နှာခေါင်းဘေးနှင့်အနီးတဝိုက်တွင်ရှိသောမှဲ့ပိုင်ရှင်များ…

Astrology
နှာခေါင်းဘေးနှင့်အနီးတဝိုက်တွင်ရှိသောမှဲ့ပိုင်ရှင်များ…

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှာခေါင်းဘေးနှင့်အနီးတဝိုက်တွင်ရှိသောမှဲ့ပိုင်ရှင်များ… ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှာခေါင်းဘေးနှင့်အနီးတဝိုက်တွင်ရှိသောမှဲ့ပိုင်ရှင်များ…

ထိုမှဲ့ပိုင်ရှင်များမှာပင်ကိုယ်အတွင်းစိတ်ထားဖြူစင်သောသူများဖြစ်ပါတယ်။ ဘဝကိုဘယ်တော့အခါမှ အရှုံးမပေးတတ် အကြိမ်ကြိမ်လဲကျ အကြိမ်ကြိမ်ပြန်ထနိုင်သူများလည်း ဖြစ်ပါတယ်။

ယခုဘဝတွင်စိတ်ရင်းစေတနာကောင်းသူများဖြစ်သော်လည်းအတိတ်ကံအားနည်းသူများဖြစ်သူများဟုဆိုရပါလိမ့်မည်။

ထိုမှဲ့ပိုင်ရှင်တွေရဲ့ဘဝမှာ ရွေးချယ်ခွင့်ရယ်မရှိကြပါဘူး ဘဝဇာတ်ခုံမှာ ကြုံသလိုကရင်း အနိမ့်အမြင့် အတက်အကျပေါင်းများစွာကိုရင်စီး ခံစားကြရပါတယ်။
#ပျော်ပျော်နေချင်ပေမယ့်လည်း ဘဝမှာ အဖော်မဲ့အထီးကျန်စွာအသက်ရှင်ကြရတယ်။ ခံစားရလွယ်ပေမယ်ထုတ်ဖော်ပြလေ့မရှိကြပါဘူး တယောက်တည်း လူမသိသူမသိ နာကျင်ဝမ်းနည်းခဲ့ရတဲ့ အချိန်ကာလတွေများလွန်းကြပါတယ်။

မိဘဆွေမျိုးများထက်အပေါင်းသင်းမိတ်ဆွေများ၏အကျိုးကိုသာပို၍ခံစားရခြင်း…၊
ဆွေးမျိုးမိဘတွေနဲ့ အတူမနေရဘဲခွဲနေရခြင်း ၊ဆွေမျိုးမိဘတွေရဲ့အကျိုးကိုမခံစားရခြင်း ၊ မိဘဝကို မိမိကိုယ်တိုင်ကြိုးစားပုံဖော်မှ အောင်မြင်မှုခြင်း တိုနှင့် ဘဝတွင် အမြဲကြိုးစားနေရသူများဖြစ်ကြပါတယ်။
တချို့သူများတွင်ဘဝမှာ သူတစ်ပါးထက်သာလွန် ထူးခြားသော အောင်မြင်မှုအချို့ရရှိသူများလည်းဖြစ်တတ်ပါတယ်။

အိမ်ထောင်ရေး အချစ်ရေးတွင် ဆိုရွားသောဒဏ်ရာ အနာတရများကြုံရတတ်ပါတယ်။ ချစ်တဲ့သူနဲ့ကွေကွင်းရခြင်း မချစ်မနှစ်သက်သူနဲ့ပေါင်းသင်းနေထိုင်ရခြင်းတို့လည်းကြုံရတတ်ပါတယ်။

ထိုမှဲ့ပိုင်ရှင်များသည် ဘာသာရေးပြုလုပ်သူများဖြစ်ပါက သူတစ်ပါးနှင်မတူ တဲ့အောင်မြင်ကျော်ဇောမှုကိုရရှိနိုင်ပါတယ်။

ထိုသူတို့၏ဘဝတွင်သတိပြုရင်အဓိကအချက်များမှာ….သူတစ်ပါးအသက်သတ်ခြင်း…..
သူတစ်ပါး အသိုက်အအုံဖျက်ဆီးခြင်း…..တို့ကိုထာဝရ ရှောင်ကြဥ်သင့်ပါတယ်….သို့မဟုတ်ပါက မိမိ၏ အထီးကျန်သော ဘဝကိုထပ်မံပိုင်ဆိုင်ရပါလိမ့်မည်…။
ထိုအချက်များကိုရှောင်ကြဥ်နိုင်မှသာ အေးချမ်းပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်မည်ဖြစ်ပါတယ်။

ရေးသားသူ –ဆရာဦးဘိုနိုင်(ဗေဒင်)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။