ရေခဲတိုက်တွေ မလည်ပတ်နိုင်လို့ အလောင်းတွေ ဆေးရုံမှာ မြှုပ်နေရတဲ့ ဂါဇာ

International News
ရေခဲတိုက်တွေ မလည်ပတ်နိုင်လို့ အလောင်းတွေ ဆေးရုံမှာ မြှုပ်နေရတဲ့ ဂါဇာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရေခဲတိုက်တွေ မလည်ပတ်နိုင်လို့ အလောင်းတွေ ဆေးရုံမှာ မြှုပ်နေရတဲ့ ဂါဇာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရေခဲတိုက်တွေ မလည်ပတ်နိုင်လို့ အလောင်းတွေ ဆေးရုံမှာ မြှုပ်နေရတဲ့ ဂါဇာ

thayဆုံးသူတွေထဲ ကလေးငယ်တွေ ပါ၀င်တယ်လို့ ဆေးရုံ ဒါရိုက်တာပြော

ဂါဇာက အကြီးဆုံး ဆေးရုံကြီးဝန်း အတွင်းမှာ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၇၉ ယောက် အလောင်းတွေကို အခုပဲစုပြီး မြှုပ်လိုက်ရတယ်လို့ ဒါရိုက်တာ မိုဟာမက် အဘူ ဆယ်လ်မီရက် က ပြောပါတယ်။

အစ္စရေးတပ်တွေရဲ့ ဟားမတ်စ်အဖွဲ့အပေါ် တိုက်ခိုက်မှုအတွင်း မီးဖြတ်ထားတာကြောင့် ဆေးရုံက အရေးပါတဲ့ ပစ္စည်းကိရိယာတွေ အလုပ်လုပ်လို့ မရတော့တာကြောင့် လူနာတွေ thayဆုံးကုန်တာလို့ သူက ဆိုပါတယ်။

thayဆုံးတဲ့အထဲ ကလေး ၇ ယောက်နဲ့ အတွင်းလူနာ ၂၉ ယောက် ပါဝင်တယ်လို့ သူက ပြောပါတယ်။

လျှပ်စစ်မီး မရှိလို့ ရေခဲတိုက်လည်း မလည်ပတ်နိုင်တာကြောင့် အလောင်းတွေက ဆေးရုံဝန်းထဲ အခုပဲ မြေမြုပ်လိုက်ရတယ်လို့ မစ္စတာ ဆယ်လ်မီယာ့က ဆိုပါတယ်။

ဒါ့အပြင် ဆေးရုံတဝိုက်မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်နေပြီး အစ္စရေးတင့်ကားတွေကလည်း ဆေးရုံဝန်းတံခါးတွေတဝိုက် ရောက်ရှိနေပါတယ်။

အစ္စရေးဘက်ကတော့ ဒီဆေးရုံဝန်းကို ဟားမတ်စ်အဖွဲ့က အသုံးချနေပြီး မြေအောက်မှာ ထိန်းချုပ်ရေး စင်တာ ရှိတယ်လို့ ပြောနေပေမယ့် ဒီပြောဆိုချက်ကို ဟားမတ်စ် အဖွဲ့က ပယ်ချထားပါတယ်။

တချိန်တည်းမှာ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းမှုကြောင့် ပါလက်စတိုင်း ၈ ယောက် thayဆုံးသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အစ္စရေးတို့က ဒရုန်းတွေလည်း အသုံးပြုခဲ့ပါတယ်။

lat nat ကြီးတွေ ဘူဒိုဇာတွေ အပါအဝင် စစ်ယာဉ်တော်တော်များများ တူလ်ခါရင်မ် ဒုက္ခသည်စခန်းထဲ ဝင်သွားတာ ကိုလည်း တွေ့ရပါတယ်။

အစ္စရေးစစ်တပ်နဲ့ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ သတင်းတွေ ရရှိထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် ဟားမတ်စ် အဖွဲ့ အစ္စရေးတောင်ပိုင်းကို ၀င်ရောက် တိုက်ခိုက်မှု ဖြစ်ပြီးကတည်းက ခုထိ အနောက်ဘက်ကမ်း ဒေသမှာ ပါလက်စတိုင်းအယောက် ၁၇၀ ကျော် အစ္စရေး လက်ချက်နဲ့ thayဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။