အမျှဝေရင်ကြေးစည်ထုရခြင်းအကြောင်းရင်းနဲ့ ကြေးစည်ထုအမျှဝေခြင်းရဲ့အကျိုးများ

Astrology Religion
အမျှဝေရင်ကြေးစည်ထုရခြင်းအကြောင်းရင်းနဲ့ ကြေးစည်ထုအမျှဝေခြင်းရဲ့အကျိုးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမျှဝေရင်ကြေးစည်ထုရခြင်းအကြောင်းရင်းနဲ့ ကြေးစည်ထုအမျှဝေခြင်းရဲ့အကျိုးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမျှဝေရင်ကြေးစည်ထုရခြင်းအကြောင်းရင်းနဲ့ ကြေးစည်ထုအမျှဝေခြင်းရဲ့အကျိုးများ

ကြေးစည်ထုပြီးအမျှပေးဝေကြပါ

ကောင်းမူကုသိုလ်တစ်ခုပြုလုပ်တိုင်း ပြုလုပ်တိုင်း သူတော်စင်တွေ ဘာကြောင့်ကြေးစည်တီး မေတ္တာပို့အမျှပေးဝေကြသလဲ ?

ကြေးစည်ဆိုတာ အေးမြခြင်းသဘောကိုဆောင်နေတယ် ။ ကြေးစည်သံကိုကြားရရင် ရင်ထဲနှလုံးထဲမှာ ပူလောင်နေသော သောကတွေ တဒင်္ဂ ပျောက်ကွယ်ပြီးတော့ ငြိမ်းအေးသွားစေတဲ့ စွမ်းအားသတ္တိရှိတယ် ။

ကြေးစည်ဆိုတာ ငြိမ်းအေးချမ်းသာတာကို ကိုယ်စားပြုတယ် ။ လောဘ, ဒေါသတွေရဲ့ နောက်ဆက်တွဲ သောက ပရိဒေ၀တွေကြောင့် ကိလေသာ အပူမီးခဲတွေ တောက်လောင်နေတဲ့ ပုဂ္ဂိုလ်သတ္တဝါတွေကို အငြိမ်းဓါတ်နိဗ္ဗာန်ဓါတ်ကြီးကို သတိရအောင် အမှတ်ရအောင် နှိုးဆော်ပေးလိုက်တာလည်းဖြစ်ပါတယ် ။

နောက်တစ်ခုက ကြေးဆိုတဲ့သတ္ထုက အလွန်အေးပါတယ် ။ မြေကြီးတွင်းနက်နက်ဆီကနေ ဒီကြေးဖြစ်လာတာဖြစ်တယ် ။

တွေးကြည့်လိုက်ပါ ။ ကြေးစည်သံလေးကိုကြားလိုက်ရတာနဲ့ ရင်ထဲနှလုံးထဲမှာ တခါထဲ အေးခနဲဖြစ်သွားတယ် ။ ဓါတ်သဘောကိုယ်တိုင်က အအေးဓါတ်ကိုဆောင်နေတာပါ ။

အသံသာယာတဲ့ ကြေးခေါင်းလောင်းလေးတွေကိုဘုရားပေါ်တွေမှာလည်းကြားရပြန်တယ် ။ ဒီလိုကြားပြန်တော့ စိတ်ကိုကြည်နူးစေတယ် ။ စေတီတွေပေါ်က ကြေးခေါင်းလောင်လေးတွေဟာ ကုသိုလ်ကောင်းမူနဲ့တွဲပြီး ကြားနေကျဆိုတော့ ကြားရရုံနဲ့ကိုပဲ ကုသိုလ်စိတ်တွေဖြစ်တယ် ။ ကြည်ညိုစိတ်တွေဖြစ်တယ် ။ အပူသောကတွေ ဒီကြေးစည်သံလေးကို ကြားတဲ့အခိုက်အတန့်မှာ ငြိမ်းအေးသွားတယ် ။

ပြီးတော့ ပုဂ္ဂိုလ် တစုံတယေါက် ကွယ်လွန်သွားသည်ရှိသော် ထိုပုဂ္ဂိုလ်နှင့် လူနတ်ဗြဟ္မများအား အမျှပေးဝေသောအခါမှာလည်း ကုသိုလ်အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ( ကြေးစည်လေးထုပြီးမှသာ) သာဓု,သာဓု, သာဓု ခေါ်ဆိုရမည်လို့ ရှေ့ဆရာတော်များနှင့် ဘုန်းဘုန်းတို့ဒေသဘက်တွေမှာ ယူဆကြပါတယ် ။

ဘာကြောင့်လဲဆိုရင် ကြေးစည်ထုတယ်ဆိုတာကိုက မိမိပြုလုပ်တဲ့ ကုသိုလ်ကောင်းမူ အမျှပေးဝေတာကို တပါးသူတွေကို သိစေ မြင်စေ ရစေချင်လို့ ၊ ဒါကြေင့် သာဓု မခေါ်ခင် ကြေးစည်ကို တီးခတ်စေပြီးတော့ သိစေတယ် ။ ကြားစေတယ် ။ မြင်စေပါတယ် ။ ကြေးစည်တီးတယ်ဆိုတာ ကိုယ်လုပ်တဲ့ ကုသိုလ်အစုစုကို ထပ်ဆင့် မျှ ဝေပေးတာပါ ။

ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ( ဒူ ဝေဝေ- ) သာဓု, သာဓု, သာဓု,။

ကြေးစည်တီးခြင်းအကျိူး

ဘုရားရှိခိုးပြီးတိုင်း ကြေးစည်တီးအမျှပေးဝေပါ ။
ကြေးစည်ဆိုတာ သူတော်ကောင်းတွေရဲ့ နားမှာ အေးမြသောအသံရှိ၍ (နာနာ ဘာ၀)တို့နားတွင် ပူလောင်သောအသံရှိပါတယ် ။

သူတော်ကောင်းတို့သည် ကြေးစည်သံကိုကြားရ၍ သာဓုခေါ်ပြီး မကောင်းသောသူတို့သည် အဝေးသို့ပြေးကြတယ် ။
ကြေးစည်သည် အအေးဓါတ်ကိုပေးသဖြင့် ကိလေသာအပူကို ငြိမ်းစေပါတယ် ။

မိမိမှာကံဆိုးနေပြီ ကံညံ့နေပြီဆိုလျှင် ပို၍တီးသင့်ပါတယ် ။ ဒီလိုတီးခြင်းဟာ ကိုယ့်ကို မကောင်းသော သူတွေမှ ဝေးကွာသွားစေပါတယ် ။

အမျှဝေကြရာတွင်လည်း လူ၏အသံအားဖြင့် အမျှ ဝေသည့်အခါ အဝေးသို့ မရောက်နိုင်ပါဘူး ။ ကြေးစည်သံလေးကသာ ပဲ့တင်သံဖြင့် သွားနိုင်ပါတယ် ။ အဝေးမှာရှိကြတဲ့ သတ္တဝါအားလုံး သာဓုခေါ်ဆိုနိုင်တယ် ။

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။