ဖုဋ္ဌဿ ဂါထာအသုံးဝင်ပုံအမျိုးမျိုး

Astrology Religion
ဖုဋ္ဌဿ ဂါထာအသုံးဝင်ပုံအမျိုးမျိုး

(ဂါထာအားအောက်ဆုံးတွင်ဖော်ပြပေးပါမည်။)
မင်္ဂလသုတ်တော်၏ ဂါထာပိုဒ် အမှတ်(၁၄) ဖြစ်သော ဖုဋ္ဌဿ အစချီဂါထာကားမြန်မာ့ဂန္ဓာရီဝိဇ္ဇာမယပညာအနေဖြင့် များစွာ အသုံးကျယ်လှပါ၏ ။ ထိုသို့အသုံးကျယ်အစွမ်းထက်လှသောကြောင့်လည်းအချို့က ‘ဣစ္ဆာသယဂါထာ’ဟု ခေါ်ကြသည်။အနာရောဂါတို့ကိုပင်သက်သာပျောက်ကင်းသောကြောင့် ‘အသက်ကယ်ဂါထာ’ ဟုလည်းခေါ်တတ်ကြပါသေးသည်။

သို့အမျိုးမျိုး အသုံးဝင်အစွမ်းထက်လှသော ဖုဋ္ဌဿ ဂါထာအသုံးပြုနည်းမျိုးစုံမှာ
၁။ စုန်းပူး၊ နတ်ပူး၊ အမှောင့်ပယောဂအနှောင့်အယှက်များအတွက် ဘုရားသောက်တော်ရေကို ဤဖုဋ္ဌဿ ဂါထာဖြင့် မန်းမှုတ်၍တိုက်ပါက အမှောင့်ပယောဂများရှောင်ကြဉ်သွားကြပေမည်။

၂။ဖုဋ္ဌဿဂါထာတော်ဖြင့်အနာအဖုအကျိတ်များကို နေရာရွှေ့ပြောင်းစေနိုင်ပေသည်။ပြုလုပ်နည်းကား ဟင်းဂလာပင် ပဉ္စငါးပါးကိုဖြစ်စေ သို့မဟုတ် ကြက်သွန်ဖြူ ဥတစ်လုံးကိုဖြစ်စေ ညက်အောင်ကြိတ်ပြီးအလုံးဖြစ်အောင်လုံးထားပါ။ မိမိရွှေ့လိုသော အနာအဖုအကျိတ်နေရာကို သတ်မှတ်ပြီးနောက် ယင်းဟင်းဂလာကြိတ်ဖတ်အလုံးကို ဖုဋ္ဌဿ ဂါထာဖြင့်တစ်ခေါက်မန်း။ပြီးလျင် ထိုဆေးကြိတ်ဖတ်လုံးနှင့် အနာအကျိတ်ကို ဆေးလုံးနှင့် (၃၇) ကြိမ်တို့၊(၃၇) ကြိမ်မန်းရန်ဖြစ်ပေသည်။

ထို့နောက်ရွှေ့လိုသောနေရာတွင် ထိုမန်းထားပြီးဆေးကြိတ်ဖတ်လုံးကို အဝတ်သန့်သန့်နှင့်စည်းပေးထားလိုက်ပါ။ နောက်နေ့မိုးလင်းထိုနေရာသို့အနာအဖုအကျိတ်ရွှေ့ပြောင်းရောက်ရှိနေကြောင်းတွေ့ရပါလိမ့်မည်။

၃။ အချို့အညာအရပ်ဒေသများတွင် အပူအကျိတ်ကြီးများ မကြာခဏပေါက်လေ့ရှိကြသည်။ ထိုသို့ အပူကျိတ်ကြီးများဖြစ်ပေါ်ပြီးနောက် အကျိတ်ငယ်လေးများ
ထပ်ပွားဖြစ်ပေါ်လာလေ့ရှိသည်။ ထိုအကျိတ်အနာတို့ကိုကုသနည်းမှာ မူလ အပူကျိတ်ကြီးကို ‘ဣမသ္မိံ ဝိဟာရေ ဣမံတေမာသံ ဝဿံဥပေမိ’ဟူသော ဂါထာဖြင့်ခုနစ်အုပ်မန်းလျက် အကျိတ်နာကြီးကိုလက်ညှိုးဖြင့် ဂါထာရွတ်ရင်း (၇) ရစ်ရစ်ပါ။

စင်စစ် ဤဂါထာမှာ ဝါတွင်းကာလတွင် သံဃာများ ဝါဆိုစဉ်ရွတ်ရသည့်ဂါထာဖြစ်သည်။ ယင်းကို ‘ဝါဆိုစဉ်’ဟုခေါ်ကြသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာရှိနေသောအနာကျိတ်ကြီးကို အနာမပွားရအောင် စည်းသားထားခြင်းသဘောပင်ဖြစ်ပေသည်။ ထိုသို့အနာကို စည်းချပြီးနောက် ထိုအက်ျိတ်ကြီးကို ဖုဋ္ဌဿဂါထာဖြင့်
(၉)ကြိမ်မန်းပြီး(၉)ကြိမ်ကြက်ခြေခတ်ရပါမည်။
အကျိတ်နာများလက်တွေ့ဒိဋ္ဌ ပျောက်နည်းပင်။

၄။ ရုံးရောက်ဂါတ်ရောက် တရားတဘောင်အမှုကြီးငယ် ရင်ဆိုင်ရပါက ဖုဋ္ဌဿ
ဂါထာကို နံနက်နေထွက်၊ နေ့လယ်မွန်းတည့်ညနေ နေဝင် ဤသုံးကြိမ်ကာလအခါတို့၌ တစ်ကြိမ်လျင် ပုတီး(၅) ပတ်စိပ်၍ဆုတောင်းဆုယူပြုပါလေ။ ဤကျင့်စဉ်ကို
‘ဆည်းဆာသုံးချက်အဓိဋ္ဌာန်’ ဟုခေါ်ပေသည်။အမှုနိုင်၏ ။ အကျ ဉ်းအကျပ်အချုပ်အနှောင်တို့မှလွတ်မြောက်စေ၏ ။

၅။ အကာအရံအဖြစ် စည်းသားလိုသော်
နေ့အလိုက်သက်ဆိုင်ရာထောင့်အရပ်မှစ၍
လက်ညှိုးထိုးလျက် ဖုဋ္ဌဿဂါထာကိုရွတ်ရမည်။

(ဥပမာ)
တနင်္ဂနွေနေ့တွင်အရှေ့မြောက်ထောင့်မှစ၍ရွတ် တနင်္လာနေ့တွင်အရှေ့အရပ်မှစ၍ရွတ်ရွတ်။ဤနေ့များလည်း ထိုနည်းအတူယူကြပါလေ။

၆။ခရီးသွားရသော်ယဉ်ကားများပေါ်မတက်မီ ဖုဋ္ဌဿ ဂါထာကို (၂၇) ခေါက်ရွတ်ပါလေ။ ဘေးရန်ကင်း၏ ။သွားလမ်းသာ၍ လာလမ်းဖြောင့်ပေသည်။

၇။ စိတ်ဆင်းရဲစရာကြုံသောအခါ၊ ဒုက္ခဘေးရန်အန္တရာယ်ကြုံသောအခါ ဘုရား၊တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တော အနန္တငါးပါးတို့ကို သောက်တော်ရေငါးခွက်ကပ်လှူ ပြီး အလယ်ခွက်ကို ဖုဋ္ဌဿဂါထာဖြင့်သက်စေ့မန်း၍သောက်က တွေ့ကြုံနေရသောအခက်အခဲ၊ ဘေးရန်အန္တရာယ်အသွယ်သွယ်တို့မှကင်းလွတ်၏ ။ စိတ်သောကကြုံဖွယ်ပြဿနာ ၊အခက်အခဲများ ပြေပျောက်၍ သုခချမ်းသာရစေ၏ ။

၈။ ဈေးရောင်းကောင်းစေရန် ဖုဋ္ဌဿ ဂါထာကို အမြဲရွတ်။ ရေ၊နံ့သာရည်တို့ကိုဂါထာဖြင့်(၃၇)အုပ်ရွတ်၍ ကုန်ကိုပက်ဖျန်းပေးလေ။

၉။ ကလေးများ ညဘက်တထိတ်တလန့်ဖြစ်ပြီးငိုကြွေးခြင်း၊
ကြောက်လန့်ခြင်းဖြစ်သော် ဆင်ရုပ်ကို စာရွက်တွင်ရေးဆွဲ၍ ဖုဋ္ဌဿ ဂါထာဖြင့်ရံပါလေ။(ဆင်ရုပ်အား ပုံတွင်ရှုပါလေ။)

ဖုဋ္ဌဿ ဂါထာကား
ဖုဋ္ဌဿ လောကဓမ္မေဟိ
စိတ်တံ ယဿ န ကမ်ပတိ။
အသောကံ ဝိရဇံခေမံ။

ပရိတ်တရားတော်များကိုအခြေခံ၍စီရင်ထားသောဂန္ဓာရီ ဝိဇ္ဇာမယပညာများစာအုပ်မှကူးယူဖော်ပြပါသည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။