ကားမောင်းခွင့် ၆ လ ပိတ်ခံလိုက်ရတဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း

Celebrity International News
ကားမောင်းခွင့် ၆ လ ပိတ်ခံလိုက်ရတဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကားမောင်းခွင့် ၆ လ ပိတ်ခံလိုက်ရတဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကားမောင်းခွင့် ၆ လ ပိတ်ခံလိုက်ရတဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း

One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်းဟာ ဖေဖော်ဝါရီလက တစ်နာရီကို မိုင် ၃၀ နှုန်းပဲ မောင်းနှင်ရမယ့်ဇုန်မှာ တစ်နာရီကို ၄၃ မိုင်နှုန်းနဲ့ မောင်းနှင်ခဲ့တာကို ဖမ်းမိပြီးနောက် ယာဉ်စည်းကမ်းဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် ဒဏ်ငွေ ၂၉၃ ပေါင် ပေးဆောင်ရမယ့်အပြင် ကားမောင်းခွင့် ၆ လ ပိတ်ခံခဲ့ရပါတယ်။

သူ့ရဲ့အမှုကို အောက်တိုဘာ ၉ ရက်နေ့က Lavender Hill Magistrates တရားရုံးမှာ ကြားနာခဲ့ပေမဲ့ သူ တက်ရောက်စရာမလိုခဲ့ပါဘူး။ ဒါပေမဲ့ သူက အမြန်နှုန်းကန့်သတ်ချက်ကိုနားမလည်ခဲ့ဘဲ အရှိန်လွန်မောင်းနှင်ခဲ့တဲ့အတွက် တောင်းပန်ခဲ့ပါတယ်။ သူက ငွေကြေးဆိုင်ရာအချက်အလက်တွေကို ပေးဖို့ ငြင်းဆိုခဲ့ပေမဲ့ ချမှတ်ထားတဲ့ ဒဏ်ငွေကို ပေးဆောင်ဖို့ ကတိပြုခဲ့ပါတယ်။

အရင်ကလည်း လီယမ်က ကျန်းမာရေးပြဿနာများစွာရှိခဲ့ပြီး ပြီးခဲ့တဲ့လက ကျောက်ကပ်ဝေဒနာခံစားရပြီးနောက် အီတလီမှာ ဆေးရုံတက်ခဲ့ရပါတယ်။ ဆေးရုံမတက်ခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာ ပြင်းထန်တဲ့ ကျောက်ကပ်ပိုးဝင်တဲ့ရောဂါအတွက် ကုသမှုခံယူထားရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် တောင်အမေရိကက ရှိုးပွဲတွေကို ဖျက်သိမ်းလိုက်ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။