အိမ်ရှိ အညံ့ဓာတ်များအား အလွယ်တကူမောင်းထုတ်နည်း

Astrology
အိမ်ရှိ အညံ့ဓာတ်များအား အလွယ်တကူမောင်းထုတ်နည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အိမ်ရှိ အညံ့ဓာတ်များအား အလွယ်တကူမောင်းထုတ်နည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အိမ်ရှိ အညံ့ဓာတ်များအား အလွယ်တကူမောင်းထုတ်နည်း

သင့်အိမ်မှာ သာယာချမ်းမြေ့မှုမရှိဘဲ စိတ်ညစ်ညူးနေရပြီး ဒေါသတွေ၊ ဝမ်းနည်းမှုတွေ၊ စိုးရွံ့ထိတ်လန့်မှုတွေ၊ နားလည် မှုလွဲတာတွေ များပြားနေပါသလား။ ဒါဆိုရင်တော့ သေချာပါပြီ။ ဒါဟာ သင့် အိမ်ထဲမှာ အညံ့ဓာတ်တွေ လွှမ်းမိုးနေလို့ပါပဲ။
အညံ့ဓာတ်ဆိုတာဟာ နေရာတိုင်းမှာ ရှိပါတယ်။ သူဟာလည်း အကောင်း ဓာတ်လိုပဲ ကမ္ဘာ့သက်ရောက်မှုပြင်းတဲ့ စွမ်းအင်တစ်မျိုးပါပဲ။ ဒါပေမဲ့လည်း လူအများစုက အညံ့ဓာတ် နဲ့ပတ်သက်လို့ မပြောချင်မဆိုချင်ကြပါဘူး။

အနည်းစုကသာ သူ့ကို စွမ်းအင်တစ်ခုအဖြစ် သတိထားမိပြီး ဘဝရဲ့ အခန်းကဏ္ဍအများအပြားမှာ သူ့ရဲ့သက်ရောက် လာမှုတွေနဲ့ပတ်သက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ဖြေရှင်းနိုင်ကြတာပါ။ သူ့ကို မရှင်းလင်းပစ်သရွေ့ သူက သင့်အိမ်ထဲမှာ ပိတ်မိနေမှာပါ။
ဒါကြောင့် သင့်အိမ်မှာ အညံ့ဓာတ်ကို ရှင်းလင်းဖယ်ရှားဖို့ရာ လွယ်ကူတဲ့နည်းလမ်း (၅) သွယ်ကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ ခြောက်နေပြီး အနံ့မွှေးတဲ့ ဆေးဖက်ဝင် အပင်တစ်မျိုး မျိုးကို ကမာခွံလိုမျိုးအခွံတစ်ခုထဲမှာ မီးကျွမ်းစေပြီး နေအိမ် အနှံ့လမ်းလျှောက်ပေးပါ။ ထွက်လာတဲ့အငွေ့တွေနဲ့ အညံ့ဓာတ် ကို ဖယ်ရှားပစ်တာပဲဖြစ်ပါတယ်။

၂။ အသံရဲ့စွမ်းအားကို အသုံးပြုပြီး သင့်အိမ်ရှိ အညံ့ ဓာတ်တွေကို ရှင်းထုတ်လိုက်ပါ။ ဓမ္မတေးသီချင်းတွေကို အချိန် အတိုင်းအတာတစ်ခုကြာ ဖွင့်ထားနိုင်ပါတယ်။

စည်ဗြောတီးသံ လိုမျိုး တဗြုန်းဗြုန်းမြည်သံတွေ ကိုလည်း ရွေးချယ်နိုင်ပါတယ်။ ခေါင်းလောင်းသံလည်းရသလို လက်ခုပ်တီးသံဟာလည်း သင့်အိမ်ရှိ အညံ့ဓာတ်တွေကို ရှင်းထုတ်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

၃။ အိမ်အတွင်းရှိ လေထုထဲကို အမွှေးဆီတစ်မျိုးမျိုး ဖျန်းပေးပါ။ အဲဖရက်ရှာ၊ အဲစပရေးလည်း ဖျန်းနိုင်ပါတယ်။ ထွက်လာတဲ့ အမွှေးနံ့က အညံ့ဓာတ်တွေကို ရှင်းလင်းရာမှာ အလွန်အစွမ်းထက်ပါတယ်။

၄။ အိမ်တွင်းစိုက်ပျိုးဖို့သင့်တဲ့ ပန်းပင်ငယ်လေးတွေကို စိုက်ပျိုးထားရှိပါ။ သဘာဝတရားအရကိုက သစ်ပင်ဆိုတာ သူ့ပတ်ဝန်းကျင်ကို အကျိုးဖြစ်စေတယ်မဟုတ်လားရှင်။ အညံ့ ဓာတ်တွေကို ဖယ်ရှားနိုင်စွမ်းဆုံးအပင်တွေကတော့ လာဗင်ဒါ၊ ယူကလစ်နဲ့ အဖြူရောင် ကလျာဏီပင်တွေပဲ ဖြစ်ပါတယ်။ တစ်ပင်လုံးကို ဧည့်ခန်းထဲမှာထားရှိတာမျိုး ဒါမှမဟုတ် ရေသန့်သန့်နဲ့ ပန်းအိုးထဲထည့်ပြီး အိမ်ရှိ အခန်းတွေထဲမှာ ထားတာမျိုး ပြုလုပ်ပေးနိုင်ပါတယ်။

၅။ လတ်ဆတ်တဲ့လေနဲ့ သဘာဝအလင်းရောင်တို့ကို များနိုင်သမျှများများရရှိအောင် မကြာခဏဖန်တီးပေးတဲ့အကျင့် ကို မွေးမြူပါ။ ဆိုလိုတာကတော့ နေ့အခါမှာ ပြတင်းပေါက်တွေ၊ ခန်းဆီးလိုက်ကာတွေကို ဖွင့်ထားပေးပါ။ လတ်ဆတ်တဲ့လေနဲ့ သဘာဝအလင်းရောင်ဆိုတဲ့ သဘာဝစွမ်းအားနှစ်ခုဟာ နေအိမ်အတွင်းမှာ အညံ့ဓာတ်တော်တော်များများကို အံ့အားသင့်လောက် အောင် မောင်းထုတ်ပေးနိုင်ပါတယ်။

လိုအပ်ချိန်မှာ သင့်အတွက် နွေးထွေးလုံခြုံမှုပေးတဲ့ ဘုံဗိမာန်၊ ခိုနားရာ၊ စွမ်းအင်သစ်ရင်းမြစ်တစ်ခု ဖြစ်သင့်တဲ့ သင့်အိမ်ကို ကောင်းကောင်းစောင့်ရှောက်သင့်ပါတယ်။ သင့်အိမ် ကို စောင့်ရှောက်တာဟာ သိပ်ကိုအရေးကြီးတဲ့ ကိုယ့်ကိုယ် ကိုယ်စောင့်ရှောက်မှုပုံစံတစ်မျိုးပဲဖြစ်ပါတယ်။

ဒါကြောင့် ဖုန်းရွှေချစ်သူအားလုံး မိမိနဲ့မိမိတို့ရဲ့အိမ် ဂေဟာကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်

ရေးသားသူ –ခင်အေးချမ်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။