သင်ရာဟုဂြိုဟ်ရောက်ပြီလား…

Astrology
သင်ရာဟုဂြိုဟ်ရောက်ပြီလား…

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင်ရာဟုဂြိုဟ်ရောက်ပြီလား… ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင်ရာဟုဂြိုဟ်ရောက်ပြီလား…

ဗေဒင်ပညာအရ ရာဟုဂြိုဟ်သည် ကောင်းကျိုး ဆိုးကျိုး ၂မျိုးတွဲနေသော ဂြိုဟ်အမျိုးအစားဖြစ်ပါသည်။ ဒီသက်ရောက်အပိုင်းအခြားရောက်လာခဲ့ရင် ရာဟုကောင်းကျိုးအရ လာဘ်လာဘပေါများခြင်း ကို ထူးကဲစွာ ခံစားရရှိခြင်းကြောင့် လာဘ်ဂြိုဟ် ဆိုပြီးကောင်းကျိုးများကို ခံစားရတတ်ပါသည်။ ဆိုးကျိုးအနေ နဲ့ကတော့ မျက်နှာပွင့်ခြင်း စသော အိမ်ထောင်ရေးအဆင်မပြေခြင်း ၊အသစ်တွေ့ခြင်းများ ၊အလုပ်အကိုင် အိုးအိမ်နေရာ ပြောင်းရွှေ့နေထိုင်ရခြင်း ၊ကျမ်းမာရေး ချို့တဲ့ခြင်း ၊စိတ်သောကပူပန်ရတတ်ခြင်းများ ခံစားရတတ်ပြီး ဘယဂြိုဟ်ဟု ခေါ်တတ်ကြပြီး ဆိုးကျိုးများကို ပေးစွမ်းတတ်ပါသည်။

ထို့ကြောင့် ရာဟုဂြိုဟ်စက်ကွင်းမှ လွတ်ကင်းစေရန်

(၁)အိမ်ဘုရားတွင် မျက်နှာတော်သစ်ရန်ရေကို ငွေဖလားဖြင့်ထည့်ပါ။ဖယောင်းတိုင် အမွှေးတိုင် သောက် တော်ရေ နှင့် ကရေကယာမုန့်ကို လှုဒါန်းဆပ်ကပ်ပါ။ ထို့နောက် တပည့်တော်တွင် ကျရောက်နေသော ကံညံ့ကံဆိုးခြင်းများပြေပျောက်ပါစေဟုဆိုပြီး လေးလေးနက်နက်ဆုတောင်းပါ။

(၂)ဤယတြာကို မိမိမွေးနေ့မနက် အရုဏ်တတ်ချိန်တွင် ပြုလုပ်ပါ။ ဘုရားကျောင်းစောင်အောက်ဘက် တွင် စားပွဲသေးတခုခင်းပြီး ရေခွက်ထဲ ယပ်ဖြူတစ်ချောင်းကို ထည့်ပါ။ ထိုယပ်တွင် (ရာဟုဂြိုဟ်မင်း ၁၂ ) ဟုမိမိအဆင်ပြေသောအရာနှင့် ရေးပါ။ ထို့နောက် ဖယောင်းတိုင် ၁တိုင် +အမွှေးတိုင် ၈တိုင် +ကြွေ ပန်းကန် တစ်ချပ်ထဲ မိမိသက်စေ့ထက် တစ်ဇွန်းပိုထည့်ပြီး လှုဒါန်းပါ။ ထို့နောက် ရာဟုဂြိုဟ်မင်းကြီး ကျန်းမာ ချမ်းသာပါစေ ၊ကျွန်ုပ်ပေါ်တွင် ရန်အငြိုးရန်ကြွေးများ ရှိပါလျင် ခွင့်လွှတ်ပေးပါ။ ကျွန်ုပ် လှုဒါန်းသော ဆွမ်းကိုလည်း သုံးဆောင်ပြီး ကျွန်ုပ်တွင် ကျနေရာက်နေသော ဘေး၇န်များကင်းပါစေဟု ဆုတောင်းပါ။ ထို့နောက် လှုဒါန်းထားသော အရာများကို နံနက် ၉နာရီ မထိုးခင်မိမိခြံပြင်တွင် စွန့်ပါ။

(၃)ပြုလုပ်ရမည့် အသက်အပိုင်းအခြားမှာ မိမိ၏ရောက်ရှိဆဲအသက်ကို တည်ပြီး ၈ဖြင့် စားပါ။အောက်ပါ အကြွင်းများ ကြုံတွေ့ရလျင် ယတြာများ ပြုလုပ်ပါ။

တနင်္ဂနွေသားသမီး = ၇ ကြွင်းလျှင်
တနလာငျ် သားသမီး = ၆ကွှငျးလြှငျ
အင်္ဂါ သားသမီး =၅ ကြွင်းလျှင်
ဗုဒ္ဓဟူး သားသမီး =၄ ကြွင်းလျှင်
ကြာသပတေး သားသမီး =၂ ကြွင်းလျှင်
သောကြာ သားသမီး =၀ ကြွင်းလျှင်
စနေ သားသမီး =၃ ကြွင်းလျှင်
ရာဟု သားသမီး =၁ ကြွင်းလျှင်
သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို အစဉ်ဦးညွှတ်ကန်တော့လျက်

ရေးသားသူ –ဆရာမဇာဇာ(ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။