သမီးဖြစ်သူရဲ့နာမည်ချည်းပဲ တက်တူး (၆၆၇) ခုထိုးပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အမျိုးသား

International News
သမီးဖြစ်သူရဲ့နာမည်ချည်းပဲ တက်တူး (၆၆၇) ခုထိုးပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အမျိုးသား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သမီးဖြစ်သူရဲ့နာမည်ချည်းပဲ တက်တူး (၆၆၇) ခုထိုးပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အမျိုးသား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သမီးဖြစ်သူရဲ့နာမည်ချည်းပဲ တက်တူး (၆၆၇) ခုထိုးပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အမျိုးသား

အသက် ၄၉ နှစ်အရွယ် ဗြိတိန်အမျိုးသားဟာ သူ့ရဲ့ခန္ဓာကိုယ်မှာ နာမည်တစ်ခုတည်းကို တက်တူးအများဆုံးထိုးခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ရယူနိုင်ခဲ့ပါတယ်။ မက်ခ် အိုဝမ် အီဗန်စ် ဆိုတဲ့ အဲဒီအမျိုးသားက သူ့ရဲ့ခန္ဓာကိုယ်မှာ သူ့သမီးရဲ့နာမည်ကိုပဲ ၆၆၇ ခါ တက်တူးထိုးခဲ့တာပါ။

၂၀၁၇ ခုနှစ်ကလည်း သူ့ခန္ဓာကိုယ်မှာ သူ့သမီးနာမည် Lucy ချည်းပဲ ၂၆၇ ခါ တက်တူးထိုးခဲ့တဲ့အတွက် နာမည်တစ်ခုတည်းတက်တူးအများဆုံးစံချိန်ကို ရရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၂၀ ခုနှစ်မှာတော့ အီဗန်စ်က နာမည်တစ်ခုတည်းကို တက်တူး ၃၀၀ ထိုးခဲ့တဲ့ အမေရိကန်နိုင်ငံသူ ဒိုင်ဒရာ ဗီဂီလ်ရဲ့စံချိန်ကို ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒါကြောင့် အီဗန်စ်က သူ့ရဲံစချိန်ကို ပြန်ယူဖို့အတွက် သူ့သမီးနာမည်ချည်းပဲ နောက်ကျောဘက်မှာ တက်တူးထပ်ထိုးဖို့ဆုံးဖြတ်ခဲ့တာပါ။ တက်တူး ၆၆၇ ခု ပြည့်ဖို့အတွက် ကျန်တဲ့ တက်တူး ၄၀၀ အတွက် အချိန် ၅ နှစ်ခွဲယူခဲ့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။