တရုတ်နိုင်ငံက တောင်တွေပေါ်မှာ ဧရာမဓာတ်လှေကားတွေ တပ်ဆင်အသုံးပြုနေ

International News
တရုတ်နိုင်ငံက တောင်တွေပေါ်မှာ ဧရာမဓာတ်လှေကားတွေ တပ်ဆင်အသုံးပြုနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တရုတ်နိုင်ငံက တောင်တွေပေါ်မှာ ဧရာမဓာတ်လှေကားတွေ တပ်ဆင်အသုံးပြုနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက တောင်တွေပေါ်မှာ ဧရာမဓာတ်လှေကားတွေ တပ်ဆင်အသုံးပြုနေ

ခရီးသွားသူတွေ ခက်ခက်ခဲခဲ အားထုတ်ဖို့မလိုဘဲ တောင်ပေါ်ရှုခင်းတွေ ကြည့်ရှုနိုင်ဖို့အတွက် တရုတ်နိုင်ငံ ကျဲ့ကျင်းပြည်နယ်မှ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေဟာ တောင်တွေပေါ်မှာ ဓာတ်လှေကားတွေ တပ်ဆင်လျက်ရှိပါတယ်။ ချွန်အန်းကောင်တီမှာရှိတဲ့ တန်ယုတောင်ဟာ အမြင့်ပေ ၁၁၅၀ ပဲ ရှိပေမဲ့ တောင်ထိပ်ကို ရောက်ဖို့အတွက် တောင် ၃ ဆင့်ကို တက်ရပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေဆိုရင် တောင်ပေါ် တက်နိုင်ဖို့ မလွယ်ကူပါဘူး။

ဒါပေမဲ့ အခုအခါမှာ မီတာရာချီ ရှည်လျားတဲ့ ဓာတ်လှေကား ၃ စင်း တပ်ဆင်ခဲ့ပြီးနောက်မှာတော့ တောင်ထိပ်ကို တက်နိုင်ဖို့ လွယ်ကူသွားခဲ့ပါပြီ။ အရင်က တန်ယုတောင်ထိပ်ကို တက်ဖို့အတွက် မိနစ် ၄၀ ကျော် အချိန်ယူရပေမဲ့ အခုအခါမှာတော့ အချိန် ၁၀ မိနစ်ပဲ ကြာမြင့်ပါတော့တယ်။

တောင်တက်ရတာကို ဝါသနာထုံသူတွေကတော့ အားထုတ်ကြိုးပမ်းမှုမပါတဲ့ တောင်တက်ခြင်းဟာ ပျော်စရာတစ်စက်မှ မရှိဘူးဆိုပြီး တောင်တွေပေါ်မှာ ဓာတ်လှေကားတပ်ဆင်တဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ တချို့တွေကျတော့လည်း သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအတွက် သက်သောင့်သက်သာရှိစေမယ့် ဒီလုပ်ရပ်ကို လက်ခံကြိုဆိုကြပါတယ်။

တရုတ်နိုင်ငံ တိုင်ကျိုးမြို့မှာရှိတဲ့ ရှန်ရှင်းဂျူခရီးသွားဇုန်မှာလည်း ၁၀၄ မီတာ ရှည်လျားတဲ့ ဓာတ်လှေကားတစ်စီးကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက တောင်ပေါ်မှာ တပ်ဆင်ခဲ့ဖူးပါတယ်။ အဲဒီဓာတ်လှေကားကတော့ တောင်ပိုင်းကောင်းကင်လှေကားလို့ လူသိများ ထင်ရှားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။