မော်ရိုကိုငလျင်မှာ thayဆုံးသူ ၂၀၀၀ ကျော် ရှိလာ

International News
မော်ရိုကိုငလျင်မှာ thayဆုံးသူ ၂၀၀၀ ကျော် ရှိလာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မော်ရိုကိုငလျင်မှာ thayဆုံးသူ ၂၀၀၀ ကျော် ရှိလာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မော်ရိုကိုငလျင်မှာ thayဆုံးသူ ၂၀၀၀ ကျော် ရှိလာ

မော်ရိုကိုငလျင်မှာ thayဆုံးသူ ၂၀၀၀ ကျော် ရှိလာခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသူ ၁၄၀၄ ဦးအထိ ရှိနေပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ မဂ္ဂနီကျူ့စ်ငလျင်ဟာ ဆယ်စုနှစ်များစွာအတွင်း မော်ရိုကိုနိုင်ငံမှာ လူthayဆုံးမှုအများဆုံးငလျင် ဖြစ်ခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက အပျက်အစီးတွေကြားမှာ အသက်ရှင် ကျန်ရစ်သူတွေကို လိုက်လံရှာဖွေလျက် ရှိပါတယ်။ ငလျင်လှုပ်ခတ်မှုအပြီး ပထမဆုံး ၇၂ နာရီဟာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအတွက် အရေးအကြီးဆုံးဖြစ်တယ်လို့ ယူနီဆက်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

မော်ရိုကိုစစ်တပ်က အပျက်အစီး အပိုင်းအစတွေ ပိတ်ဆို့နေတဲ့ အဓိကလမ်းမကြီးကို ရှင်းလင်းဖယ်ရှားနေပြီး အထောက်အပံ့ပစ္စည်းတွေ ပေးပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ အမေရိကန်၊ စပိန်၊ အီတလီ၊ ပြင်သစ် စတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံအများအပြားက မော်ရိုကိုနိုင်ငံအတွက် အထောက်အပံ့ အကူအညီတွေ စေလွှတ်ပေးထားပါတယ်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဘေးအန္တရာယ်တုံ့ပြန်ရေး အရေးပေါ်ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ ၁.၁ သန်း ကူညီပေးဖို့ ကတိပြုထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။