ဝါရမိတ္တု ရက်ငယ်ကို ရှောင်

Astrology
ဝါရမိတ္တု ရက်ငယ်ကို ရှောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝါရမိတ္တု ရက်ငယ်ကို ရှောင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝါရမိတ္တု ရက်ငယ်ကို ရှောင်

ဝါရမိတ္တုရက်ငယ်မှာ အိမ်တက်ခြင်း၊ ထိမ်းမြားခြင်း၊ ခရီးဝေးသွားခြင်း၊ ကုန်အရောင်အဝယ်ပြုခြင်းတို့ကို ရှောင်ကြဟုဆိုသည်။
ဘယ်လမဆို လဆန်းလဆုတ် ၆ ရက်နေ့မှာ
စနေဖြစ်လျှင် ဝါရမိတ္တု ရက်ငယ်။

ဘယ်လမဆို လဆန်းလဆုတ် ၇ ရက်နေ့မှာ
သောကြာဖြစ်လျှင် ဝါရမိတ္တု ရက်ငယ်။

ဘယ်လမဆို လဆန်းလဆုတ် ၈ ရက်မှာ ကြာသပတေးဖြစ်လျှင် ဝါရမိတ္တုရက်ငယ်။
ဘယ်လမဆို လဆန်းလဆုတ် ၉ ရက်မှာ
ဗုဒ္ဓဟူးဖြစ်လျှင် ဝါရမိတ္တုရက်ငယ်။

ဘယ်လမဆို လဆန်းလဆုတ် ၁၀ ရက်မှာ
အင်္ဂါဖြစ်လျှင် ဝါရမိတ္တုရက်ငယ်။

ဘယ်လတွင်မဆို လဆန်းလဆုတ် ၁၁ ရက်မှာ
တနင်္လာဖြစ်လျှင် ဝါရမိတ္တုရက်ငယ်။

ဘယ်လတွင်မဆို လဆန်းလဆုတ် ၁၂ ရက်မှာ
တနင်္ဂနွေဖြစ်လျှင် ဝါရမိတ္တုရက်ငယ်။

ကျမ်းကိုး

ဆုထူးပန်ဦးကျော် ၏
လောကီပညာ ပဒေသာကျမ်း
(အလွယ်မှတ်ရန်မှာ ရက်နှင့် နေ့ဂဏန်း ပေါင်း၍ ၁၃ ရလျှင် ဝါရမိတ္တုရက်ငယ်ဟု မှတ်ပါလေ)

ရေးသားသူ – မောင်ညွန့်လွင်.

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။