ဆိုမာလီပင်လယ်ဓားပြတွေဖမ်းထားတဲ့ မြန်မာသင်္ဘောသားတွေကိုကယ်ထုတ်နိုင်ခဲ့

International News
ဆိုမာလီပင်လယ်ဓားပြတွေဖမ်းထားတဲ့ မြန်မာသင်္ဘောသားတွေကိုကယ်ထုတ်နိုင်ခဲ့

အိန္ဒိယရေတပ်သိမ်းပိုက်လိုက်တဲ့ MV Ruen သင်္ဘော

ဆိုမာလီပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ MV Ruen သင်္ဘောကို အိန္ဒိယရေတပ်က သိမ်းပိုက်ခဲ့ပြီး သင်္ဘောပေါ်မှာရှိနေတဲ့ မြန်မာနိုင်ငံသား ၉ ဦး အပါအဝင် သင်္ဘောသား ၁၇ ဦးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ အိန္ဒိယရေတပ်ကထုတ်ပြန်ပါတယ်။

မြန်မာ‌သင်္ဘောသား ၉ ဦး၊ ဘူဂေးရီးယား ၇ ဦးနဲ့ အင်ဂိုလာနိုင်ငံက ၁ ဦး စုစုပါင်း သင်္ဘောသား ၁၇ ယောက်ကတော့ အထိအခိုက် မရှိခဲ့ဘူးလို့ဆိုပါတယ်။

Maltese မှတ်ပုံတင်ထားတဲ့ MV Ruen သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ပင်လယ်ဓားပြ ၃၅ ဦးစလုံး လက်နက်ချခဲ့ပြီး သင်္ဘောပေါ်မှာပါတဲ့ တရားမဝင် လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ မှောင်ခိုပစ္စည်းတွေကိုစစ်ဆေးသိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

စနေနေ့ကဖြစ်ခဲ့တဲ့ အဲဒီစစ်ဆင်ရေးတစ်ခုလုံး နာရီ ၄၀ ခန့်ကြာပြီး ဒရုန်းတွေ၊ ရေတပ်သင်္ဘောတွေနဲ့ ရေကြောင်းကွန်မန်ဒိုအဖွဲ့နဲ့ပါ တိုက်ခိုက်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။

သောကြာနေ့တုန်းက အဲဒီဖမ်းဆီးခံ သင်္ဘောပေါ်ကနေ ပစ်ခတ်ခဲ့တာကြောင့် အိန္ဒိယတပ်ဖွဲ့တွေက သင်္ဘောကို ခြေရာခံမိခဲ့ပြီး ဒီလို စစ်ဆင်ရေးနဲ့ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

အခု အိန္ဒိယရေတပ်ဖမ်းမိတဲ့ MV Ruen သင်္ဘောဟာ ယီမင်နိုင်ငံပိုင် ကျွန်းတခုအနီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီတုန်းက ဒဏ်ရာရခဲ့တဲ့ ဘူဂေးရီးယား သင်္ဘောသား တယောက်ကိုတော့ ပင်လယ်ဓားပြတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။