လှည်းဦးတိုက်၊ လှေဦးတိုက်၊လမ်းဦးတိုက်၊ကြက်လျှာစွန်းပုံမြေကွက် နဲ့ ဖုန်းရွှေပညာရပ်

Astrology
လှည်းဦးတိုက်၊ လှေဦးတိုက်၊လမ်းဦးတိုက်၊ကြက်လျှာစွန်းပုံမြေကွက် နဲ့ ဖုန်းရွှေပညာရပ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လှည်းဦးတိုက်၊ လှေဦးတိုက်၊လမ်းဦးတိုက်၊ကြက်လျှာစွန်းပုံမြေကွက် နဲ့ ဖုန်းရွှေပညာရပ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လှည်းဦးတိုက်၊ လှေဦးတိုက်၊လမ်းဦးတိုက်၊ကြက်လျှာစွန်းပုံမြေကွက် နဲ့ ဖုန်းရွှေပညာရပ်

 

မိမိတို့အနေနဲ့ ရံဖန်ရံခါ ကြုံရတတျတာကတော့ လှေဦးတိုက်၊ လှည်းဦးတိုက်၊ လမ်းဦးတိုက် မြေ နေရာ နဲ့ ​ကြက်လျှာစွန်းပုံမြေနေရာ ဝယ်ဖို့ တွေ့မယ်၊ ဝယ်ပေးဖို့ စဉ်းစားပေးရမယ့် အခြေအနေ လေးတွေဖြစ်တတ်ပါတယ်။နှစ်ပေါင်းထောင်ချီတဲ့ ပညာရပ်ဖြစ်ပြီး တစ်ကမ္ဘာလုံးက ယုံကြည်လကျခံ ကြတဲ့ နက်နဲ လှတဲ့ ဖုန်းရွှေ ပညာရပ်အရ လွယ်ကူလှတဲ့ အစီအရင်လေးတွေ လုပ်​ကြည့် ပါ။

လှည်းဦးတိုက်၊ လှေဦးတိုက်၊လမ်းဦးတိုက် နဲ့ ဖုန်းရွှေပညာရပ်

ဖုန်းရွှေပညာ စာအုပ်တွေမှာတော့…တီ (T) ပုံလမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလို မြေအနေထားမျိုးလည်း မြို့ပြအိမ်နေယာကွက်တွေမှာ အတွေ့များပါတယ်။
လှည်းဦးတိုက်၊ လှေဦးတိုက်၊လမ်းဦးတိုက် မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။”လှည်းဦးတိုက်၊ လှေဦးတိုက်” အိမ်ကတော့ခိုက်တယ်။ အဲ့ဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတတ်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေလည်း အဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာအရမှာတော့…မြန်မာ့ရိုးရာ ရှေ့ထုံးစဉ်လာ နည်းနာမှာရော…မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေထားမျိုးဖြစ်နေတယ်။ ဒါပေမယ့်…မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာ နည်းနာမှာတော့”လှည်းဦးတိုက်၊ လှေဦးတိုက်” နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ ပွဲရုံတွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။

စောစောက ပြောခဲ့တဲ့ ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်ဆုံးပေါ့။ အမှန်တော့”စျေးကွက်မြင်ကွင်း” အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်စားကြည့်မယ်။

မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ်ရဲ့ပွဲရုံကို မြင်နေရတယ်။သုံးဘက်မြင်ကွင်း (3D) ဖြစ်နေတယ်။ “စျေးကွက် မြင်ကွင်း” အားသာမှုရှိလို့ ပြောရင်ပိုမှန်တယ်။ လူနေရင်ခိုက်တယ် ဆိုတာကို ပြန်ပြီးစဉ်စားကြည့်ပါ။

” လှည်းဦးတိုက်။ လှေဦးတိုက်” အိမ်ကို ခိုးခြင်း၊ ဝှက်ခြင်း၊ လုယက်တိုက်ခိုက့်ခင်တဲ့လူတွေပ အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ…ရှေ့တူရှုလမ်းက တည့်တည့် မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်၊ ညာ ကွေ့သွားရင် ဖုန်မှုန့်တွေဟာ အိမ်တဲတန်းဝင်လာမှာပဲ။

ရှေ့တူရှုလမ်းက အသုဘ ချလာပြီဆိုပါတော့ အဲ့ဒိ အနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာ မြင်တွေ့နေရမယ်။ ရွာတွေမှာဆိုရင် “လှည်းဦးတိုက်၊ လှေဦးတိုက်” တဲတွေထဲကို ရှေ့တူရှု လှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စ ကျွံဝင်လာတာမျိုးကို ခဏခဏ ခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ “လှည်းဦးတိုက်၊ လှေဦးတိုက်” မှာမနေကောင်းဘူး။ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။

ဒါပေမယ့်…ဒီလို “လှည်းဦးတိုက်၊ လှေဦးတိုက်” နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုရင် ဘယ်လိုကာကွယ်မလဲ။ ဒါက လွယ်ပါတယ်။ တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။ ဒီနည်းထက် ပိုကောင်းတာကတော့…တံခါးရဲ့အပေါ်ဘက်၊ အိမ်အဝင်အဝ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကပ်ထား၊ ချိတ်ဆွဲထားရမယ်။

“လှည်းဦးတိုက်၊ လှေဦးတိုက်” အိမ်တွေမှာ မှန်ထောက်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တစ်ချို့မှန်ချပ်တွေက သေးလွန်းတယ်။ တစ်ချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်ချပ်ရဲ့အလယ် အနီရောင်နဲ စတုရန်းပုံအကွက်လေးရေးထားရမယ်။

အိမ်ဝမှာ အသောကပင်တွေ စိုက်ထားတာမျိုး။ အုတ်တံတိုင်း မြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ် ဆိုပေမယ့်…မြေအနေအထားအရ မဖြစ်နိုင်ပါဘူး။ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

ကြက်လျှာစွန်းပုံ မြေကွက်နဲ့ဖုန်းရွှေပညာရပ်


နောက်…အရေးကြီးတာ (Y) ပုံ လမ်းဆုံမှာဆောက်ထားတဲ့ အိမ်ကအခိုက်ဆုံးပဲ။ အမှန်တော့…တြိဂံပုံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်ပါပဲ။ “ကြက်လျှာစွန်း” ပုံအိမ်၊ “ကြက်လျှာစွန်း” မြေနေရာမှာ ဆောက်ထားတဲ့အိမ်လို့ ပြောလို့ရတယ်။အဲ့ဒီလို…အိမ်အနေအထားမျိုးကတော့.အိမ်ရှေ့တည့်တည့် မြေအစွန်းမှာ လျှပ်စစ်ဓါတ်မီးတိုင်၊ ဒါမှမဟုတ်ရင် အလံတိုင်စိုက်ပေးရမယ်။ လမ်းဆုံ ကြက်လျှာစွန်းထိပ်နဲ့ အိမ်အဝင်တံခါးမကြီးနဲ တည့်တည့်ကြီးဖြစ်နေရင် လုံးဝမကောင်းဘူး။

တရုတ်လူမျိုးတွေရဲ့ ရှေးဟောင်းအယူအဆကတော့… အဲ့ဒီတံခါးကို “မသာခြေကန်နေရာ” လို့တောင်ခေါ်တယ်။ ထောင့်ကျဉ်း (Y) ပုံစံ မြေကွက်မှာ မြေအပြည့်ဆောက်ထားတဲ့ အိမ်ပေါ့။ လမ်းမနှစ်ဘက်ကို အိမ်အဝင်တံခါးမကြီးထားတယ်။ မြို့ပြအိမ်နေရာတွေမှာ ဒီလိုအိမ်မျိုးတွေ ရှိတတ်ပါတယ်။

ကြက်လျှာစွန်းမြေကွက်ပေါ်မှာ ကြက်လျှာစွန်းအိမ်ဆောက်ထားတဲ့ ပုံစံပဲ။ ရှေ့မြန်မာအဖိုးအဖွားတွေကတော့ ဒီလိုအိမ်မျိုးမှာ မနေကောင်းဘူး။ အသက်တိုတယ်။ အန္တာရာယ်များတယ်လို့မှာကြားခဲ့တယ်။ ဒါပေမယ့်…ဆိုင်ဖွင့်ရင်တော့ ကောင်းတယ်။ ပွဲရုံဖွင့်ရင် ကောင်းတယ်။ အကျိုးပေးမယ်။ ရောင်းအားကောင်းမယ်လို့လဲ ဆိုပြန်တယ်။

ဖုန်းရွှေပညာအရတော့ …လူနေရင်လည်း ဆိုးကျိုးနဲ့ကြုံရမယ်။ ဆိုင်ဖွင့်ဖွင့်၊ ပွဲရုံဖွင့်ဖွင့်မကောင်းဘူး။ လုံးဝမကောင်းဘူး။ မကောင်းတဲ့ ကောင်းကင်ချီတွေ ဆင်းသက်တယ်။ ယင်၊ ယန်မျှတမှု အားနည်းတယ်။ လမ်းဘက်ကို မျက်နှာမူထားနဲ့တံခါးမကြီးနှစ်ခုရဲ့ အပေါ်မှာ မှန်ကပ်ထားမှန်ချိတ်ထားရမယ်။ ရိုးရိုးမှန်မရဘူး။ ပုံရိပ်ထင်တဲ့ မှန်ဖြစ်ရမယ်။

ခြောက်လက်မပတ်လည် စတုရန်းပုံ ဖြစ်ရမယ်။ မှန်ရဲ့ အလယ်မှာ အနီရောင်စတုရန်းပုံလေး ရေးထားရမယ်။ တံခါးဝတွေမှာ ပန်းအိုးထားရမယ်။ အဖြူရောင် အနီရောင်ပန်းတွေ ပွင့်တဲ့ ပန်းပင်စိုက်ထားရမယ်။

ယင်နဲ့ ယန်မျှတအောင် လုပ်ပေးတာပေါ့။ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်၊ လေးထပ်တိုက်ဖြစ်နေရင်လဲ အပေါ်ထပ်တွေရဲ့ လမ်းမဘက်လှည့်တဲ့ ပြူတင်ပေါက်တစ်ပေါက်စီရဲ့ပေါ်မှာ မှန်ချပ်ကပ်ထား၊ ချိတ်ထားရမယ်။ အပေါ်ဆုံးထပ်ရဲ့ အမိုးချွန်ပေါ်မှာ လျှပ်စစ်ဓါတ်မီးတိုင် အသေးတစ်တိုင် ဒါမှမဟုတ်ရင် အလံတိုင်ငယ်တစ်ခု စိုက်ထားရင် ပိုကောင်းတယ်။ အလံတိုင်မှာ အလံက တစ်လူလူလွင့်နေရမယ်။

ရေးသားသူ –ဆရာဦးဖုန်းမြတ်ဟိန်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။