သတို့သားနဲ့သတို့သမီးအတွက် အရုပ်ကားလေးနဲ့ မင်္ဂလာလက်စွပ်ယူဆောင်လာပေးရတဲ့ ကြောင်လေး

International News
သတို့သားနဲ့သတို့သမီးအတွက် အရုပ်ကားလေးနဲ့ မင်္ဂလာလက်စွပ်ယူဆောင်လာပေးရတဲ့ ကြောင်လေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သတို့သားနဲ့သတို့သမီးအတွက် အရုပ်ကားလေးနဲ့ မင်္ဂလာလက်စွပ်ယူဆောင်လာပေးရတဲ့ ကြောင်လေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သတို့သားနဲ့သတို့သမီးအတွက် အရုပ်ကားလေးနဲ့ မင်္ဂလာလက်စွပ်ယူဆောင်လာပေးရတဲ့ ကြောင်လေး

မလေးရှားနိုင်ငံက သတို့သားနဲ့သတို့သမီးတို့ဟာ သူတို့ရဲ့မင်္ဂလာပွဲမှာ မင်္ဂလာလက်စွပ်ကိုင်ဆောင်တဲ့သူကို သူများတွေနဲ့မတူအောင် ရွေးချယ်ခဲ့တာပါ။ သူတို့အတွက် မင်္ဂလာလက်စွပ်ယူဆောင်လာပေးတဲ့သူက အဖြူရောင်အမွေးပွကြောင်လေးပါ။ ကြောင်လေးရဲ့နာမည်က လီလီ…အခုဆို လီလီဟာ လူအများရဲ့အာရုံစိုက်မှုကို ရရှိနေပါပြီ။

ဒီမင်္ဂလာအခမ်းအနားကို တင်ဆက်ပေးခဲ့ရတဲ့သူက မလေးရှားအစီအစဉ်တင်ဆက်သူ အမ်စီ ဖက်ထရီ ရက်ရာပါ။ သူ မင်္ဂလာပွဲမှာ တင်ဆက်ရမယ့် အရာတွေရေးထားတဲ့စာကို စက်တင်ဘာ ၈ ရက်နေ့က တင်ခဲ့ပါတယ်။ သတို့သမီးရဲ့ချစ်လှစွာသောကြောင်လေး လီလီကို လက်စွပ်တွေနဲ့အတူ မင်္ဂလာခန်းမထဲ ဖိတ်ကြားရမယ်ဆိုတာ အဲ့ဒီစာမှာ ပါဝင်ပါတယ်။

ဖက်ထရီရဲ့အဲ့ဒီပို့စ်ကို လူစိတ်ဝင်စားသွားခဲ့ပြီး လီလီရဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို တောင်းဆိုတဲ့သူတွေရှိလာခဲ့ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့၊ မင်္ဂလာပွဲညမှာ ဖက်ထရီက သတို့သား၊ သတို့သမီး ရာဟူးနဲ့ အာယူနီတို့ရဲ့ဓာတ်ပုံတွေကို မျှဝေပေးခဲ့ပါတယ်။ သတို့သား၊သတို့သမီးနှစ်ဦးစလုံးက အရိုးခွဲစိတ်ဆရာဝန်တွေဖြစ်တယ်လို့လည်း သိရပါတယ်။ သူ့ရဲ့ဖော်လိုဝါတွေ မျှော်လင့်နေတဲ့ လီလီရဲ့ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုလည်း သူ့ရဲ့တွစ်တာနဲ့ TikTok မှာတင်ပေးခဲ့ပါတယ်။

ပန်းရောင်ဖဲကြိုးကို ဝတ်ဆင်ထားတဲ့ လီလီက အရုပ်ကားလေးနဲ့ မင်္ဂလာပွဲမှာ ပေါ်လာခဲ့ပါတယ်။ လီလီက သတို့သား၊သတို့သမီးစောင့်ဆိုင်းနေတဲ့စင်မြင့်ဆီ လာနေတဲ့ အရုပ်ကားထဲမှာ ငြိမ်ငြိမ်လေးထိုင်နေတာကိုလည်း တွေ့ရပါတယ်။ ကားရပ်သွားတဲ့အချိန် ဧည့်ကြိုတစ်ဦးက ကားခေါင်းပေါ်တင်ထားတဲ့ဘူးထဲမှာ လက်စွပ်တွေကို ယူလိုက်တာပါ။ လီလီရဲ့ဗီဒီယိုတွေက စက်တင်ဘာ ၁၂ ရက်နေ့အထိ ကြည့်ရှုသူ ၂ သန်းကျော်သွားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။