VMAs ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအဆိုရှင်ဆုအပါအဝင် ဆု ၉ ဆုကို ဆွတ်ခူးခဲ့တဲ့ တေလာဆွစ်ဖ်

Celebrity International News
VMAs ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအဆိုရှင်ဆုအပါအဝင် ဆု ၉ ဆုကို ဆွတ်ခူးခဲ့တဲ့ တေလာဆွစ်ဖ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ VMAs ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအဆိုရှင်ဆုအပါအဝင် ဆု ၉ ဆုကို ဆွတ်ခူးခဲ့တဲ့ တေလာဆွစ်ဖ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

VMAs ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအဆိုရှင်ဆုအပါအဝင် ဆု ၉ ဆုကို ဆွတ်ခူးခဲ့တဲ့ တေလာဆွစ်ဖ်

ကမ္ဘာကျော်ပေါ့ပ်စူပါစတား တေလာဆွစ်ဖ်ဟာ စက်တင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ MTV ရဲ့ Video Music Awards မှာ တစ်နှစ်တာအကောင်းဆုံးအဆိုရှင်၊ တစ်နှစ်တာအကောင်းဆုံးဗီဒီယို၊ တစ်နှစ်တာအကောင်းဆုံးသီချင်းဆုအပါအဝင် ဆုကြီး ၉ ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ သူ့ရဲ့နာမည်ကြီးသီချင်း Anti-Hero နဲ့ ဆုအများဆုံးဆွတ်ခူးခဲ့တာပါ။

Anti- Hero နဲ့ ဆုရရှိခဲ့တာနဲ့ပတ်သက်ပြီး တေလာဆွစ်က စင်မြင့်ထက်မှာ ဆုကို ကိုင်ရင်း အခုလို ပြောကြားခဲ့ပါတယ်။ “ဒါက မယုံကြည်နိုင်လောက်အောင်ပါပဲ။ ပရိသတ်မဲပေးတဲ့ဆုဆိုတဲ့ အချက်က ကျွန်မအတွက် အရမ်းအဓိပ္ပာယ်ရှိပါတယ်”တဲ့။
တေလာဆွစ်ဖ် ဆွတ်ခူးသွားခဲ့ဆု (၉) ဆုကတော့

၁ Video of the year (“Anti-Hero”)
၂ Artist of the year
၃ Song of the year (“Anti-Hero”)
၄ Best pop (“Anti-Hero”)
၅ Best direction (“Anti-Hero”)
၆ Best cinematography (“Anti-Hero”)
၇ Best visual effects (“Anti-Hero”)
၈ Show of the summer
၉ Album of the year (“Midnights”) တို့ပါပဲ။

Anti-Hero သီချင်းဟာ တေလာဆွစ်ဖ်ရဲ့ “Midnights” သီချင်းအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။