တကယ့်လက်တွေ့ဘဝက စင်ဒရဲလားဟာ ဒိန်းမတ်မင်းသားရဲ့မွေးနေ့ပွဲမှာ ဖိနပ်တစ်ဖက်ကျန်ရစ်ခဲ့

International News
တကယ့်လက်တွေ့ဘဝက စင်ဒရဲလားဟာ ဒိန်းမတ်မင်းသားရဲ့မွေးနေ့ပွဲမှာ ဖိနပ်တစ်ဖက်ကျန်ရစ်ခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တကယ့်လက်တွေ့ဘဝက စင်ဒရဲလားဟာ ဒိန်းမတ်မင်းသားရဲ့မွေးနေ့ပွဲမှာ ဖိနပ်တစ်ဖက်ကျန်ရစ်ခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တကယ့်လက်တွေ့ဘဝက စင်ဒရဲလားဟာ ဒိန်းမတ်မင်းသားရဲ့မွေးနေ့ပွဲမှာ ဖိနပ်တစ်ဖက်ကျန်ရစ်ခဲ့

ဒိန်းမတ်အိမ်ရှေ့စံမင်းသား ခရစ်ယာန်ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ပွဲဟာ ဒဏ္ဍာရီပုံပြင်အလားဖြစ်သွားခဲ့ပါတယ်။ ဖိနပ်တစ်ဖက်ကျန်ရစ်ခဲ့တဲ့ စင်ဒရဲလားတောင်ရှိခဲ့ပါတယ်။ မင်းသားခရစ်ယာန်ရဲ့မွေးနေ့ကို ကိုပင်ဟေဂင်ရှိ Christiansborg Palace မှာ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပခဲ့ပြီး ဥရောပတစ်ဝှမ်းက တော်ဝင်မျိုးနွယ်တွေ (နောင်ဖြစ်လာမယ့်ဘုရင်အလောင်းအလျာတွေပါဝင်) တက်ရောက်စုဝေးခဲ့ကြပါတယ်။
တက်ရောက်လာတဲ့ ဧည့်သည်တွေထဲက တစ်ယောက်ကတော့ ဖိနပ်တစ်ဖက်ကျန်ရစ်ခဲ့ပါတယ်။

ဖိနပ်ကျန်ရစ်ခဲ့တဲ့အကြောင်းကို အောက်တိုဘာ ၁၆ ရက်နေ့က ဒိန်းမတ်တော်ဝင်နန်းတော်ရဲ့အင်စတာဂရမ်အကောင့်က မွေးနေ့ပွဲအပြီး တွေ့ခဲ့ရတဲ့ ပြောင်လတ်လတ်ဖိနပ်တစ်ဖက်ပုံနဲ့အတူ ဟာသနှောပြီး တင်ခဲ့ပါတယ်။ “မနေ့ညက ဖိနပ်မေ့သွားတဲ့ စင်ဒရဲလားလေးလား။ မနေ့က ဂါလာညစာစားပွဲမှာ ဧည့်သည်တော်တွေ အိမ်ပြန်ရောက်သွားတဲ့အချိန်မှာ ဒီတစ်ခုတည်းသောဖိနပ်တစ်ဖက်က Christiansborg Castle မှာ ကျန်ရစ်ခဲ့ပါတယ်။ ပိုင်ရှင်က ပြန်ယူမယ်ဆို ကျွန်တော်တို့ကို ဆက်သွယ်ပါ”လို့ ရေးသားထားပါတယ်။

ခမ်းနားကြီးကျယ်တဲ့ပွဲတစ်ခုဖြစ်ပေမဲ့ ပျော်ရွှင်စရာတွေအပြည့်နဲ့ပါပဲ။ ဧည့်သည်တော်တချို့ သက်တောင့်သက်သာရှိစေဖို့ ဖိနပ်ချွတ်ပြီး နေစေတာမျိုးလည်း ရှိခဲ့ပါတယ်။ မြေးဖြစ်သူကို အံ့အားသင့်စေဖို့ ဘုရင်မကြီး မာဂရက်သ် စီစဉ်ခဲ့တဲ့ အထူးဖျော်ဖြေတင်ဆက်မှုတစ်ခုလည်း ပါဝင်ခဲ့ပါတယ်။ မင်းသားခရစ်ယာန်က လက်ရှိမှာတော့ ထီးနန်းအရိုက်ရာဆက်ခံဖို့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။