အမျိုးသားတွေ မုတ်ဆိတ်၊ နှုတ်ခမ်းမွေး ယားယံခြင်းကနေ သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းများ

Health Knowledge
အမျိုးသားတွေ မုတ်ဆိတ်၊ နှုတ်ခမ်းမွေး ယားယံခြင်းကနေ သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမျိုးသားတွေ မုတ်ဆိတ်၊ နှုတ်ခမ်းမွေး ယားယံခြင်းကနေ သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမျိုးသားတွေ မုတ်ဆိတ်၊ နှုတ်ခမ်းမွေး ယားယံခြင်းကနေ သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းများ


အမျိုးသားတိုင်းဟာ သဘာဝအလျောက် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတို့ကို ပိုင်ဆိုင်ထားကြတာပါ။ အဲဒါတွေက အမျိုးသားတွေရဲ့ ယောကျာ်းပီသမှုကို ပြသနေတဲ့အမှတ်အသားလည်းဖြစ်ပါတယ်။ မုတ်ဆိတ်မွေး၊ နှာခေါင်းမွေးအရှည်ထားတဲ့ အမျိုးသားတွေရှိသလို အရှည်မထားတဲ့ အမျိုးသားတွေလည်းရှိပါတယ်။

အရှည်မထားချင်တဲ့ အမျိုးသားတွေကတော့ ရှည်လာရင် ရိတ်ပစ်ကြပြီး အရှည်ထားတဲ့ အမျိုးသားတွေကျတော့လည်း မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတို့ကို ဂရုစိုက်ပေးဖို့ မေ့နေတတ်ကြပါတယ်။ အရှည်ထားတဲ့သူတွေက မုတ်ဆိတ်၊နှုတ်ခမ်းမွေးတွေကို ဂရုမစိုက်ဘူးဆိုရင် ရက်အနည်းငယ်ကြာရင် ဘယ်လိုဖြစ်လာလဲဆိုတာ သိကြမှာပါ။

အမွေးတွေ ပုံမကျပန်းမကျဖြစ်စေတဲ့အပြင် ယားယံတာနဲ့ ဓာတ်မတည့်တာတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အခုလိုမိုးရွာတဲ့အချိန်မျိုးမှာပါ။ မုတ်ဆိတ်၊ နှုတ်ခမ်းမွေးတွေ ချွေးပြန်ပြီး ဘတ်တီးရီးယားပိုးတွေ ဝင်လာတဲ့အခါမှာ ယားယံတာတွေဖြစ်လာရတာပါ။ မုတ်ဆိတ်မွေး၊နှုတ်ခမ်းမွေးအရှည်မထားတဲ့သူတွေလည်း ယားယံတာမျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုပြဿနာတွေကို ဖယ်ရှားချင်ရင်တော့ အချိန်အနည်းငယ်ပေးပြီး အောက်မှာဖော်ပြပေးထားတဲ့အဆင့်တွေကို လိုက်နာရမှာဖြစ်ပါတယ်။

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတို့ကို ပုံမှန် သန့်စင်ဆေးကြောပေးပါ

သင့်နှုတ်ခမ်းမွေးကလည်း သင့်မျက်နှာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါကြောင့် သင့်နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးအထူအပါးပေါ်မူတည်ပြီး သင့်မျက်နှာက အရမ်းအဆီပြန်ပြီး စေးကပ်ကပ်ဖြစ်လာရပါတယ်။ ဒါက သင့်နှုတ်ခမ်းမွေးကို ယားယံလာစေပြီး ဘတ်တီးရီးယားကူးစက်ခြင်းနဲ့ ဝက်ခြံပေါက်တာတွေဖြစ်လာစေပါတယ်။ အဲဒီလိုမဖြစ်အောင် ကာကွယ်ဖို့ဆိုရင် သင့်မျက်နှာနဲ့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတို့ကို မျက်နှာသစ်ဆေးနဲ့ တစ်နေ့ (၂) ကြိမ် နေ့တိုင်း သန့်စင်ပေးသင့်ပါတယ်။ သင် အပြင်ရောက်နေတဲ့အခါမျိုးမှာ မျက်နှာနဲ့နှုတ်ခမ်းမွေးပေါ်က ချွေးတွေကို wipe tissue နဲ့ သုတ်ပေးသင့်ပါတယ်။

နှုတ်ခမ်းမွေးကို ရေဓာတ်ဖြည့်ပေးပါ

နှုတ်ခမ်းမွေးကို သန့်ရှင်းအောင်ထားတာအပြင် တစ်ချိန်တည်းမှာပဲ ရေဓာတ်ထိန်းပေးရပါမယ်။ နှုတ်ခမ်းမှာရှိတဲ့ အမွေးအမှင်တွေက ခေါင်းမှာရှိတဲ့ဆံပင်တွေနဲ့ ကွာခြားပါတယ်။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတိုနေရင်တောင် ရှုပ်ပွရှုပ်ထွေးတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပက်နဲ့ အုန်းဆီတို့လို သဘာဝပစ္စည်းတွေနဲ့ နှုတ်ခမ်းမွေးကို ရေဓာတ်ဖြည့်ပေးသင့်ပါတယ်။ ဒီလိုလုပ်လိုက်ရင် နှုတ်ခမ်းမွေးရှုပ်ပွတာတွေ မဖြစ်တော့တဲ့အတွက် ယားယံတာတွေလည်းဖြစ်လာနိုင်တော့မှာမဟုတ်ပါဘူး။

လိုအပ်တဲ့အချိန်ဆို မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတို့ကို ညှိပေးပါ

တိတာ၊ ညှိတာ၊ ရိတ်တာမလုပ်ထားတဲ့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေက ဘတ်တီးရီးယားပိုးမွှားတွေကို ဖိတ်ခေါ်နေတာပါ။ ဒါ့အပြင် သင့်ရဲ့ပုံပန်းအသွင်အပြင်ကိုလည်း ဖိုသီဖတ်သီနဲ့ ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် သင့်မျက်နှာမှာ အရမ်းကြည့်ရဆိုးနေပြီဆိုရင် သင့်ရဲ့မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတို့ကို ရိတ်ပေးဖို့၊ ညှိပေးဖို့၊ တိပေးဖို့ မမေ့ပါနဲ့။

ဓာတုပစ္စည်းတွေ သုံးတာကို ရပ်တန့်လိုက်ပါ

ဓာတုပစ္စည်းတွေက သင့် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတို့ကို ဆိုးရွားလာစေနိုင်ပါတယ်။ ဓာတုပစ္စည်းပါဝင်တဲ့ထုတ်ကုန်တွေက အရေပြားနီမြန်းတာနဲ့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးယားယံတာတွေ ဖြစ်လာနိုင်ပါတယ်။ နှုတ်ခမ်းမွေးကို သဘာဝပစ္စည်းတွေနဲ့ ထိန်းသိမ်းတာအကောင်းဆုံးပါပဲ။

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတို့ကို ဘီးနဲ့ဖြီးပေးပါ

တစ်နေ့ကို အနည်းဆုံး (၁) ကြိမ် (သို့) (၂) ကြိမ်လောက်ဖြစ်ဖြစ် သင့်နှုတ်ခမ်းမွေးကို ဖြီးပေးဖို့ မမေ့ပါနဲ့။ နှုတ်ခမ်းမွေးကို ယားယံစေတဲ့ ပုံမကျတာ၊ ရှုပ်ပွနေတာတွေ ဖြစ်မလာတော့ဘဲ အချိန်အကြာကြီး သေသပ်နေပါလိမ့်မယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။