မူးယစ်ဆေးလွန်ပြီး ၁ နှစ်ကလေးငယ် thayဆုံးခဲ့တဲ့ မူကြိုကျောင်း ကြမ်းပြင်ကနေ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

International News
မူးယစ်ဆေးလွန်ပြီး ၁ နှစ်ကလေးငယ် thayဆုံးခဲ့တဲ့ မူကြိုကျောင်း ကြမ်းပြင်ကနေ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မူးယစ်ဆေးလွန်ပြီး ၁ နှစ်ကလေးငယ် thayဆုံးခဲ့တဲ့ မူကြိုကျောင်း ကြမ်းပြင်ကနေ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မူးယစ်ဆေးလွန်ပြီး ၁ နှစ်ကလေးငယ် thayဆုံးခဲ့တဲ့ မူကြိုကျောင်း ကြမ်းပြင်ကနေ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ မူကြိုကျောင်းမှာ တစ်နှစ်အရွယ် ကလေးငယ်တစ်ယောက် မူးယစ်ဆေး လွန်လို့ thayဆုံးခဲ့ပြီးနောက် ရှာဖွေရာမှာ မူးယစ်ဆေး အများအပြား ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နယူးယော့ခ်မြို့ ဒီဗီနိုနီနို မူကြိုကျောင်းမှာ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ လူ ၅ သိန်းကို အသက်ဆုံးရှုံးစေနိုင်တဲ့ ပမာဏရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မူးယစ်ဆေး လွန်ပြီး thayဆုံးခဲ့တဲ့ ကလေးငယ်ဟာ လွန်ခဲ့တဲ့ တစ်ပတ်ကမှ မူကြို စတက်ခဲ့တဲ့ ၁ နှစ်သားကလေးငယ် နီကိုလက်စ် ဖြစ်ပါတယ်။ ကလေးတွေ အိပ်တဲ့အခန်း ကြမ်းပြင်အောက်မှာ ဖန်တနဲလ်အပါအဝင် မူးယစ်ဆေးဝါး အများအပြား သိုဝှက်ထားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ နီကိုလက်စ် thayဆုံးခဲ့ပြီး အခြားကလေးငယ် ၃ ယောက်လည်း ဆေးရုံ ရောက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် မူကြိုကျောင်းပိုင်ရှင် ဂရိုင်မန်ဒက်ဇ်နဲ့ ငှားရမ်းနေထိုင်သူ ဘရစ်တိုတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ပြည်ထောင်စု တရားရုံးကနေ စွဲချက်တင်ဖို့ ရှိနေပါတယ်။ စောင့်ကြည့်ကင်မရာ မှတ်တမ်းနဲ့ ဖုန်းမှတ်တမ်းတွေအရ ဂရိုင်မန်ဒက်ဇ်ဟာ ကလေးငယ်တွေ မူးယစ်ဆေးလွန်ပြီးတဲ့နောက် အရေးပေါ်အဖွဲ့ထံ ဖုန်းမဆက်ခင် သူ့ခင်ပွန်းဖြစ်သူထံ ကြိမ်ဖန်များစွာ ဖုန်းခေါ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက်မှာ ဂရိုင်မန်ဒက်ဇ်ရဲ့ ခင်ပွန်း ရောက်လာပြီး ဈေးဝယ်အိတ် အများအပြားနဲ့ ပစ္စည်းတွေ သယ်ထုတ်သွားတာ တွေ့ရတယ်လို့ ရဲအရာရှိတွေက ဆိုပါတယ်။

ဂရိုင်မန်ဒက်ဇ်ဟာ အဖမ်းမခံရသေးခင်အချိန်အတွင်း မက်ဆေ့ပေါင်း ၂၀၀၀၀ ဝန်းကျင်ကို ဖျက်ပစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက အဲဒီမက်ဆေ့တွေကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။

ဂရိုင်မန်ဒက်ဇ်ရဲ့ခင်ပွန်းကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲပါ။ သူတို့အိမ်မှာ ငှားရမ်းနေထိုင်သူ (ခင်ပွန်းဖြစ်သူရဲ့ အစ်ကို) ဘရစ်တိုက မူးယစ်ဆေးဝါးတွေ ဝှက်ထားတာကို ဂရိုင်မန်ဒက်ဇ်က မသိခဲ့ဘူးလို့ သူ့ရဲ့ရှေ့နေက လျှောက်လဲထားပါတယ်။ ဘရစ်တိုကတော့ ရှေ့နေခေါ်ခွင့် ရ၊ မရ မသိရသေးပါဘူး။

ဖန်တနဲလ်ဆိုတဲ့ အကိုက်အခဲပျောက်ဆေးဟာ ဘိန်းဖြူထက် အဆ ၅၀ ပိုပြင်းပြီး အမေရိကန်နိုင်ငံမှာ မူးယစ်ဆေးလွန်လို့ thayဆုံးမှုတွေ မြင့်တက်လာတာလည်း ဖန်တနဲလ်ကြောင့်လို့ ဆိုကြပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ မူးယစ်ဆေးလွန်လို့ thayဆုံးသူ ၁ သိန်းကျော်ရှိခဲ့တဲ့အနက် ၆၆ ရာခိုင်နှုန်းကတော့ ဖန်တနဲလ်နဲ့ ဆက်နွှယ်နေပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။