အသက် ၉ နှစ်အရွယ် ပရိသတ်လေးနဲ့အတူ ဘောလုံးဖမ်းတမ်းကစားပေးခဲ့တဲ့ ကီနူးရိဗ်

Celebrity International News
အသက် ၉ နှစ်အရွယ် ပရိသတ်လေးနဲ့အတူ ဘောလုံးဖမ်းတမ်းကစားပေးခဲ့တဲ့ ကီနူးရိဗ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက် ၉ နှစ်အရွယ် ပရိသတ်လေးနဲ့အတူ ဘောလုံးဖမ်းတမ်းကစားပေးခဲ့တဲ့ ကီနူးရိဗ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက် ၉ နှစ်အရွယ် ပရိသတ်လေးနဲ့အတူ ဘောလုံးဖမ်းတမ်းကစားပေးခဲ့တဲ့ ကီနူးရိဗ်

လူချစ်လူခင်ပေါပြီး ကောင်းသတင်းတွေနဲ့ပဲ သတင်းမွှေးတဲ့ မင်းသားကြီးကီနူးရိဗ်ကို ၉ နှစ်အရွယ် ကလေးလေးတစ်ဦးနဲ့အတူ ဘောလုံးဖမ်းတမ်းကစားနေတာကို ဗီဒီယိုတစ်ခုမှာ မြင်တွေ့ခဲ့ရပါတယ်။ ကီနူးရိဗ်က သူ့ရဲ့တီးဝိုင်းအဖွဲ့နဲ့အတူ ဖျော်ဖြေပွဲအတွက် ဟူစတန်ကို သွားတဲ့အချိန်မှာပါ။

Keanu Reeves filmography - Wikipedia

အဲဒီကလေးလေးက အက်လီဂျာဆိုသူဖြစ်ပြီး ကီနူးရိဗ်ကိုတွေ့ပြီး လက်မှတ်ထိုးခိုင်းခဲ့တာပါ။ အဲဒီနောက်မှာ ကီနူးရိဗ်က အက်လီဂျာနဲ့အတူ ဘောလုံးဖမ်းတမ်းကစားခဲ့တဲ့အပြင် လက်ဆောင်လည်း ပေးခဲ့ပါသေးတယ်။ အက်လီဂျာရဲ့အဘွားဖြစ်သူက ဆယ်လီတွေနဲ့ တွေ့ဆုံရတာ နှစ်သက်တဲ့သူပါ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့အဘွားက A စာရင်းဝင်ဆယ်လီတွေနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

The infamous House of Blues ဂီတခန်းမကို မင်းသားကီနူးရိဗ် ရောက်လာတဲ့အချိန်မှာ အက်လီဂျာရဲ့အဘွားက နောက်ထပ်ဆယ်လီတစ်ဦးကို ထပ်တွေ့ခဲ့ရပါတယ်။ အခုတစ်ခေါက်မှာတော့ မြေးဖြစ်သူ အက်လီဂျာနဲ့ ချစ်စရာအခိုက်အတန့်လေးကို မျှဝေခဲ့ရပါတယ်။ ကီနူးရိဗ်ကို တွေ့တော့ အက်လီဂျာရဲ့အစ်ကို ကာလပ်ဘ်က လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့တာပါ။

သူတို့ညီအစ်ကိုနှစ်ဦးကို လက်မှတ်ထိုးပေးပြီးတော့ အက်လီဂျာက သူနဲ့အတူ ကစားပေးနိုင်မလားလို့ ကီနူးရိဗ်ကို တောင်းဆိုခဲ့တာပါ။ “ရတယ်..လာလေ၊ ကစားကြစို့”လို့ ကီနူးရိဗ်က ပြန်ဖြေကြားခဲ့တာပါ။ သူတို့ညီအစ်ကိုနှစ်ဦးက ကီနူးရိဗ်နဲ့တွေ့ဆုံခဲ့တဲ့ အခိုက်အတန့်ကို အမြဲတမ်းအမှတ်ရနေမယ်လို့ ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။