အဘမင်းသိင်္ခရဲ့လွန်စွာအစွမ်းထက်သောအဓိဌာန်ရေသောက်နည်း

Astrology
အဘမင်းသိင်္ခရဲ့လွန်စွာအစွမ်းထက်သောအဓိဌာန်ရေသောက်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဘမင်းသိင်္ခရဲ့လွန်စွာအစွမ်းထက်သောအဓိဌာန်ရေသောက်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဘမင်းသိင်္ခရဲ့လွန်စွာအစွမ်းထက်သောအဓိဌာန်ရေသောက်နည်း

မိမိမှာအခက်အခဲ အကြပ်အတည်း တစ်ခုခုတော့ တွေ့လာတတ်ကြပါတယ် ။ အဲဒီ အကြပ်အတည်းအတွက် စိတ်ညစ်စရာ စိတ်ဆင်းရဲရတာတွေ ဖြစ်နေတတ်ကြပါတယ် ။

အဲဒီအခါမျိုးမှာ (၁၈)ရက် အဓိဌာန်လုပ်ရမယ် ။ အိမ်သူ အိမ်သားတွေ သောက်တဲ့ ရေအိုးမှာ မသောက်ရဘူး ။ သောက်ရေအိုးကို သီးသန့်လုပ်ပြီး ဘုရားဆောင်အောက်မှာ ထားရမယ် ။

ရေခွက်ကိုလဲသီးသန့်ထားရမယ် ။ ရေအပြည့်ဖြည့်ထားရမယ် ။ ပြီးတော့ ဘုရားဆောင်ရှေ့မှာ ထိုင်ပြီး အဲဒီရေအိုးကို လက်ဝါးနှစ်ဖက်နဲ့သေသေချာချာကိုင်ပြီး တိုင်တည်ရတယ် ။ ကောင်းကင်မှာရှိတဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဆီက အလွန်တန်ခိုးရှိတဲ့ရေကို (၁၈)ရက်တောင်းပြီး သောက်ရမယ် ။

အဲဒီအတောအတွင်း အကြပ်အတည်းပျောက်စေတဲ့နည်းကိုလည်း ကောင်းကင်မှာရှိတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေက ရေထဲထည့်ပေးမယ်လို့ယုံကြည်ရမယ် ။ (၁၈)ရက် လုံးဝမပျက်မကွက် အဲဒီရေကိုသောက် ၊ အနည်းဆုံးမနက် အိပ်ရာထ တစ်ခွက် ၊ ညအိပ်ရာဝင်တစ်ခွက်ပဲ ။ ကျန်တဲ့အချိန် ရေငတ်လို့ သောက်ရင်လည်း အဲဒီအိုးထဲက သောက်ရမယ် ။ သောက်ရင်းလည်း ဆုတောင်းရမယ် ။

“ဆုတောင်းနည်း”

“ကောင်းကင်မှာရှိတဲ့ ကျွန်ုပ်ထက်မြင့်မြတ်ပြီး
ကျွန်ုပ်ထက် တန်ခိုးရှိသောပုဂ္ဂိုလ်များ ခင်ဗျာ ။
ကျွန်ပ်မောင်…/ မ… ယခုအခါ အကြပ်အတည်းတွေ့နေပါပြီ ။ ကျွန်ုပ်မောင်…./ ကျွန်မ မ…..ကိုယ်တိုင် မဖြေရှင်းနိုင်တာ သေချာပါတယ်ခင်ဗျာ ။ အဲဒါကြောင့် ယခုကျွန်တော် / ကျွန်မတို့ရှေ့မှာ တင်မြှောက်ထားတဲ့ ရေတော်အိုးထဲကို မြင့်မြတ်တဲ့ ကောင်းကင်က ပုဂ္ဂိလ်တွေကအကြပ်အတည်းကို ဖြေရှင်းနိုင်တဲ့ တန်ခိုးတွေ
ထည့်ပေးလိုက်ပါခင်ဗျာ” လို့ လေးလေးနက်နက် ဆုတောင်းပေးရပါမယ် ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။