားအခြေအတင် ပြောဆိုရတတ်ပါတယ်။ စိတ်လိုက်မာန်ပါ ပြုမှုခြင်းထက် စိတ်ရှည်ရှည်ထားပေးပါ။

ကန်ရာသီခွင် – Virgo ( September 4 to 10 )
========================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် ဆီးချို ဝေဒနာရှင်များ၊ အဝလွန်ကြသူများ အနေနှင့် အစား‌အသောက်ကို အထူးဂရုစိုက်ပေးရပါလိမ့်မယ်။

ငွေရေးကြေးရေး အရ မလိုအပ်သော အရာအတွက် ငွေကြေး သုံးစွဲရဖွယ် ရှိနေပါတယ်။ ဒါကြောင့် ငွေကြေး ကိစ္စနှင့် ပက်သက်၍ အလျင်စလို ဆုံးဖြတ်ချက် မချမိစေရန် သတိထားပေး ရပါမယ်။

ဤကာလအတွင်း မိမိ၏ မိသားစုအပေါ် ပိုမိုအချိန်ပေးနိုင်ပါလိမ့်မယ်။ မိသားစုအတွင်း အေးချမ်းမှုနှင့် အတူ ပျော်ရွှင်မှုများ ပြည့်နှက်နေပါလိမ့်မယ်။

တူရာသီခွင် – Libra ( September 4 to 10 )
========================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ အားနည်းနေတတ်ပါတယ်။ စိတ်ဖိစီးမှုတို့ကြောင့် ကျန်းမာရေး ဝေဒနာများ ဝင်ရောက်လာနိုင်ပါတယ်။ မိမိ၏ ကျန်းမာရေးကို မြှင့်တင်ပေးပါ။ အထူးသဖြင့် မူယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ဤကာလအတွင်း ငွေကြေး ကံတရားသည် အားနည်းနေတတ်ပါတယ်။ ငွေကြေး ရင်းနှီးမြုပ်နှံမှုများကို အလျင်စလို မပြုလုပ်ပါနှင့်။ မည်သည့် ခြေလှမ်းကိုမဆို သတိထား ဆောင်ရွက်ပေးရန် လိုအပ်ပါလိမ့်မယ်။

ယခုအပတ်တွင် Libraရာသီခွင်တို့သည် မိသားစုဝင်များနှင့် အတူ အလည်အပတ် ခရီးသွားရတတ်ပါတယ်။ အပြုသဘောဆောင်သော အပြောင်းအလဲတို့ဖြင့် ပျော်ရွှင်မှုများ ရှိနေပါလိမ့်မယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( September 4 to 10 )
========================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်နေပါမယ်။ အထူးသဖြင့် အသက်အရွယ် ကြီးသူများ အနေနှင့် ခါးနာခြင်း သို့မဟုတ် အဆစ်အမြစ် ကိုက်ခဲခြင်းများ ခံစားနေရပါက သက်သာရာ ရရှိနိုင်ပါမယ်။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသုံးပြီး ယောဂ လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း ငွေကြေး အကျိုးအမြတ်များနှင့် အတူ လုပ်ငန်းခွင် တိုးချဲ့မှုများ ပြုလုပ်နိုင်ပါမယ်။

သို့သော် ငွေကြေး စီမံခန့်ခွဲမှုများ ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဓနုရာသီခွင် – Sagittarius ( September 4 to 10 )
========================================

ယခုအပတ်တွင် Sagittarius ရာသိခွင်တို့သည် ကျန်းမာရေး အားနည်းနေနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်ပီး စိတ်ဖိစီးမှုများ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ဤကာလအတွင်း ခရီးဝေး သွားလာခြင်းတို့ကို ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အဆင်ပြေနေပါမယ်။ သို့သော် ရက်သတ္တပတ် အဆုံးတွင် အထွက်ငွေသည် ကြမ်းတမ်းနေတတ်ပါတယ်။

ရရှိလာသော အခွင့်အရေးများကို အကျိုးရှိရှိ အသုံးချပါ။ လိုအပ်ပါက ဆရာကောင်း၊ မိတ်ဆွေကောင်းများထံမှ အကြံဉာဏ်များ ရယူနိုင်ပါတယ်။ ဤကာလအတောအတွင်း အလုပ်တာဝန်များပြားနေသောကြောင့် Sagittariusရာသီခွင်တို့သည် မိသားစု ဘဝအတွက် အချိန်အလုံအလောက် ပေးနိုင်မည် မဟုတ်ပေ။

မကာရရာသီခွင် – Capricorn ( September 4 to 10 )
========================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် ‌အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် အဆိုးမြင် အတွေးများမှ လွတ်မြောက်အောင် ကြိုးစားပေးရပါလိမ်မ့ယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးပါ။

ငွေရေးကြေးရေး အရ တိုးတက်မှုများ ရှိလာပါလိမ့်မယ်။ မမျှော်လင့်ဘဲ ငွေကြေး အကျိုးခံစားခွင်များ ရရှိတတ်ပါတယ်။

ဤကာလအတွင်း ကိုယ်ရေးကိုယ်တာ အခက်အခဲတို့ကြောင့် ပျော်ရွှင်မှုသည် ကင်းမဲ့နေနိုင်ပါတယ်။ မိမိတစ်ဦးတည်း မွန်းကြပ်မှုကြားတွင် ပိတ်လှောင်မနေဘဲ မိသားစုဝင်များ သို့မဟုတ် ရင်းနှီးသော မိတ်ဆွေ၊ အပေါင်းအသင်းများကို ပြောဆိုပေးပါ။ သို့မှသာ စိတ်သက်သာရာ ရရှိပါလိမ့်မယ်။

ကုမ်ရာသီခွင် – Aquarius ( September 4 to 10 )
========================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား ရောဂါ ဝေဒနာများ ခံစားရမည် မဟုတ်ပါ။ သို့သော် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ငွေရေးကြေးရေးနှင့် ပတ်သက်၍ ယခုတစ်ပတ်တွင် ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ် တွေးတောပေးရပါလိမ့်မယ်။ ယခင်ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုများမှ ငွေကြေး အကျိုးအမြတ် ရရှိနိုင်သလို မလိုအပ်သော တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရခြင်းကြောင့် ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။

မိသားစု စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ဤကာလအတွင်း ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ မိသားစုဝင်များနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်နေပါမယ်။

မိန်ရာသီခွင် – Pisces ( September 4 to 10 )
========================================

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ကောင်းမွန်နေပါမယ်။ အကယ်၍ ယခင်က ရောဂါ ဝေဒနာ ခံစားနေရပါက သက်သာ ပျောက်ကင်းနိုင်ဖွယ် ရှိနေပါတယ်။ သို့သော် မိမိ၏ ကျန်းမာရေးအတွက် အချိန်ပေး ဂရုစိုက်ပါ။

ဤကာလအတွင်း ငွေကြေး အခြေအနေသည် အနည်းငယ် ကျပ်တည်းနေရတတ်ပါတယ်။ ဒဏ်ကြေး၊ လျော်ကြေးငွေများ ပေးဆောင်ရဖွယ် ရှိနေပါတယ်။

မိသားစုဝင်များ အကြား နွေးထွေးမှု ရရှိအောင် ပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မယ်။ မိမိကိုယ်မိမိ အမြဲ ဦးစားပေးနေမည့်အစား တခြားသူတို့၏ စိတ်ဆန္ဒ သဘောထားကိုပါ သိရှိအောင် ပြုလုပ်ပေးပါ။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။