ဘုမ္မိကာလ မှာ ဘာ တွေ ဖြစ်တတ် လဲ?

Astrology
ဘုမ္မိကာလ မှာ ဘာ တွေ ဖြစ်တတ် လဲ?

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုမ္မိကာလ မှာ ဘာ တွေ ဖြစ်တတ် လဲ? ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘုမ္မိကာလ မှာ ဘာ တွေ ဖြစ်တတ် လဲ?

မယုံ မရှိနဲ့ မိတ်‌ဆွေတို့ရေ ၊
ကို တွေ့ ကြုံ လို့။တချို့က ယုံတယ်။တချို့ က ခြိမ်း ‌ခြေက်တယ်ထင်တယ်။
ဘာ ဖြစ် ဖြစ် သတိ လေး ကပ်ထား တော့ ကောင်းတာပေါ့။

မြန်မာ့ ဗေဒင်ပညာဟာ တကမ္ဘာလုံးအတွက်ကိုမှန်နေတာ…
လူတိုင်း ဘုမ္မိနဲ့ ကြုံရ မယ်
ဘုမ္မိဟာ သိပ့်ကို ကြောက်ဖို့ ကောင်းပါတယ်။

ဘုမ္မိဟာ ငွေဝင်ခြင်း၊ ရာထူးအာဏာတတ်ခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကံကောင်းခြင်းတွေကို ဘုမ္မိက ဖျက်စီးပစ်နိုင်တယ်။

ဘုမ္မိကြုံပြီဆိုရင်

ရုတ်တရက် သေတာ၊ အလုပ်ပြုတ်တာ၊စီးပွားပျက်တာ၊ မိသားစု ဆွေမျိုးတွေနဲ့ ခွဲခွာရတာ၊ ပြောင်းရွေ့ရတာ၊ အမှုဖြစ် ထောင်ကျတာ၊ မကြုံဖူးသေးတဲ့ ရောဂါ ဖြစ်တာ အပူသောကနဲ့ ကြုံတွေ့ရတာတွေဟာ
ဘုမ္မိက အပြစ်ပေးသလို့ပါပဲ။

ဘုမ္မိဟာ ကုလဲ ဆေးမတိုး၊ အနာတ ခြား ဆေးတခြား၊ ရောဂါ အမျိုးမျိုးဖြစ်၊ ဆေးအမျိုးမျိုးနဲ့ ကုလည်း မပျောက်၊ လူပြု၊စား ခြင်းခံရ၊၊ စုန်းတိုက်၊ နတ်တိုက်၊ ကဝေတိုက်၊ စုန်းပယောဂါ၊၊ ရိုးရာအနှောင့်အယှက်၊ အိမ်ခိုက်၊ ဆိုင်ခိုက်၊ မြေခိုက် ကြုံရပြီး ကုလည်း မပျောက်၊ ကိုယ်အင်္ဂါ ခွဲစိပ်ကုသရပြီး ရောဂါဖြစ်လည်း မပျောက်ကင်းနိုင်ိ ဘုမ္မိက အ့လိုကို ဒုက္ခ ပေးပါတယ်။

ဒါကြောင့် ဘုမ္မိဟာ ဘဝပျက်လောက်အောင် ကြောက်ဖို့ကောင်းတယ်။
ဘုမ္မိဆိုတာ မိမိမွေးနံကနေ စရေရင် လေးခုမြောက် ခုနစ်ခုမြောက် ဂြိုလ်ကို ဘုမ္မိလို့ ခေါ်ပါတယ်။

ဘုမ္မိရဲ့ အဓိပ္ပါယ်က လူသေ မြုပ်နှံရာ သချိုင်း၊ တစ်နည်းအားဖြင့် မကောင်းတဲ့ အညစ်အကြေး စွန့်ပစ်ရာ အရပ် အမွိုက္ပုံလို့ အဓိပ္ပာယ် ရပါတယ်။
တစ်နည်း ပြောရရင် ဘုမ္မိဟာ အနိဋ္ဌ ပါပဲ။

ဗေဒင်ပညာရဲ့ သက်ရောက် ဂြိုဟ်စားမှာ ဘုမ္မိကို အခြေခံကာ ဘုမ္မိ၊ ဘုမ္မိလေး၊ ဘုမ္မိကြီး ဆိုပြီး ကြောက်စရာ ကောင်းတဲ့ နှစ်ကာလတွေ ဖြစ်ပေါ် လာပါတယ်။
မွေးနံက စရေရင် လေးခုမြောက် ဘုမ္မိ နှစ်ကိုရောက်ရင် ကျန်းမာရေး ချို့တဲ့ တတ်တယ်။ စိတ်ဆင်းရဲတာတွေ ဖြစ်တတ်တယ်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အညံ့အခိုက်တွေ ကြုံရတတ်ပါတယ်။

မွေးနံက စရေရင် ခုနှစ်ခုမြောက် ဘုမ္မိလေးကျ လေးခုမြောက် ဘုမ္မိထက် ပိုဆိုးပါတယ်။ စိတ်ပိုင်းရော ရုပ်ပိုင်းရော ဒုက္ခပေးပါတယ်။ ကျန်းမာရေး ညံ့တာ၊ အမှုဖြစ်တာ၊ စီးပြားပ်က္တာ၊ ထောင်ကျတာတွေဟာ ဘုမ္မိ၊ ဘုမ္မိလေး ကြုံနေရတဲ့ နှစ်တွေ ဖြစ်နေပါတယ်။ လင်မယား ကွဲတာ၊ ဘဝင်မကြာတာလဲ ဘုမ္မိလေးပါပဲ။၊

လေးခုမြောက် ဂြိုလ်အိပ်ပြီး ခုနှစ်ခုမြောက် သက်ရောက်ရင်တော့ သူကို ဘုမ္မိကြီးလို့ ခေါ်ပါတယ်။ ဘုမ္မိကြီးကတော့ တဘဝလုံးရဲ့ အဆိုးဆုံး ကာလပါပဲ။ ဒီဘုမ္မိကြီးကို မဖြတ်ကျော်နိုင်ရင် မကြီးပွားဘူး၊ မချမ်းသာဘူး။ ကြီးပွားလည်း တခဏပဲ။ ဘုမ္မိကို ကျော်ဖြတ်နိုင်သူမှသာ လူပီသပါတယ်။

ဘုမ္မိဟာ ဂုဏ်၊ စည်းစိမ်၊ ရာထူး၊ အသက်၊ တည်မြဲ ခိုင်ခန့်မှု မရွိဘူး။ ရန်သူမျိုး ငါးပါးဘေးကြောင့်၊ သူတစ်ပါး လုပ်ကြံမှု မမျှော်လင့်ပဲ မထင်မှတ်ပဲ ပုံစံအမျိုးမျိုးနဲ့ သိက္ခာကျ ရုတ်တရက် စီးပွာကြတာ လူ့ဘဝရဲ့ အဆိုးဆုံး အကြမ်းဆုံး အန္တရယ်ကြီးကာလကို ဖြတ်သန်း နေရလို့ပါပဲ။

တနင်္ဂနွေ၊ တနလာင်္၊ ဗုဒ္ဓဟူး သားသမီး‌တွေဘုံမိ ကာလမှာ
ဂုဏ်၊ စည်းစိမ်၊ ရာထူး၊ သိက္ခာ မထိခိုက်ရင်တောင် နာလန်မထူနိုင်တဲ့ ရောဂါ ဆိုးတွေ ခံစားရတယ်။ ရုတ်တရက် ဘေးကြုံရတတ်တယ်။

အင်္ဂါ၊ ကြာသပတေး၊ သောကြာ၊ စေန သားသမီတွေဘုံမိကာလမှာ အသက်မthayသော်လည်း ငတ်ကြောရှည်၊ ဂုဏ်၊ စည်းစိမ်၊ ရာထူး၊ ပျက်ပြားတတ်တယ်။ စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ခံစားရတတ်တယ်။

တခုထူးခြားတာကတော့ ဘုမ္မိဟာ အခြေခံလူတန်းစားတွေ၊ လက်လုပ်လက်စားတွေ၊ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ လူမွဲတွေကိုကျတော့ ဘုမ္မိက သက်သာခွင့် ပေးတယ်။..ငွေမရှိ..ဒုက္ခရောက်နေပြီးသားဆိူတော့၊
အစဉ်မ‌ပြေတာတွေသိပ်ပ်သတိမထားမိတော့ဘူး..

ဒါပေမယ့် အောင်မြင်တိုးတက်ဖို့ ကြိုးစားနေတဲ့ လူလတ်တန်းစားတွေ၊ ကြီးပွားသထက် ကြီးပွားအောင် လုပ်နေတဲ့ သူဋ္ဌေးကြီးတွေ၊ ပညာတတ်ကြီးတွေကိုကျတော့ ဘုမ္မိကြီးက မျက်နှာသာ မေပးဘူး။

ဘုမ္မိကာလမှာ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် အမှားရှိတယ်။ စိတ်မတည်ငြိမ်ဘူး။ စိတ်တွေ လှုပ်ရှားနေတယ်။ လူကလည်း ဂနာမငြိမ်ဘူး။ နှလုံးခုန် မြန်နေတတ်တယ်။ ဒေါသတွေ ထွက်နေတယ်။ စိတ်အားလည်း ငယ်နေတတ်တယ်။
တနင်္ဂနွေသားသမီးများ

ဘုမ္မိ ကြုံတွေ့နေတဲ့ နှစ်ကာလကို ရောက်ရင် အရွကြ္ကဲတာ၊ အိမ်ထောင်ရေး ရှုပ်ထွေးတာ၊ ဂုဏ်သိက္ခာကျတာ၊ စီးပွားရေး ပြဿနာတွေ ကြုံတွေ့ရတတ်တယ်။

အိမ်ထောင်ရေး ပြုကွဲတာ၊ စီးပွားရေး ဆုံးရွုံးတာ၊ လူမှုရေး၊ ဂုဏ်သိက္ခာကျတာ၊ ကျန်းမာရေးညံ့တာ၊ အလုပ်ပြုတ်တာ၊ အမှုအခင်း၊ သေကွဲ၊ ရှင်ကွဲ ကြဲတာ၊ ရှိသမျှ ကုန္တာ၊ ကြုံရတတ်တယ်။

တနလာင်္သားသမီးများ

ဘုမ္မိကြုံတွေ့နေတဲ့ နှစ်ကာလကိုရောက်ရင် ဆွေမျိုး ပြဿနာ ၊ သေကွဲ၊ ရှင်ကွဲကွဲတာ၊ ခရီး သွားရင် ဘေးကြုံတာ၊ လမ်းမှာ အသက်ဆုံးရွုံးတာ၊ အမှုဖြစ်တာ၊ ထောင်ကျတာ၊ စီးပြားပ်က္တာ၊ ရောဂါ ဝေဒနာဆိုး ခံစားရတာ၊ ဥပစ္ဆေဒက သင့်တာ၊ လူသေလျင်သေ၊ မthayရင် ဘေဝသတာ၊ အိမ်ထောင် ပြိုကွဲတာ၊ အရွကြ္ကဲတာ၊ မုဒိန်းမှုဖြစ်တာ၊ ကြုံရတတ်ပါတယ်။

အင်္ဂါသားသမီးများ

ဘုမ္မိ ကြုံတွေ့နေတဲ့ နှစ်ကာလကို ရောက်ရင် အမှုအခင်း၊ ပြဿနာ ရင်ဆိုင်ရတတ်တယ်။ စီးပွားရေး အတိုက်အခံ၊ ကြုံတာတွေ ဖြစ်တတ်တယ်။ အစိုးရဝန်ထမ်းဆို အမြု ပြဿနာရင်ဆိုင်ရတတ်တယ်။ စည်းစိမ်၊ရာထူး၊ ဂုဏ်သိက္ခာ ထိခိုက် တတ်တယ်။ ကျန်းမာရေး စိုးရိမ်ရပြီး ပစ္စည်း ပျောက်၊ သူခိုးခိုးခံရတာ၊ မိသားစုထဲက တဦးဦး ကျန်းမာရေး စိုးရိမ်ရတတ်တယ်။ ရုတ်တရက် ဘေးတွေ့၊ အလုပ်ပြုတ်၊ ထောင်ကျတာ၊ ပြောင်းရွေ့ရတာ၊ ရောဂါ ဆန်းတွေ ဖြစ်တာ၊ အရွက္တကြဲ အကျိုးနည်းတာ၊ အိုး၊ အိမ်၊ ဆုံးရှံးတာနာတာရှည် ရောဂါ ဖြစ်တတ်တယ်။

ဗုဒ္ဓဟူးသားသမီးများ

ဘုမ္မိ ကြုံတွေ့နေတဲ့ နှစ်ကာလကို ရောက်ရင် စိတ်ဆင်းရဲ စေတဲ့ ပြဿနာ အချို့ ကြုံရတတ်ပါတယ်။ ငွေကြေးဆုံးရှုံးတာ၊ စီးပြားပ်က္တာ၊ သားသမီတွေ အရှုပ်အထွေး ပေါ်တာ၊ ရောဂါရ၊ သေကွဲ၊ရှင်ကွဲ ဖြစ်တာ၊ ရာထူးပြုတ်၊ အလုပ်ပြုတ်၊ အပြောင်းအရွေ့၊ ဇနီး၊ ခင်ပွန်း ဖောက်ပြန်တာတွေ ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေး အရှက်တကွဲအကျိုးနည်းတာ၊ ဖြစ်တတ်တယ်။

ကြာသပတေးသားသမီးများ

ဘုမ္မိ ကြုံတွေ့နေရတဲ့ နှစ်ကာလကို ရောက်ရင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးစိုးရိမ်ရပြီး သေလွယ်တာ၊ ရောဂါ တမျိုးပြီးတမျိုး ဖြစ်တတ်တယ်။ ပြဿနာ အမျိုးမျိုး တွေ့ရပြီး စီးပွားရေး က်ဆငိး ပျက်စီးတတ်တယ်။ ဂုဏ္ထူး၊ ရာထူး၊ ရုတ်တရက် ပြုတ်တာ၊ အပြောင်းအရွေ့၊ အေရးယူခံရတာ၊ တစ်သက္လုံး အဖက်ဆယ်မရနိုင်တဲ့ အရွကြ္ကဲတာ၊ သားသမီး၊ မြေး၊ မြစ်အထိ အမျိုးနဲ့ချီပြီး နာမည်ပျက်တာ ဖြစ်တတ်တယ်။ ဘုမ္မိက အေသသတ္လို့ မသေရင် နာတာရှည် ရောဂါဖြစ်တာ လေဖြတ်တာ ကိုယ်လက်အင်္ဂါချို့ယွင်းတာ ဆေးဝါး ဓာတ္စာ မပြည့်စုံတာ စောင့်ရှောက်မယ့်သူ မရွိတာ နေစရာ မရွိ စားစရာမရွိ ဘဝနဲ့ သေရတတ်တာ ဖြစ်တယ်။

သောကြာသားသမီးများ

ဘုမ္မိကြုံတွေ့နေရတဲ့ နှစ်ကာလကို ရောက်ရင် ဆွေမျိုးပြဿနာ ပေါ်တာ၊ ဆွေခန်း မျိုးခန်း ပြတ်တဲ့အထိ ကြုံရတတ်တယ်။ အမွေကိစ္စ ရင်ဆိုင်ရတတ်တယ်။ ရုတ်တရက် စီးပွားရေး ရပ်တန့်သွားပြီး ဆုံးရွုံးမွု ဖြစ်တတ်တယ်။ လူလိမ် လူညာနဲ့ တွေ့ပြီး အမှုအခင်း၊ပြဿနာရင်ဆိုင်ရတတ်တယ်။ ဂုဏ်သိက္ခာ က်ဆငိး တတ်တယ်။ ခြဲစိပ္ကုသရတဲ့ ရောဂါ ဖြစ်တတ်တယ်။ အလုပ်ပြုတ်၊ နယ်ပြောင်းရွေ့ခံရ၊ အမှုဖြစ်ထောင်ကျတာ၊ မိသာစု အိမ်ထောင် သေကွဲ၊ ရှင်ကွဲကွဲတာ၊ အိုးမဲ့ အိမ်မဲ့ ဘဝေရာက္တာ၊ ကြုံတွေ့ရတတ်တယ်။

စနေသားသမီးများ

ဘုမ္မိ ကြုံတွေ့နေတဲ့ နှစ်ကာလကို ရောက်ရင် အောင်မြင် နေတဲ့ လုပ်ငန္မ်ား ရပ်ဆိုင်းခြင်း၊ မိသာစု ပြိုကွဲခြင်း၊ ရောဂါ ရခြင်း ကြုံတွေ့ရတတ်တယ်။ စိတ်ဆင်းရဲရပြီး စည်းစိမ်၊ ဥစ္စာ၊ လုပ်ငန်း ဆုံးရွုံးတာ၊ ချစ်သောသူများနဲ့ ကွေကွင်းတာ၊ အသက်မသေသော်လည်း ကိုယ်အင်္ဂါခွဲစိပ်ကုသရပြီး ချို့ယွင်းတာ၊ စိတ်လိုကိမာန်ပါ ဒေါသကြောင့် ထောင် ဆေးရုံ ရောက်ရတတ်တယ်။

ဘုမ္မိကို ကာကွယ် နိုင်တဲ့ ဘုရားကုက ရတနာ ၃ ပါးကို ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်သူတွေ၊ ဘုရားရှင်ရဲ့ ပရိတ်တော် ဂုဏ်တော် ဂါထာတွေကို ထုံမွှန်နေအောင် ရွတ်ဖတ်သရစျ္ဆယ်နေတဲ့သူတွေ၊ သရဏံဂုံ ပွားများသူတွေ၊ နေ့စဉ် မေတ္တာပို့ အမျှဝေ ပဋ္ဌာန်း တရားတော် ရွတ်ဖတ်နေတဲ့သူတွေ၊ ဘုမ္မိက လွတ်ကင်း ကြပါတယ်။

နောက်လဲ နေမင်းပရိတ်ခေါ်တဲ့ နမောတေ ဂါထာကို မနက် ၁၀၈ ခေါက် ညအိပ်ရာဝင်ရင် ၁၀၈ ခေါက် ရွတ်ဆိုရင်လည်း ဘုမ္မိဘေးက ကျော်နိုင်ပါတယ်။ နမောတေဂါထာဟာ အလွန် အစွမ်း ထက္လို့ပါပဲ။
နောက်လဲ ဗေဒင် ယတြာကိစ္စကျ

(ဥပမာ)

တနင်္ဂနွေ သားသမီးမ်ား အုန်းလက် တစ်ရပ်စာကို မိမိအရပ်နဲ့ တိုင်းပြီးဖြတ်ပါ။
ဆံပင် အင်္ကျီ အဖျားမှာချီ၊ စာရွက်တစ်ရွက်မှာ နာမည် နေ့သား အသက်ရေး ဆန်တစ်ထုပ်အလယ်မှာ လက်သည်း အင်္ကျီနဲ့ချီ စာရွက်တစ်ရွက်မှာနာမည်နေ့သားအသက်ရေး ဆန်တစ်ထုပ် အရင်းကျ ခြေသည်း လုံချည်နဲ့ချီ စာရွက်တစ်ရွက်မှာနာမည်နေ့သားအသက်ရေးဆန်တစ်ထုပ်မိမိမွေးနံကနေစရေရင်လေးခုမြောက် က်တဲ့ညမွာ မိမိလက်ဝဲဘက် ထားအိပ်။

နောက်တစ်နေ့မှာ ဆန် ၃ ထုပ္ကို ဖြုတ်ယူပြီး မိမိ ဘုမ္မိ အရပ်မှာ ငါ့မကောင်းတဲ့ ဘေးဒဏ် မကောင်းတဲ့ နိမိတ် မကောင်းတဲ့ အတိတ် ကိုယ္ကခြာ၍ အားလုံး သွားရော့ ဆိုပြီး ပစ်လိုက် လုံးဝ ပြန်မကြည့်ရ။

ဆန် ၃ ထုပ္ကိုယူ ခေါင်းရင်းက ဆန္ထုပ္ကို ဆွမ်းချက် ဘုရားလြူ
ခါးလယ္က ဆန်းထုပ်ကို ဆွမ်းဆန်စိမ်အနေနဲ့လှူ
ခြေရင်းက ဆန္တစ္ထုပ္ကို စာကေလးကို အစာကျွေး
နောက်ပြီး မိမိ မွေးနံ အပင်ကို ရေသက်စေ့ လောင်း ဘုရား မွေးနံထောင့်မှာ ရေသက်စေ့ သပ္ပါယ် ယပ်သက်စေ့ ခပ်ပြီး ဘုရားကို ပူဇော် ဆုတောင်းပါ။

အထူးမှတ်ချက်

နဝင်း ယတြာ ချေရင် ရက်ပိုင်းအတွင်း ဘုမ္မိ ဆိုးကျိုးက လွတ်ပါတယ် ဆိုတဲ့ သတင်းကောင်းပါးအပ်ပါသည်။ နဝင်းယတြာမှာ သာမန် နဝင်း ယတြာမျိုး မရပါဘူး။ နေ့ အချိန် အရပ်မျက်နှာ ကြိုးနဝင်း ရေးမီးအစုံ ပန်းနဝင်း သတ္တဗီသနဝင်း ချေတတ်မှသာ နေ့ချင်းညချင်း ဘုမ္မိ ဆိုးကျိုးကလွတ်ပါတယ်။

ရေးသားသူ –Kay Thi

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။