ရင်သွေးဇာတ်ကားမှာ စင်ဒီ ကာရိုက်တာရဖို့ အရာရာမေ့ပြီး အားစိုက်ထုတ်ထားပါတယ်ဆိုတဲ့ သွန်းဆက်

Celebrity Local News
ရင်သွေးဇာတ်ကားမှာ စင်ဒီ ကာရိုက်တာရဖို့ အရာရာမေ့ပြီး အားစိုက်ထုတ်ထားပါတယ်ဆိုတဲ့ သွန်းဆက်

သွန်းဆက်ကတော့ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေနဲ့ တည်ငြိမ်ရင့်ကျက်တဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ သူမဟာ နာမည်ရ မင်းသမီးတွေထဲကတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဗီဒီယိုဇာတ်ကားတွေခေတ်စားခဲ့တဲ့ ကာလမှာလည်း ပရိတ်သတ်တစ်ခဲနက် အားပေးမှု ဝန်းရံမှုကိုရရှိခဲ့တာပါ။

ဒါ့အပြင် သွန်းဆက်က မကြာခဏဆိုသလို ရယ်မောပျော်ရွှင်စရာကောင်း တဲ့ tiktok ဗီဒီယိုလေးကို ချပြလေ့ရှိပါတယ်။ လတ်တလောမှာ ဆိုရင် လည်း မင်းသမီးချောလေး သွန်းဆက် ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ အလန်းစား ပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းလွန်းနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးနေတာတွေ့ရပါတယ်။

ယခုအခါမှာတော့ သွန်းဆက်က “စင်ဒီ ကာရိုက်တာရဲ့ ရုပ်လုံးမပေါ်သေးတဲ့အတွက် သူများကို အော်လိုက်တဲ့အချိန်မှာ အရမ်းအော်သလိုကြီး ဖြစ် မှာဆိုးလို့ အသံကို လျှော့ပြီးအော်ရတယ်။ ရင်ထဲကအော်ပြီး သောင်းကျန်း မှ ရမယ်လို့ဒါရိုက်တာက ပြောတော့ အပြင်က သွန်းဆက်ကိုမေ့ပြီး စင်ဒီ ကာရိုက်တာကိုပဲ ပိုပြီးပီပြင်အောင် Mood သွင်းနေပါတယ်”ဆိုပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။