ဖုန်းဆိုင်ဝန်ထမ်းတွေ ဘယ်လိုဆက်ဆံမလဲသိချင်လို့ သူတောင်းစားလို ဝတ်ဆင်ပြီး အကြွေစေ့အပြည့်နဲ့ iPhone 15 သွားဝယ်ခဲ့သူ

International News
ဖုန်းဆိုင်ဝန်ထမ်းတွေ ဘယ်လိုဆက်ဆံမလဲသိချင်လို့ သူတောင်းစားလို ဝတ်ဆင်ပြီး အကြွေစေ့အပြည့်နဲ့ iPhone 15 သွားဝယ်ခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖုန်းဆိုင်ဝန်ထမ်းတွေ ဘယ်လိုဆက်ဆံမလဲသိချင်လို့ သူတောင်းစားလို ဝတ်ဆင်ပြီး အကြွေစေ့အပြည့်နဲ့ iPhone 15 သွားဝယ်ခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဖုန်းဆိုင်ဝန်ထမ်းတွေ ဘယ်လိုဆက်ဆံမလဲသိချင်လို့ သူတောင်းစားလို ဝတ်ဆင်ပြီး အကြွေစေ့အပြည့်နဲ့ iPhone 15 သွားဝယ်ခဲ့သူ

မြန်မာနိုင်ငံလို အိန္ဒိယနိုင်ငံမှာလည်း တချို့လူတွေက တန်ဖိုးကြီး iPhone တွေအတွက် ငွေကြေးများစွာသုံးစွဲဖို့ တတ်နိုင်ကြပေမဲ့ တချို့က မတတ်နိုင်ကြပါဘူး။ တချို့တွေက တန်ဖိုးကြီး iPhone ကို အဆင့်အတန်းသင်္ကတတစ်ခုအဖြစ်လည်း သတ်မှတ်နေကြပါတယ်။ မကြာသေးခင်က Experiment King အမည်ရတဲ့ Instagram ချန်နယ်တစ်ခုဟာ သူတောင်းစားတစ်ဦး iPhone လာဝယ်မယ်ဆိုရင် ဖုန်းဆိုင်က ဝန်ထမ်းတွေ ဘယ်လိုပြုမူမလဲဆိုတာ သိရဖို့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အမျိုးသားတစ်ဦးက သူတောင်းစားတစ်ဦးအဖြစ် ဝတ်ဆင်ခဲ့ပြီး iPhone 15 ကို ဝယ်ယူဖို့ အကြွေစေ့တွေအပြည့်ပါတဲ့ အိတ်တစ်လုံးနဲ့ ဖုန်းဆိုင်တွေကို လာခဲ့ပါတယ်။ တချို့ဖုန်းဆိုင်တွေက သူ့ရဲ့ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အဝတ်အစားတွေကြောင့် သူ့ကို ဝင်ခွင့်မပြုခဲ့ကြပါဘူး။ တချို့ကျတော့ ငွေပေးချေတာကို အကြွေစေ့တွေဖြစ်တာကြောင့် လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဖုန်းဆိုင်တစ်ဆိုင်ကတော့ ဒါကို လက်ခံပေးခဲ့ပါတယ်။

သူတောင်းစားလိုဝတ်ဆင်ထားတဲ့ အမျိုးသားက အကြွေစေ့တွေကို အိတ်ထဲကနေ သွန်ချပြပြီးတော့ ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေကို လွှဲပြောင်းပေးခဲ့တာကို ဗီဒီယိုမှာ တွေ့ရပါတယ်။ ဆိုင်ဝန်ထမ်းတွေကိုလည်း အကြွေစေ့တွေရေနေတာ တွေ့ရပါတယ်။ နောက်တော့ အဲဒီအမျိုးသားက iPhone 15 Pro Max ယူလိုက်ပြီး ဆိုင်ရှင်နဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

အခုဆို ဒီဗီဒီယိုက ကြည့်ရှုသူ ၃၄ သန်းကျော်ရှိနေပါပြီ။ တချို့အင်စတာဂရမ်အသုံးပြုသူတွေက ဒီစမ်းသပ်မှုကို ကြိုက်နှစ်သက်ကြသလို တချို့ကတော့ အမျိုးမျိုးတုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။

ဗီဒီယိုကြည့်ရှုရန် – https://shorturl.at/cnF38

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။