ကလေးဘဝတည်းက အခုအချိန်ထိ ဆင်တူဝတ်စုံဝတ်ဆင်တာကို မပျက်ကွက်ခဲ့တဲ့ အမြွှာအဘွား ၂ ဦး

International News
ကလေးဘဝတည်းက အခုအချိန်ထိ ဆင်တူဝတ်စုံဝတ်ဆင်တာကို မပျက်ကွက်ခဲ့တဲ့ အမြွှာအဘွား ၂ ဦး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေးဘဝတည်းက အခုအချိန်ထိ ဆင်တူဝတ်စုံဝတ်ဆင်တာကို မပျက်ကွက်ခဲ့တဲ့ အမြွှာအဘွား ၂ ဦး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကလေးဘဝတည်းက အခုအချိန်ထိ ဆင်တူဝတ်စုံဝတ်ဆင်တာကို မပျက်ကွက်ခဲ့တဲ့ အမြွှာအဘွား ၂ ဦး

ယူးတားပြည်နယ်က ဒီအမြွှာအဘွား ၂ ဦးကတော့ အမြွှာဆိုတဲ့အတိုင်း ဆင်တူဝတ်စုံဝတ်ဆင်တာကို တစ်ရက်မှ မပျက်ကွက်ခဲ့ပါဘူး။ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ အန်နီ မက်ကွင်းနဲ့ ဆူဆန် ဘရစ်ဂျ်စ်တို့ဟာ ကလေးဘဝတည်းက ဆင်တူဝတ်စုံ (ဒါမှမဟုတ်) အရောင်တူဝတ်စုံတွေကို ဝတ်ဆင်လာခဲ့တာပါ။

“ကျွန်မတို့ ဆင်တူဝတ်စုံဝတ်ရတာကို ကြိုက်တယ်။ အမြဲတမ်းဝတ်ဆင်ခဲ့တာပါ။ ဆင်တူဝတ်စုံမဟုတ်ဘူးဆိုရင် အရောင်တူဝတ်စုံပါပဲ။ ဖက်ရှင်ပိုင်းမှာ ကြိုက်တာချင်းတူကြပါတယ်။ ကျွန်မတို့ထဲက တစ်ယောက်မဟုတ်တစ်ယောက်က တစ်ခုခုဝယ်တိုင်း ဆင်တူဝတ်ဖို့ဝယ်ဖြစ်ပါတယ်”လို့ ဒီအမြွှာအဘွား ၂ ဦးက ပြောပါတယ်။

အငြိမ်းစားဆရာမတွေဖြစ်ပြီး ကလေး ၄ ဦးရှိတဲ့ သူတို့ ၂ ဦးက လူအများရဲ့အာရုံစိုက်မှုကို ရရှိခဲ့ကြပါတယ်။ သူတို့နှစ်ဦးကို အတူတူတွေ့တဲ့အခါ လူတွေက အမြဲငေးစိုက်ကြည့်ကြပါတယ်။ ဆင်တူဝတ်ထားကြတဲ့ အမြွှာအဘွားကြီးတွေဖြစ်တဲ့အတွက် ရပ်ပြီး ငေးကြည့်ကြကာ ပြုံးပြကြတဲ့အပြင် စကားလည်း ပြောချင်ကြပါတယ်။

အခုဆို သူတို့နှစ်ဦးရဲ့အကြောင်းက TikTok ပေါ်ရောက်လာပါပြီ။ သူတို့ရဲ့မြေးဖြစ်သူ မိုက်ကယ် မက်ကာလ်ဖီက သူတို့နှစ်ဦးရဲ့တစ်နေ့တာဝတ်စုံတွေကို မကြာခဏမှတ်တမ်းတင်ပြီး TikTok ပေါ်မှာ တင်ခဲ့တာပါ။ တချို့ဗီဒီယိုတွေဆိုရင် ကြည့်ရှုသူ ၁၇ သန်းကျော်နေပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။