ကလေးအမည်ပေးခြင်းနှင့်ပက်သက်ပြီးသိထားသင့်သည်များ

Astrology
ကလေးအမည်ပေးခြင်းနှင့်ပက်သက်ပြီးသိထားသင့်သည်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေးအမည်ပေးခြင်းနှင့်ပက်သက်ပြီးသိထားသင့်သည်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကလေးအမည်ပေးခြင်းနှင့်ပက်သက်ပြီးသိထားသင့်သည်များ
မမှည့်ခေါ်သင့်သောနာမည်တွဲလုံးများ

အောက်မှာပါသည့် အတွဲလုံးတွေကို သေချာသာမှတ်ပါ

မိမိတို့ရင်သွေးသည် ဘာနေ့သားသမီးပဲဖြစ်ဖြစ်…
တနင်္ဂနွေ အစ … သောကြာနံ အဆုံး အမည်အမျိုးအစား ။
တနင်္လာနံ အစ … စနေနံအဆုံး အမည်အမျိုးအစား ။
အင်္ဂါနံအစ …..တနင်္ဂနွေနံအဆုံး အမည်အမျိုးအစား ။
ဗုဒ္ဓဟူးနံအစ ……တနင်္လာနံအဆုံး အမည်အမျိုးအစား ။
ကြာသပတေးနံအစ …အင်္ဂါနံအဆုံး အမည်အမျိုးအစား ။
သောကြာနံအစ ….. ဗုဒ္ဓဟူးနံအဆုံးအမည်အမျိုးအစား ။
စနေနံအစ ………ကြာသာပတေးနံအဆုံး အမည်အမျိုးအစား ။

စတဲ့ အမည်အမျိုးအစားတွေကို မမှည့်သည်က အကောင်းဆုံးဆိုတာ နားလည်ထားသင့်ပါတယ် ။တစ်ချို့သော မွေးဇာတာတွေမှာ ဆိုးအား အများအပြား မကျရောက်နိုင်ဘဲ ထိမ်းထားနိုင်သေးပေမယ့်………အချို့သော မွေးဇာတာရှင်ကလေးတွေမှာတော့ ဆိုးအားအလွန်များတတ်သော အဆင့်အထိ တွန်းပို့တတ်သည့် အမည်တွဲတွေပါ ။
ဆိုးပုံဆိုးနည်း နဲ့ ဆိုးမယ့် အချိန်ကာလအထိ အတိအကျ တွက်ယူလို့ရသည်အထိ ကျွန်တော် လေ့လာမှတ်တမ်းတင်ထားခဲ့ပြီးလည်း ဖြစ်ပါတယ် ။

ထိုအတွဲမျိုးတွေမှည့်တော့မယ်ဆိုတာနဲ့ မူလဇာတာအနေအထားကို သုံးသပ်ပြီး မဖြစ်သာမှ သို့မဟုတ် ထိုက်သင့်အားလျော်မှသာ နောက်ဆုံးအဆင့်ထားပြီး ရွေးပေးရသည့် အမည်တွဲမျိုးတွေပါ ။

ဆိုတော့ မိဘအများစုအနေနဲ့ ကိုယ်တိုင်လည်း မသုံးသပ်နိုင် မဆုံးဖြတ်နိုင်ရင်ဖြင့် ၄င်းအမည်တွဲတွေကို သတိလေးထားပြီး ရှောင်ရှားနိုင်ရင်တော့ အမှားအနဲဆုံး အကောင်းဆုံး ဖြစ်ကြပါလိမ့်မယ်ခင်ဗျား ။

မိမိတို့သားသမီးရင်သွေးလေးတွေရဲ့ အမည်အဖျားစာလုံး (သို့) အမည်ရဲ့ နောက်ဆုံးစာလုံးသည် အင်္ဂါနံ ( စ ၊ ဆ ၊ ဇ ၊ စျ ၊ ည ) မှည့်ခေါ်ထားမယ်ဆိုရင်…..
“ဟေ့ကောင် ဒါကိုလုပ်စမ်း…”
“ဒီစည်းကမ်းကို လိုက်နာစမ်း..”.
“သမီး ဒီစည်းကမ်းကို လိုက်ကိုလိုက်နာရမယ်..”.
“သမီး ဒီလိုလုံး၀ မလုပ်နဲ့” စသည်ဖြင့် မဆုံးမလိုက်ပါနဲ့ ။
ခင်ဗျားတို့ အဲလို ဆုံးမလေလေ….ဒီကလေးမျိုးတွေက အခွင့်သာတာနဲ့ တစ်ပြိုင်နက်တည်း အဲဒီ့စည်းကမ်းမျိုးတွေကို ချိုးဖောက်ပစ်လေလေ ပါပဲ ။

ဆိုတော့…..ခင်ခင်ဆွေ ၊ မျိုးတင့်ဆန်း ၊ လင်းအောင်စိုး ၊ တင်မာလာဇင် ၊ စိုးစိုး ၊ ဆန်းကျော်စွာ သည်ဖြင့်သော………….. နာမည်ရဲ့ နောက်ဆုံးမှာ အင်္ဂါနံဖြင့် အဆုံးသတ်ပြီး မှည့်ခေါ်ထားသည့်ကလေးတွေကို ..
“သားရေ…ဖေဖေနဲ့တူတူ ဒါလေးကို တူတူလုပ်ရအောင်…”
“သမီးရေ….မေမေ နဲ့ သမီး အတူတူ ဒီကိစ္စလေး ဆောင်ရွက်ကြမယ်လေ….”
စသည်ဖြင့် သားသမီးနဲ့ လက်တွဲအတူ …..ပန်းတိုင်တူတူ…ဆောင်ရွက်ကြသည့် နည်းစနစ်ဖြင့်…သာ…..၊

တနည်းအားဖြင့်..သားသမီးကို ..စည်းရုံးသိမ်းသွင်းသည့် စနစ်ဖြင့်သာ လမ်းမှန်ဆီ ဆွဲခေါ်နိုင်ပါစေ။နို့မဟုတ်ဘဲ…ဇွတ်အတင်း အမိန့်သြဇာတွေ ၊ စည်းကမ်းကြီးတွေနဲ့ အုပ်ချုပ်နေလို့ကတော့…….သူတို့ ချိုးဖောက်ခွင့်သာတာနဲ့…… မိဘ စကားကို လုံး၀ နားမထောင်တော့ဘဲ….ထင်ရာလုပ်ပစ်ကြပါလိမ့်မယ်။ကိုယ့်ရင်သွေးကို ကိုယ် ဘယ်လိုနာမည်ပေးထားမိရင် ဘယ်လိုအုပ်ထိမ်းသင့်တယ်ဆိုတာ သိထားမှရယ်..။

ရေးသားသူ –ဆရာ သာထက်ဇော် မကွေး

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။