အရေပြားကင်ဆာကို ကုသပေးနိုင်တဲ့ ဆပ်ပြာ တီထွင်ပြီး ထိပ်တန်းသိပ္ပံဆု ဆွတ်ခူးသွားတဲ့ ၁၄ နှစ်သားလေး

International News Tech
အရေပြားကင်ဆာကို ကုသပေးနိုင်တဲ့ ဆပ်ပြာ တီထွင်ပြီး ထိပ်တန်းသိပ္ပံဆု ဆွတ်ခူးသွားတဲ့ ၁၄ နှစ်သားလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရေပြားကင်ဆာကို ကုသပေးနိုင်တဲ့ ဆပ်ပြာ တီထွင်ပြီး ထိပ်တန်းသိပ္ပံဆု ဆွတ်ခူးသွားတဲ့ ၁၄ နှစ်သားလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရေပြားကင်ဆာကို ကုသပေးနိုင်တဲ့ ဆပ်ပြာ တီထွင်ပြီး ထိပ်တန်းသိပ္ပံဆု ဆွတ်ခူးသွားတဲ့ ၁၄ နှစ်သားလေး

အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသားလေးက အရေပြားကင်ဆာကို ကုသပေးနိုင်တဲ့ ဆပ်ပြာ တီထွင်ပြီး နာမည်ကျော်သိပ္ပံပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးသွားခဲ့ပါတယ်။ ဗာဂျီးနီးယားပြည်နယ် အန်နန်ဒဲလ်မြို့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ဟီမန်ဘီကီလီဟာ ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရတာ ဝါသနာထုံသူပါ။ သူဟာ မူလတန်းကျောင်းသားဘဝကတည်းက သောကြာနေ့တိုင်း အားလပ်ချိန် ၁ နာရီရတိုင်း စိတ်ကူးထဲကအရာတွေကို ဖန်တီးလေ့ရှိပါတယ်။

အမေရိကန်နိုင်ငံမှာ အရေပြားကင်ဆာ သက်သာပျောက်ကင်းတဲ့နှုန်းဟာ ဆာဟာရတစ်ပိုင်း အာဖရိကနိုင်ငံတွေနဲ့ယှဉ်ရင် ၅ ပုံ၊ ၁ ပုံနီးပါး ကွာခြားနေတာကို သတိထားမိပြီး အခုလို ဖန်တီးဖို့ အကြံရခဲ့တာပါ။ သူဟာ ဆပ်ပြာထဲက ဒြပ်ပေါင်းတွေကို ပေါင်းစပ်ပြီး အရေပြားဆဲလ်တွေကို ကာကွယ်ပေးတဲ့ dendritic cell ( အန်တီဂျန်) တွေရဲ့ လုပ်ဆောင်မှုကို နှိုးဆွပေးနိုင်မယ့် ဆပ်ပြာဖန်တီးခဲ့တာပါ။

အရေပြားကင်ဆာဟာ အမေရိကန်နိုင်ငံမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ ကင်ဆာဖြစ်ပြီး နှစ်စဉ်ဆေးကုသမှုစရိတ် ဒေါ်လာ ၈.၁ ဘီလျံ ကုန်ကျပါတယ်။

ဟီမန်ဘီကီလီဟာ 3M Young Scientist Challenge သိပ္ပံပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးနိုင်ခဲ့လို့ အမေရိကန်ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ပါတယ်။ သူဟာ လာမယ့် ၅ နှစ်အတွင်း သူ့ရဲ့တီထွင်မှုကို အဆင့်မြှင့်တင်ဖို့ မျှော်မှန်းထားပြီး လိုအပ်နေတဲ့ ဒေသတွေဆီ ကုန်ကျစရိတ်နည်းတဲ့ ဆပ်ပြာတွေ ဖြန့်ဖြူးပေးနိုင်ဖို့ အကျိုးအမြတ်အဓိကမထားတဲ့ အဖွဲ့အစည်းတစ်ခု ထူထောင်ဖို့ ဆန္ဒရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။